နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ စစ်ကောင်စီလေတပ်နဲ့ အိန္ဒိယနိုင်ငံ လေတပ်တို့ တွေ့ဆုံဆွေးနွေး

+++++++++++++++++++++++++++++++++++++++++++++++++

မေလ (၁၈) ရက်။

မြန်မာစစ်ကောင်စီလေတပ်နဲ့ အိန္ဒိယလေတပ်ကြား နေပြည်တော် လေတပ်စခန်းမှာ (၅) ရက်ကြာဆွေးနွေးပွဲ လုပ်ပွဲလုပ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ရန် အိန္ဒိယ လေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၁၃ ရက် ညနေပိုင်းမှာ နေပြည်တော်ကို ရောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မေလ ၁၄ ရက်က တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်လေတပ်စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပြီး ဆွေးနွေးပွဲကို စစ်ကောင်စီလေတပ်က အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ အိန္ဒိယလေတပ်က Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဝင်တွေအပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနဲ့ အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဉ္စမအကြိမ် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လေတပ်ချင်း ဆွေးနွေးပွဲဆုံးဖြတ်ဆောင်ရွက်ပြီးစီးမှုတွေကို ဖတ်ကြားရှင်းလင်းပြီး ဆဋ္ဌမအကြိမ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လေတပ်နှစ်ခုရဲ့ အစည်းအဝေး ခေါင်းစဉ်တွေကို နှစ်နိုင်ငံကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မေလ (၁၆) ရက်နေ့မှာ “Justice For Myanmar” က အိန္ဒိယနိုင်ငံအနေနဲ့ စစ်ကောင်စီကို လက်နက်၊ နည်းပညာ၊ စစ်သင်တန်းနဲ့ လောင်စာဆီ ရောင်းချတာတွေကို ပိတ်ပင်ပေးဖို့ စာထုတ်ပြန် တောင်းဆိုထားပါတယ်။

ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ အစိုးရဟာ စစ်အာဏာသိမ်းပြီးကတည်းက အခုအချိန်ထိ စစ်ကောင်စီဘက်က ရပ်တည်နေတာဟာ အချက်နှစ်ချက် ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ခေတ်မျက်လုံးကို အောက်ပါအတိုင်း ပြောပါတယ်။

ပထမအချက်က အိန္ဒိယနိုင်ငံကို ဆန့်ကျင်ပုန်ကန်နေတဲ့ အိန္ဒိယနိုင်ငံထဲခွဲထွက်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မြန်မာဘက်ခြမ်းမှာ စခန်းချတပ်ဆွဲနိုင်အောင် ခွင့်ပြုတာမျိုးမလုပ်ဖို့အတွက် စစ်အစိုးရနဲ့ သဘောတူညီချက် ရယူထားပြီး အိန္ဒိယဘက်ကနေ မြန်မာဘက်ကိုကူးလာရင် မြန်မာစစ်အစိုးရက တိုက်ထုတ်ပေးဖို့နဲ့၊ အဲလိုပဲ အိန္ဒိယဘက်ခြမ်းကို မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကူးရင် အိန္ဒိယဘက်က လက်မခံဖို့ သဘောတူညီချက်ရယူထားတယ်။

ဒုတိယအချက်အတော့ တရုတ်ရဲ့သြဇာအာဏာ ကြီးမားလာပြီး မြန်မာနိုင်ငံက တရုတ်ဘက်ကို ပါသွားမှာ စိုးတဲ့အတွက် သူတို့ဘက်ကို ဆွဲယူတဲ့သဘောအနေနဲ့ တရုတ်ရဲ့သြဇာကို ဟန်ချက်ထိန်းတဲ့အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာဖြစ်တယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီလေတပ်ဟာ မြန်မာနိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် ပြုလုပ်နေပြီး မကြာသေးခင်ကပဲ ချင်းပြည်နယ် မင်းတပ်မြို့နယ်က ဝမ်မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကပဲ ရခိုင်ပြည်နယ် ကျောက်တော်မြိုနယ်၊ ဝဲကြီးထောင့်ဆေးရုံကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူလည်း ရှိခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၇)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 23 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “ပျက်သွားတဲ့ NCA-  ပြန်အသက်သွင်းလို့ရနိုင်ပါ့မလား” ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၉ရက်နေ့ မှာ NCA  ၁၀နှစ်မြောက်အခမ်းအနားကို
မြန်မာသတင်း

ဆားလင်းကြီးနယ်ထဲ စစ်တပ်ရဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ပြည်သူသောင်းနဲ့ချီ တိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 36 Views
အောက်တိုဘာလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့မြောက်ဘက်ခြမ်းရှိ မြန်မာဝမ်ပေါင်အနီးက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းထံက သိရပါတယ်။ “
မြန်မာသတင်း

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 35 Views
အောက်တိုဘာလ (၁၈)ရက်။ TNLA သိမ်းပိုက်ထားတဲ့ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ဟာ အောက်တိုဘာလ (၂)ရက်နေ့ကစပြီး စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်ခဲ့ရာ အောက်တိုဘာလ (၁၇)ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်မှ ယူကရိန်းကို တိုမာဟော့ခ် ဒုံးကျည်များ ပေးအပ်ရန် ငြင်းဆို၊ နှစ်ဖက်စလုံးကို ‘စစ်ပွဲ ချက်ချင်း ရပ်ရန်’ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 30 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးသည် သောကြာနေ့က ဒေါ်နယ်လ် ထရမ့်နှင့် တွေ့ဆုံ ရာတွင် ရုရှားကို တိုက်ခိုက်ရန်အတွက် တိုမာဟော့ခ် (Tomahawk) ဒုံးကျည်များ ရရှိရေး မအောင်မြင်ခဲ့ဘဲ၊ အမေရိကန်သမ္မတက
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံ စစ်ဘက်အရာရှိကြီးများ ရာထူးမှ ထုတ်ပယ်ခြင်းနှင့် ပတ်သက်၍ လက်ရှိ နောက်ဆုံးရ သတင်းအချက်အလက်များမှာအောက်ပါ အတိုင်းဖြစ်သည်။

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 26 Views
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ရက် အကြီးတန်း ဗိုလ်ချုပ်များကို ထုတ်ပယ်ခြင်း– ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် သတင်းများအရ တရုတ်နိုင်ငံက ဗိုလ်ချုပ်ကြီး ဟီ ဝေတုန်း (He Weidong)၊ ဗိုလ်ချုပ်ကြီး
နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထရမ့်၏သမတဒုတိယသက်တမ်း လက်ထက်တွင် ပါကစ္စတန်က ကျွမ်းကျင်သော သံတမန်ရေး၊ အဖိုးတန် မြေရှားသတ္တုနှင့် ချီးမွမ်းဂုဏ်ပြုမှုတို့ဖြင့် ဆက်ဆံရေး အောင်မြင်စွာ တည်ဆောက်ထားသည်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 21 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ဂါဇာအပစ်အခတ် ရပ်စဲရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များရှေ့တွင် အောင်ပွဲခံနေစဉ်၊ ပါကစ္စတန် စစ်တပ်၏ အကြီးအကဲဖြစ်သူ စစ်သေနာပတိချုပ် အာဆင် မူနီယာအား “ သူ၏ အချစ်ဆုံး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် (သောကြာနေ့) က ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ကြပါသည်။

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 19 Views
BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ရက် ဤတွေ့ဆုံမှုသည် ထရမ့် သမ္မတရာထူးသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဇယ်လန်စကီး၏ တတိယမြောက် ဝါရှင်တန်ခရီးစဉ် ဖြစ်ပါသည်။ ဇယ်လန်စကီးသည် အဓိကအားဖြင့် အမေရိကန်လုပ် တာဝေးပစ် လက်နက်ကြီးများဖြစ်သော တိုမာဟော့ခ် (Tomahawk) ခရုစ်
မြန်မာသတင်း

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 23 Views
အောက်တိုဘာလ (၁၈)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၉)နာရီအချိန်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ကန့်ဘလူခရိုင်-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီဇနီးမောင်နှံက ကောလင်း ညောင်ကုန်းရွာကနေ တန့်ဆည်ဘက်ကို