နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ စစ်ကောင်စီလေတပ်နဲ့ အိန္ဒိယနိုင်ငံ လေတပ်တို့ တွေ့ဆုံဆွေးနွေး

+++++++++++++++++++++++++++++++++++++++++++++++++

မေလ (၁၈) ရက်။

မြန်မာစစ်ကောင်စီလေတပ်နဲ့ အိန္ဒိယလေတပ်ကြား နေပြည်တော် လေတပ်စခန်းမှာ (၅) ရက်ကြာဆွေးနွေးပွဲ လုပ်ပွဲလုပ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ရန် အိန္ဒိယ လေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၁၃ ရက် ညနေပိုင်းမှာ နေပြည်တော်ကို ရောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မေလ ၁၄ ရက်က တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်လေတပ်စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပြီး ဆွေးနွေးပွဲကို စစ်ကောင်စီလေတပ်က အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ အိန္ဒိယလေတပ်က Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဝင်တွေအပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနဲ့ အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဉ္စမအကြိမ် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လေတပ်ချင်း ဆွေးနွေးပွဲဆုံးဖြတ်ဆောင်ရွက်ပြီးစီးမှုတွေကို ဖတ်ကြားရှင်းလင်းပြီး ဆဋ္ဌမအကြိမ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လေတပ်နှစ်ခုရဲ့ အစည်းအဝေး ခေါင်းစဉ်တွေကို နှစ်နိုင်ငံကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မေလ (၁၆) ရက်နေ့မှာ “Justice For Myanmar” က အိန္ဒိယနိုင်ငံအနေနဲ့ စစ်ကောင်စီကို လက်နက်၊ နည်းပညာ၊ စစ်သင်တန်းနဲ့ လောင်စာဆီ ရောင်းချတာတွေကို ပိတ်ပင်ပေးဖို့ စာထုတ်ပြန် တောင်းဆိုထားပါတယ်။

ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ အစိုးရဟာ စစ်အာဏာသိမ်းပြီးကတည်းက အခုအချိန်ထိ စစ်ကောင်စီဘက်က ရပ်တည်နေတာဟာ အချက်နှစ်ချက် ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ခေတ်မျက်လုံးကို အောက်ပါအတိုင်း ပြောပါတယ်။

ပထမအချက်က အိန္ဒိယနိုင်ငံကို ဆန့်ကျင်ပုန်ကန်နေတဲ့ အိန္ဒိယနိုင်ငံထဲခွဲထွက်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မြန်မာဘက်ခြမ်းမှာ စခန်းချတပ်ဆွဲနိုင်အောင် ခွင့်ပြုတာမျိုးမလုပ်ဖို့အတွက် စစ်အစိုးရနဲ့ သဘောတူညီချက် ရယူထားပြီး အိန္ဒိယဘက်ကနေ မြန်မာဘက်ကိုကူးလာရင် မြန်မာစစ်အစိုးရက တိုက်ထုတ်ပေးဖို့နဲ့၊ အဲလိုပဲ အိန္ဒိယဘက်ခြမ်းကို မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကူးရင် အိန္ဒိယဘက်က လက်မခံဖို့ သဘောတူညီချက်ရယူထားတယ်။

ဒုတိယအချက်အတော့ တရုတ်ရဲ့သြဇာအာဏာ ကြီးမားလာပြီး မြန်မာနိုင်ငံက တရုတ်ဘက်ကို ပါသွားမှာ စိုးတဲ့အတွက် သူတို့ဘက်ကို ဆွဲယူတဲ့သဘောအနေနဲ့ တရုတ်ရဲ့သြဇာကို ဟန်ချက်ထိန်းတဲ့အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာဖြစ်တယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီလေတပ်ဟာ မြန်မာနိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် ပြုလုပ်နေပြီး မကြာသေးခင်ကပဲ ချင်းပြည်နယ် မင်းတပ်မြို့နယ်က ဝမ်မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကပဲ ရခိုင်ပြည်နယ် ကျောက်တော်မြိုနယ်၊ ဝဲကြီးထောင့်ဆေးရုံကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူလည်း ရှိခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း”

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 18 Views
(ရုပ်သံတင်ဆက်မှုစာသားမူရင်း) ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 22 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One Piece Movement က မနေ့က စတင်လိုက်တယ်လို့ သိရပါတယ်။ “ အမေ့အတွက်
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 21 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တာမှန်သမျှကို ကန့်ကွက်ငြင်းပယ်တယ်။ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင် ရပ်တည်သွားမှာ”
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 22 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ရရှိလုနီးပါး အခြေအနေသို့ ရောက်ရှိနေပုံရသည်။ သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လက်ထောက်များက
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏