နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း တိုက်ခိုက်ခံရကာ (၆)ဦးထက်မနည်းသေဆုံး

မေလ (၁၇)ရက်။

မနေ့က စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးထဲပါဝင်တဲ့ ဖောကားနှစ်စီးနဲ့ တပ်မ(၅၅)ကို အင်အားဖြည့်လာတဲ့ တပ်မ(၇၇)ကို တော်လှန်ရေးမဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၆)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လက်ကျန်အင်အားနဲ့ ထိုးစစ်ဆင်လာတဲ့ အောင်ဇေယျစစ်ဆင်ရေးဟာ ဒေါနတောင်ခြေမှာ ရှေ့ဆက်တိုးမရဘဲ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ ဘေးကင်းရာအရပ်မှာ သတိပြုနေထိုင်ကြဖို့ ကျားဖြူစစ်ကြောင်းက တိုက်တွန်းထားပါတယ်။

အဲ့ဒီစစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို အမှတ်(၃၁)ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း Multirotor Drone တပ်ဖွဲ့၊ Fixed Wing Drone တပ်ဖွဲ့နဲ့ Robinhood Rocketအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သာယာဝတီထောင်မှာ ပါဆယ်ပို့တဲ့အထဲ ဖုန်းဆင်းကဒ်ပါတယ်ဆိုပြီး နိုင်/ကျဉ်း (၂)ဦး ရိုက်နှက်တိုက်ပိတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 2 Views
နိုဝင်ဘာလ (၁၁)ရက်။ သာယာဝတီအကျဉ်းထောင်မှာ ပါဆယ်လာပို့တဲ့အထဲ ဖုန်းဆင်းကဒ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသား(၂)ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့
မြန်မာသတင်း

အင်းစိန်မြို့ရှိ ရွာမအစုရပ်ကွက်က စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 2 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က အင်းစိန်မြို့၊ ရွာမအစုရပ်ကွက်ရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow
မြန်မာသတင်း

မော်လမြိုင်မှာ အချုပ်ခန်းဖောက်ပြီး စစ်ကောင်စီရဲတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ထဲ ပါဝင်သူတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 3 Views
နိုဝင်ဘာလ (၁၁)ရက်။ မော်လမြိုင်မြို့ရှိ မုပွန်ရဲစခန်းရဲ့ အချုပ်ခန်းကိုဖောက်ပြီး ထွက်ပြေးသွားသူတွေထဲက ပါဝင်သူတစ်ဦးကို ဖမ်ဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၁၇)ရက်နေ့က အချုပ်သားအချို့ဟာ မုပွန်နယ်မြေရဲစခန်းရှိ အချုပ်ခန်းသံတိုင်တွေကို ဖျက်ဆီးကာ အချုပ်ခန်းဖောက်ပြီး စစ်ကောင်စီရဲတပ်ကြပ်တစ်ဦးကို
မြန်မာသတင်း

မိတ္ထီလာရှမ်းတဲလေတပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 3 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၄)နာရီ (၅၀)မိနစ်အချိန်က မိတ္ထီလာမြို့၊ ရှမ်းတဲကျေးရွာမြောက်ဘက်ရှိ ရှမ်းတဲလေတပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ စစ်ကောင်စီရဲ့ မိတ္ထီလာရှမ်းတဲလေတပ်ဟာ Fixed Wing Drone တွေနဲ့
မြန်မာသတင်း

ကန့်ဘလူနယ်ရှိ ကျေးရွာ (၃)ရွာက နေအိမ် (၁၃၀)ကျော်ကို စစ်‌ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ပြည်သူတစ်ဦး မီးရှို့သတ်ဖြတ်ခံရပြီး တစ်ဦးဖမ်းဆီးခံခဲ့ရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 5 Views
နိုဝင်ဘာလ (၁၁)ရက်။ နိုဝင်ဘာလ (၉)ရက်နေ့က ကန့်ဘလူနယ်၊ ဇီးကုန်းတိုက်နယ်ရှိ ကျေးရွာ (၃)ရွာကို အင်အား (၁၂၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့က
မြန်မာသတင်း

ရေစကြိုမြို့မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 8 Views
ရေစကြိုမြို့မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့ နိုဝင်ဘာလ (၁၁)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်မှာ ရေစကြိုမြို့ အမှတ်(၇) (၅၀၀)ပြည့်ရပ်ကွက်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုပကဖရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

အခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ နေပြည်တော်မှာ ပြုလုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 5 Views
နိုဝင်ဘာလ (၁၁)ရက်။ အခု ၂၀၂၄ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်သွားဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရုပ်ရှင်ထူးချွန်ဆုပေးပွဲကို စစ်ကောင်စီက နေပြည်တော်မှာ လာမယ့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလထဲ ကျင်းပပြုလုပ်သွားဖို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့မှာ လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 5 Views
နိုဝင်ဘာလ (၁၁)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က အမ်းမြို့ကို လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချခံခဲ့ရတယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ နပခဌာနချုပ်ရှိတဲ့ အမ်းမြို့ကို စစ်ကောင်စီက ရဟတ်ယာဉ် (၄)စီးနဲ့ လက်နက်ခဲယမ်းလာပို့တာ။ အဲ့ဒီကအပြန်မှာ