နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အပစ်အခတ်ရပ်ဖို့ ဟားမက်စ်တွေဘက်က သဘောမတူသေးတာလို့ ဘလင်ကန်ထုတ်ပြန်

အပစ်အခတ်ရပ်ဖို့ ဟားမက်စ်တွေဘက်က သဘောမတူသေးတာလို့ ဘလင်ကန်ထုတ်ပြန်

++++++++++++++++++++

“အပစ်အခတ်ရပ်စဲချင်ရင် ဟားမက်စ်တွေကို ဟုတ်ကဲ့လို့သာ ပြောခိုင်းလိုက်ပါ”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တနင်္လာနေ့က ဂျေရုစလင်နဲ့ ကိုင်ရိုကို အပြန်အလှန်သွားရောက်ပြီး ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုထားချက်တွေကို တွန်းအားပေးခဲ့ပါတယ်။ ဘီလင်ကန်ဟာ ကိုင်ရိုမြို့မှာ အီဂျစ်သမ္မတ အဲလ်စီစီနဲ့တွေ့ဆုံခဲ့ပြီး အဲဒီနောက် သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အကြီးမားဆုံးအတားအဆီးဖြစ်တဲ့ ဟားမက်စ်စစ်သွေးကြွအဖွဲ့ဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ သဘောတူညီချက်ကို လက်ခံနိုင်ခြင်းမရှိသေးဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ သဘောတူညီချက်ကို လုံး၀လက်မခံသေးတာက ဟားမက်စ်တွေပဲ၊ ဂါဇာမှာရှိတဲ့ ပါလက်စ်တိုင်းတွေအားလုံး စောင့်မျှော်နေကြတာလဲ ဟားမက်စ်တွေ သဘောတူဖို့ကိုပဲ စောင့်နေကြတာပါ။ အစ္စရေးကတော့ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေ သူတို့ရဲ့မိသားစုတွေနဲ့တွေ့ဆုံဖို့ကိုပဲ စောင့်မျှော်နေကြတာဖြစ်ပါတယ်”

အဲဒီနောက်မှာတော့ ဘလင်ကန်ဟာ အစ္စရေးနိုင်ငံ ဂျေရုစလင်ကို ပြန်သွားပြီ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့တွေ့ဆုံခဲ့ပါတယ်။ ပူးတွဲကြေညာချက်မှာတော့ ဝန်ကြီးချုပ်နေတန်ယာဟုက မိမိတို့အနေနဲ့ အောင်ပွဲလုံး၀ ရတဲ့အထိ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ရဲ့ မှတ်ချက်စကားတွေဟာ ဘက်လိုက်မှုရှိနေတယ်လို့ ဟားမက်စ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အောက်တိုဘာလအတွင်းက ဟားမက်စ်စစ်သွေးကြွတွေ အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာစတင်ခဲ့တဲ့ ဂါဇာစစ်ပွဲဟာ အခုဆိုရင် ၉ လတာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလုပ်ရပ်ကို အစ္စရေးက ပြန်လည်တုန့်ပြန်ခဲ့ရာမှာတော့ ဂါဇာကမ်းမြောင်ထဲက ပါလက်စ်တိုင်းအရပ်သား 37000 ကျော် သေဆုံးခဲ့ရပါတယ်။

အစ္စရေးစစ်တပ်က တနင်္လာနေ့မှာ အောက်တိုဘာလ ၇ ရက်နေ့က ပြန်ပေးဆွဲခံခဲ့ရတဲ့  ဓါးစာခံ ၄ ဦးကို နူဆာရတ်ဒုက္ခသည်စခန်းက ကယ်ထုတ်လာခဲ့တဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးရဲ့ အဲဒီစစ်ဆင်ရေးမှာ မြေပြင်တပ်တွေနဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် အရပ်သား 274 ဦး သေဆုံးခဲ့ရတယ်လို့ ပါလက်စ်တိုင်းကျန်းမာရေးအာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။

နေအိမ်အပျက်အဆီးတွေကို ကောက်ယူနေတဲ့ အာနက်စ် အဲလျန်က “ ဒါက ကျတော်တို့အိမ်ပဲ၊ အိမ်ထဲမှာ ကျတော်တို့အေးအေးဆေးဆေးထိုင်နေတုန်း ရုတ်တရက် ထပေါက်ကွဲတာ၊ ဘာတွေဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းပြေးတော့ မိဘတွေနဲ့ ဆွေးမျိုးတွေအားလုံး သေဆုံးနေကြပြီ။ အစ္စရေးစစ်သားတွေက ကျတော်တို့ကို မော်တာ သေနတ်တွေနဲ့ပစ်ခတ်တာ တော်တော်များများလည်း ဒဏ်ရာရသွားကြတယ်”လို့ ပြောပြပါတယ်။

အစ္စရေးစစ်တပ်ကတော့ စစ်ဆင်ရေးအတွင်း လူ ၁၀၀ ထက်မပိုတဲ့ ပါလက်စ်တိုင်းတွေ သေဆုံးသွားခဲ့တာကို သတိပြုမိကြောင်း ထုတ်ဖော်ပြောထားပါတယ်။ ဟားမက်စ်စစ်သွေးကြွအဖွဲ့တွေကတော့ ဂါဇာတောင်ပိုင်းက ရာဖာဖြို့မှာ အစ္စရေးတပ်တွေ တင့်ကားတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ ဗီဒီယိုတွေ ထုတ်ပြန်ခဲ့ပါတယ်။ ရာဖာမြို့က စစ်ဆင်ရေးတွေကို ရပ်ဆိုင်းဖို့ အမေရိကန်သမ္မတရုံးဖြစ်တဲ့ အိမ်ဖြူတော်က ဖိအားပေးထားပေမယ့် အစ္စရေးတပ်တွေဟာ ထိုးစစ်ဆင်ခဲ့ကြတာကြောင့် ရာဖာမြို့မှာ ခိုလှုံနေကြတဲ့ သန်းချီတဲ့ ဒုက္ခသည်တွေဟာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 70 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက