နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွေဦးတော်လှန်ရေးရဲ့အရွေ့နဲ့လားရာ

နွေဦးတော်လှန်ရေးရဲ့အရွေ့နဲ့လားရာ +++++++++++++++++++++++ ဒီတပတ် နွေဦးတော်လှန်ရေးရဲ့ အရွေ့နဲ့လားရာကို ဆွေးနွေးဖို့ ခေတ်မျက်လုံးသတင်းဌာနက နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်လည်းဖြစ် နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ယက်ရဲ့ ဦးဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ ဦးထွန်းကြည်၊ ဗြိတိန်နိုင်ငံကမြန်မာ့အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ် ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ ဦးမျိုးထိုက်တန်သိန်းနဲ့ ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်တို့ကိုဖိတ်ခေါ်ထားပါတယ်။ သူတို့အမြင် သူတို့အတွေးကို ကြည့်ရှုနားဆင်ဖို့ ပရိဿတ်များကို တင်ဆက်ပေးလိုက်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆက်လက်ကူညီမယ်လို့ တရုတ်သမ္မတပြော

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 15 Views
မေလ (၁၀)ရက်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဆက်လက်ကူညီပေးသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့က မော်စကိုမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့
မြန်မာသတင်း

သယံဇာတတွေကို တစုတဖွဲ့က စီမံခန့်ခွဲတာမျို လက်မခံဘူးလို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 13 Views
မေလ (၁၀)ရက်။ သယံဇာတကို တစ်ဦးတစ်ယောက်/တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာ လုံးဝလက်မခံဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ သယံဇာတအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီက ရုရှားနည်းပညာနဲ့ အနုမြူဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့်အပေါ် လုံခြုံရေးစိုးရိမ်တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 12 Views
မေလ (၁၀)ရက်။ စစ်ကောင်စီရဲ့ ရုရှားနည်းပညာနဲ့ အနုမြူဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့်သတင်းကြောင့် မြန်မာနဲ့ ထိုင်းပြည်သူတွေ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မိတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက ရုရှားနည်းပညာနဲ့ (၁၁၀)မဂ္ဂါဝပ် အနုမြူစက်ရုံတခု တည်ဆောက်မယ့်အပေါ်
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပုလောမြို့မရဲစခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် (၂)ဦးသေဆုံး

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 22 Views
မေလ (၉)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲဝန်းကျင်က ပုလောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပုလောမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပုလောမြို့ တောင်ယာကမ်းရွာက ပုလောမြို့မရဲစခန်းကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဝင်ရောက်ချေမှုန်းခဲ့တာပါ။ အဲ့ဒီစစ်ဆင်ရေးထဲမှာ စကစဘက်က
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 28 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
မြန်မာသတင်း

ထီးခီးစခန်းအပါအဝင် စစ်ကောင်စီစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 26 Views
မေလ (၉)ရက်။ ဒီကနေ့ တရက်ထဲ ထီးခီးစခန်းအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း (၃)ခုကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်စခန်းတွေဟာ ရွှေကျင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်စခန်း၊
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၈၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ ကျိုက်ထိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈၀၀၈)ဦးကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကို အဆက်မပြတ်
မြန်မာသတင်း

မော်စကိုခရီးစဉ်ထဲ ကာဇက်စတန်သမ္မတနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ မနေ့က ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာဇက်စတန်နိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာမှာ