နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်

1027 Operations

1027 Operations မြန်မာသတင်း

အများပြည်သူ အသုံးပြုသည့်လမ်းအား KIA မှ မြေတူးဖြတ်တောက်ပြီး သံဆူးချွန်များမြှုပ်ထားသဖြင့် ခရီးသွားယာဉ်များ အခက်တွေ့ဟု TNLA ထုတ်ပြန်

ဇွန်လ (၁၂) ရက်။

တအာင်းပြည် တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြိုနယ် မိုင်းဘော်နဲ့ အွယ်လောကျေးရွာအကြား လမ်းပိုင်းမှာ KIA တပ်ဖွဲက လမ်းမကြီးကို မြောင်းဖောက်ပြီး ဖြတ်တောက်ထားတဲ့အပြင် လမ်းမပေါ်က ရွှနွံတွေထဲမှာ သံဆူးချွန်တွေ စိုက်ထားတဲ့အတွက် ဖြတ်သန်းသွားလာတဲ့ယာဉ်တွေ သံဆူးပြီး ဘီးပေါက်မှုတွေ ကြုံတွေ့နေရတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရှိရပါတယ်။

ဇွန်လ (၇) ရက်နေ့ကစလို့ မြန်မာ – တရုတ် ရေနံပိုက်လိုင်းတစ်လျှောက်ကလမ်းတွေမှာ KIA က ဖြတ်တောက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလမ်းဟာ နမ္မတူ – မိုင်းဘော် – မိုင်းဝီး – နမ့်ခမ်း အထိ ဆက်သွယ်ထားပြီး ဒေသတွင်းကျေးရွာပြည်သူလူထုအတွက် အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်းမှာတောင် မြန်မာ – တရုတ် ရေနံပိုက်လိုင်းတစ်လျှောက်က လမ်းတွေကို တရုတ် ရေနံပိုက်လိုင်း ထိခိုက်မှာစိုးလို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေတောင် အသုံးမပြုခဲ့တဲ့အတွက် လုံခြုံတယ်လို့ ခရီးသွားကားမောင်းသမားတွေဆီက သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက် စစ်ကောင်စီရဲ့ တင်းကြပ်စွာ စစ်ဆေးနှောက်ယှက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီးကို သုံးမပြုတော့ဘဲ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းသို သွားလိုတဲ့ ခရီးသည်တွေနဲ့ ကုန်တင်ယာဉ်တွေက ဒီလမ်းကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

KIA လှုပ်ရှားတဲ့ မိုင်းဘော်နယ်ထဲမှာ အရင်ကတည်းက ခရီးသွားလာတဲ့ အရပ်သားပြည်သူတွေကို မလိုအပ်ဘဲ စစ်ဆေးမေးမြန်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်က တအာင်းတပ်မတော် TNLA နဲ့ RCSS တိုအကြား တိုက်ပွဲဖြစ်ပွားချိန်ကလည်း RCSS တပ်ဖွဲ့က အဲ့ဒီလမ်းကို သွားလာလို့ မရအောင် မြောင်းတူးထားပြီး၊ ဆူးညောင့်တွေ စိုက်ထားကာ နည်းအမျိုးမျိုးနဲ့ ဟန့်တားဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ တော်လှန်ရေးတပ်စခန်းတခု ဗုံးကြဲခံရပြီး (၁၀)ဦးကျော် ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က ဆားလင်းကြီးနယ် ဖိုဝင်တောင်အနီးရှိ တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က စက်တပ်လေထီး (၃)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါးကို ပြန်ရဖို့ မြေးဖြစ်သူ မျှော်လင့်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓါးကို ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်လို့ မြေးဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ်မှာ
မြန်မာသတင်း

ကျောက်တော်နဲ့ မြောက်ဦးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က တရက်ထဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မနေ့က ည (၉)နာရီကျော်အချိန်က ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေကို FPV Suicide Drone တွေ
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၀၉)ကြိမ်အထိ ရှိခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၁၂၇)ဦး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဝက်လက်နယ်ထဲ လုပ်ကြံသတ်ဖြတ်မှုတွေကို NUG အနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၈)ရက်က ကျောင်းသားရဲဘော် မြင့်မြတ်ဦး၊ ၂၀၂၅ခုနှစ် မေလ (၂၄)ရက်က မြို့နယ်ပအဖရုံးအဖွဲ့
မြန်မာသတင်း

ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်လောက်မှာ
မြန်မာသတင်း

ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေး တဦးကို ငွေကျပ်(၂)သိန်းနှုန်း ကောက်ခံ၊ မပေးရင် စစ်တပ်ခေါ်ပြီး ထုထောင်းခိုင်းမယ်လို့ ကြိမ်းမောင်းနေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေးဆိုပြီး စစ်တပ်လက်ပါးစေတွေက တဦးကို ကျပ်(၂)သိန်းနှုန်းနဲ့ ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းမြို့ထွေအုပ်ရုံးက ဗိုလ်မှူးဆိုသူရဲ့ မြှောက်ပေးတာနဲ့ ရွှေပျောက်ရွာအုပ်ကြီး သဲမောင်က စစ်မှုထမ်းဖို့ အကျုံး‌ဝင်သူတွေကို