နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူငယ်သင်တန်းကျောင်းအမည်ခံ လူငယ်အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိနေ

မေလ (၃၀)ရက်။

စစ်ကောင်စီဟာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထားတဲ့ ကလေးသူငယ်တွေကို လူငယ်သင်တန်းကျောင်းအမည်ခံတဲ့ လူငယ်အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိနေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုထုတ်ပြန်တဲ့အချိန်အထိ လေ့လာချက်အရ အသက်မပြည့်သေးတဲ့ အမျိုးသားလူငယ်တွေနဲ့ အမျိုးသမီးငယ်တွေကို ရန်ကုန်နဲ့ မန္တလေးက လူငယ်သင်တန်းကျောင်းတွေမှာ အဓိကဖမ်းဆီးထားတာလို့ ဆိုပါတယ်။

ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်းမှာ အသက်မပြည့်သေးတဲ့ နိုင်/ကျဉ်းအမျိုးသမီးငယ်တွေအပါအဝင် အခြားအမျိုးသမီးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်တာ၊ အရှက်ရစေတာတွေ ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသမီးငယ်တွေထားတဲ့ အခန်းတွေဖြစ်တဲ့ ရေချိုးခန်းတွေနဲ့ အိမ်သာတွေမှာ CCTV တပ်ဆင်တာတွေကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံတာတွေ ခံစားနေကြရတယ်လို့ ရေးသားထားပါတယ်။

ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းမှာလဲ လစဉ်သုံးပစ္စည်း လုံလောက်စွာမပေးတာတွေအပြင် ထောင်စစ်ဆေးချိန်မှာ အမျိုးသားတွေ ဝင်ရောက်တတ်တဲ့အတွက် စိတ်မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောဆိုထားပါတယ်။

အခုလို အမျိုးသမီးထိန်းသိမ်းရေးစခန်းထဲကို အမျိုးသားတွေ ဝင်ရောက်ခွင့်ရနေတာကိုလဲ PPNM က အသပေးထုတ်ပြန်ချက်ထဲမှာ ပြင်းထန်စွာရှုံချထားပါတယ်။

ဒါ့ပြင် ပုသိမ်ကြီးအမျိုးသမီးသင်တန်းကျောင်းထဲမှာ အခြားတိုင်းနဲ့ပြည်နယ်တွေက မတရားဖမ်းဆီးခံထားရသူတွေလဲရှိပြီး နယ်ဝေးက မိသားစုဝင်တွေရဲ့ ပါဆယ်ပေးပို့နိုင်တာမရှိတဲ့အတွက် သင်တန်းကျောင်းကကျွေးတဲ့ ပဲဟင်းနဲ့ ထမင်းကိုသာ အားပြုစားနေရတယ်လို့ ဆိုပါတယ်။

ဒီလို လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမျိုးသမီးငယ်တွေဟာ ထောင်တွင်း စားသောက်ဖို့အဆင်မပြေတာနဲ့ ဆေးဝါးကုသစောင့်ရှောက်တာ လုံလောက်စွာမရရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သယံဇာတတွေကို တစုတဖွဲ့က စီမံခန့်ခွဲတာမျို လက်မခံဘူးလို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 0 Views
မေလ (၁၀)ရက်။ သယံဇာတကို တစ်ဦးတစ်ယောက်/တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာ လုံးဝလက်မခံဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ သယံဇာတအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီက ရုရှားနည်းပညာနဲ့ အနုမြူဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့်အပေါ် လုံခြုံရေးစိုးရိမ်တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 0 Views
မေလ (၁၀)ရက်။ စစ်ကောင်စီရဲ့ ရုရှားနည်းပညာနဲ့ အနုမြူဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့်သတင်းကြောင့် မြန်မာနဲ့ ထိုင်းပြည်သူတွေ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မိတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပုလောမြို့မရဲစခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် (၂)ဦးသေဆုံး

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲဝန်းကျင်က ပုလောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပုလောမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပုလောမြို့ တောင်ယာကမ်းရွာက ပုလောမြို့မရဲစခန်းကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဝင်ရောက်ချေမှုန်းခဲ့တာပါ။ အဲ့ဒီစစ်ဆင်ရေးထဲမှာ စကစဘက်က
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 27 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
မြန်မာသတင်း

ထီးခီးစခန်းအပါအဝင် စစ်ကောင်စီစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ ဒီကနေ့ တရက်ထဲ ထီးခီးစခန်းအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း (၃)ခုကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်စခန်းတွေဟာ ရွှေကျင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်စခန်း၊
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၈၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 17 Views
မေလ (၉)ရက်။ ကျိုက်ထိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈၀၀၈)ဦးကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကို အဆက်မပြတ်
မြန်မာသတင်း

မော်စကိုခရီးစဉ်ထဲ ကာဇက်စတန်သမ္မတနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 20 Views
မေလ (၉)ရက်။ မနေ့က ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာဇက်စတန်နိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာမှာ
မြန်မာသတင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်က ကထိကတဦးကို ဖမ်းမိခဲ့တယ်လို့ နွားထိုးကြီး-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 23 Views
မေလ (၈)ရက်။ ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်ဝင်းဝင်းအောင်ဟာ စစ်ကောင်စီရဲ့ယန္တရား လည်ပတ်စေနိုင်တဲ့ လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ မန္တလေး နိုင်ငံခြားရေးဘာသာတက္ကသိုလ်က