ပြစ်မှုများကြောင့် ထရန့်မီဒီယာရဲ့ အစုရှယ်ယာစျေးနှုန်းများကျဆင်း
+++++++++++
2016 ရွေးကောက်ပွဲမတိုင်ခင်က ညစ်ညမ်းမယ်တစ်ဦးထံ ငွေပေးချေမှုကို ဖုံးကွယ်ဖို့အတွက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ စာရွက်စာတမ်းအတုတွေပြုလုပ်ခဲ့တယ်လို့ တရားသူကြီးတွေ စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ Trump Media & Technology Group ရဲ့ ရှယ်ယာတန်ဖိုးတွေဟာ သောကြာနေ့က 9 ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရပါတယ်။
တကယ်တော့ စတော့ရှယ်ယာတွေဟာ မြင့်တက်လာပြီး Reddit Discussion Forum ရဲ့ Wallstreetbet မှာ ထိပ်တန်းတစ်နေရာက ဦးဆောင်ကာ Trader တစ်ဦးချင်းစီရဲ့ ရင်းနှီးမြုပ်နှံမှုကလည်း မြင့်တက်နေတာကို ညွှန်ပြနေတာပါ။ Trump Media ရဲ့ ရှယ်ယာရှင်အများစုဟာ လက်လီရင်းနှီးမြုပ်နှံသူတွေဖြစ်တယ်လို့ ကုမ္ပဏီဘက်က ဧပြီလ ၂၉ ရက်နေ့မှာ ပြောဆိုထားတာဖြစ်ပါတယ်။
စျေးကွက်ဗျူဟာပညာရှင်တစ်ဦးကတော့ သောကြာနေ့မှာ စတော့ရှယ်ယာစျေးနှုန်းတွေ မငြိမ်မသက်ဖြစ်ရတာဟာ အံ့အားသင့်စရာမဟုတ်ဘဲ ကုမ္ပဏီက အရှုံးနဲ့လည်ပတ်နေရတဲ့အတွက် အုတ်မြစ်မရှိတဲ့ စတော့ရှယ်ယာရင်းနှီးမြုပ်နှံမှုလို့ ခေါ်ဆိုကြောင်း ရှင်းပြခဲ့ပါတယ်။
Trump Media ကုမ္ပဏီရဲ့ အသားတင်တန်ဖိုးဟာ သူ့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Truth Social လူမှုကွန်ယက်ပလက်ဖောင်းနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။ အဲဒီကုမ္ပဏီမှာ ဒေါ်နယ်ထရန့်က ဒေါ်လာ 5.7 ဘီလျံတန်ကြေးရှိတဲ့ ရှယ်ယာ 65 ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လို့ ဧပြီလ 26 ရက်နေ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
လက်ရှိတန်ဖိုးတွက်ချက်မှုအရ Trump Media ရဲ့ တန်ဖိုးဟာ ဒေါ်လာ 9.2 ဘီလျံ ရှိပြီး 2023 ခုနှစ်က ဝင်ငွေ 4.1 သန်းထက် အဆ 2200 နဲ့ ညီမျှနေတယ်လို့ LSEG ဒေတာအချက်အလက်တွေအရ သိရပါတယ်ခင်ဗျာ . . .