နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့တောင်အာရှ

ခွန်းခမ်းဆေးရုံပေါ်မှ မြန်မာအလုပ်သမားကို ပစ်သတ်သူမှာ ထိုင်းရဲဖြစ်နေ

ဇွန်လ (၉) ရက်။

ထိုင်းနိုင်ငံ၊ ခွန်းခမ်းမြိုရှိ ဆေးရုံတွင် ဆေးရုံတက်နေတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားကို ဇွန်လ ၆ ရက်နေ့က ပစ်သတ်ခဲ့သူမှာ ထိုင်းရဲတဦးဖြစ်ကြောင်း ဇွန် ၈ ရက်နေ့ထုတ် ဘန်ကောက်ပိုစ် သတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၃၄ နှစ်အရွယ် ရဲအရာရှိ Veeraphong Buayen က မြန်မာရွှေ့ပြောင်းအလုပ်သမားကို ပစ်သတ်ခဲ့တာဖြစ်ပြီး ဇွန်လ ၈ ရက် မနက်ပိုင်းက ခွန်ကန်ခရိုင်ရဲစခန်းကို ဖခင်နှင့်အတူ သွားရောက် အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီရဲအရာရှိက သေဆုံးသူ မြန်မာအလုပ်သမားနဲ့ သိကျွမ်းခဲ့ခြင်းမရှိသလို ရန်စလည်း မရှိခဲ့ဘူးလို့ သိရပေမယ့် မြန်မာအလုပ်သမားရဲ့ အပြုအမူတွေက ဘေးကုတင်မှာ ဆေးရုံတက်နေတဲ့ သူ့ဖခင်ဖြစ်သူကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

အမျိုးသားလူနာဆောင် ၅ လွှာမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ဖခင်ဖြစ်သူဟာ ဘေးကုတင်မှာရှိနေတဲ့ မြန်မာအလုပ်သမားက ညဉ့်နက်ချိန်အထိ ဖုန်းနဲ့ ဂိမ်းကစားလို့ ညဘက်တွေမှာ သူအိပ်လို့မရကြောင်း သားဖြစ်သူကို တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့ မြန်မာအလုပ်သမားဟာ ကနဦးမှာ အမျိုးသားလူနာဆောင် ၅ လွှာမှာ ဆေးရုံတက်နေခဲ့ပြီး ရဲအရာရှိရဲ့ဖခင်ရဲ့ ဘေးကုတင်မှာ ရှိနေခဲ့ပေမယ့် အခင်းဖြစ်ပွားရက် သောကြာနေ့မှာတော့ ခွဲစိတ်ကုသမှု ခံယူဖို့အတွက် ၆ လွှာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူရဲ့ တိုင်တန်းချက်ကြောင့် ရဲအရာရှိဟာ မြန်မာအလုပ်သမား အခန်းနေရာကို ဆေးရုံသူနာပြုအား မေးမြန်းခဲ့ပြီးနောက် ၆ လွှာရှိ မြန်မာအလုပ်သမား အခန်းရှိရာနေရာကို သွားရောက်ခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

မြန်မာအလုပ်သမားရဲ့ နာမည်က ကိုကျော်စွာအောင် ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်ရှိတယ်လို့ သိရပါတယ်။ သူ့ရဲ့နောက်ကျောမှာ အကျိတ်တွေ့ထားလို့ ဇွန် ၇ ရက်နေ့မှာ ခွဲစိတ်ဖို့ ရက်ချိန်းရထားတာကြောင့် ဆေးရုံအခန်းမှာ စောင့်နေစဉ် ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ပစ်ခတ်ခံရစဉ် အရေးပေါ် ဆေးကုသမှုပေးခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူ မြန်မာအလုပ်သမားရဲ့ ချစ်သူ ထိုင်းအမျိုးသမီးက ရဲအရာရှိက အခုလို ပြစ်မှုမျိုး ကျူးလွန်မယ်လို့ မထင်ထားခဲ့မိဘူးလို့ ပြောပါတယ်။ သူ့ရီးစားဟာ ညဉ့်နက်ချိန်အထိ ဖုန်းနဲ့ ဂိမ်းကစားပေမဲ့ ဘေးကုတင်မှာ ရှိနေတဲ့ ထိုင်းရဲအရာရှိရဲ့ ဖခင်ကို အနှောင့်အယှက်ဖြစ်စေတဲ့အထိ မရှိခဲ့ဘူးလို့ ထိုင်းအမျိုးသမီးက ပြောတယ်လို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုများအရ ထိုင်းရဲအရာရှိဟာ စိတ်ကျရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ ခံစားနေရပြီး မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ အခြေအနေများရှိတယ်လို့ ဆိုပါတယ်။ ပြစ်မှုကျူး လွန်သူကို လူသတ်ရန် ကြိုတင်ကြံစည်မှု လက်နက်ခဲယမ်း တရားမဝင် လက်ဝယ်ထားရှိမှုများနှင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ဘန်ကောက်ပိုစ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 40 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 39 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 40 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 45 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 46 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 44 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 47 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 37 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်