နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာရှင်စနစ်တွေကို အမြစ်ပြတ်တိုက်ဖျက်ရေးမှာ ဆက်လက်ပါ၀င်လက်တွဲသွားမယ်လို့ PNLA ပြော

ဇွန်လ (၁၅)ရက်။

ဘ၀တူညီနောင်တွေနဲ့အတူ အာဏာရှင်စနစ်တွေကို အမြစ်ပြတ်တိုက်ဖျက်ရေးမှာ ဆက်လက်ပါ၀င်လက်တွဲသွားတယ်လို့ PNLA (၁၇)နှစ်ပြည့်အခမ်းအနားအနေနဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကာလ (၁၇)နှစ်တိုင်တိုင် PNLA အနေနဲ့ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။

PNLA အနေနဲ့ ရန်သူ့ထံ လက်နက်ချအညံ့ခံတာ၊ ရန်သူနဲ့ ပူးပေါင်းတာ၊ ရန်သူ့လက်အောက်ကို ခို၀င်သွားတာ စတဲ့ အမျိုးသားသစ္စာဖောက်လုပ်ရပ်ကို ဘယ်လိုအခြေအနေမှာမှ မပြုလုပ်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

PNLA တည်ထောင်တဲ့ (၁၇)နှစ်ပြည့် အခမ်းအနားကို ဇွန်လ (၁၀)ရက်နေ့မှာ တပ်ဖွဲ့အသီးသီးက မြေပြင်အသီးသီးမှာ အကျဉ်းချုပ်ပြုလုပ်ခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

အခမ်းအနားမှာ ပအိုဝ်းအမျိုးသားအလံတော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အလံတော်နဲ့ PNLA အလံတော်တွေကို အလေးပြုတာနဲ့ တပ်ဖွဲ့တာ၀န်ရှိသူတွေက ခွန်အားပေးစကားပြောကြတာ စတဲ့အစီအစဉ်တွေနဲ့ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် တော်လှန်ရေးကာလထဲ ကျဆုံးသွားတဲ့ သူရဲကောင်းအာဇာနည်တွေကိုလဲ အလေးအနက်ထားကာ ဂုဏ်ပြုချီးမွမ်း အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်ပရောက်ရှိနေတဲ့ NUG အစိုးရအဖွဲ့ဝင်တွေ မြန်မာပြည်တွင်း ပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 14 Views
နိုဝင်ဘာလ (၂၆) ရက်။ နိုင်ငံတကာကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေအနေနဲ့ မဟာဗျူဟာကျကျ ဆွေးနွေးချက်တွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ အရင်လုပ်ရိုးလုပ်စဉ်အတိုင်း
မြန်မာသတင်း

တရုတ်ထုတ် အသံထက် (၂)ဆခွဲမြန်တဲ့ ဒုံးကျည် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှာ အဓိကထားအသုံးပြုနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 19 Views
နိုဝင်ဘာလ (၂၆)ရက်။ တရုတ်က တီထွင်ထုတ်လုပ်ထားတဲ့ PL-5 Missiles ဒုံးကျည်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓိကအရေးပါတဲ့ လေကြောင်းသုံး ဒုံးကျည်ဖြစ်တယ်လို့ Blood
မြန်မာသတင်း

မင်းလှမြို့မှာ မူးယစ်ဆေးဝါးရောင်းချသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ မြို့နယ်ပကဖ အထူးသတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 19 Views
နိုဝင်ဘာလ (၂၆)ရက်။ ဒီကနေ့အချိန်မှာ မင်းလှမြို့နယ်ထဲ စစ်ကောင်စီဘက်တော်သားတွေက မူးယစ်ဆေးဝါးတွေကို တွင်တွင်ကျယ်ကျယ် ရောင်းချနေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအရှိန်မြင့်တက်ပြီး နိုင်ငံမငြိမ်မသက်ဖြစ်နေကာ စစ်ကောင်စီဘက်တော်သားတွေက ခက်ခဲကြပ်တည်းနေတဲ့ ပြည်သူတွေဆီကနေ ငွေကြေးတွေကို ညှစ်ထုတ်ရယူဖို့နဲ့ လူငယ်တွေရဲ့
1027 Operations မြန်မာသတင်း

အခုလထဲ နောင်ချိုမှာ စစ်ကောင်စီကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၃၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 15 Views
နိုဝင်ဘာလ (၂၆)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၅)ရက်အထိ နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၃၄)ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA ထန်းချုပ်ထားတဲ့
မြန်မာသတင်း

စစ်အုပ်စုနဲ့ပေါင်းပြီး လုံခြုံရေးပူးတွဲကုမ္ပဏီ တည်ထောင်တာက တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 19 Views
နိုဝင်ဘာလ (၂၆)ရက်။ စစ်အုပ်စုနဲ့ပေါင်းပြီး လုံခြုံရေးပူးတွဲကုမ္ပဏီ တည်ထောင်တာက တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်စရာ အကြောင်းမရှိဘူးလို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုချက်အရ သိရပါတယ်။ “
မြန်မာသတင်း

မထောတပ်စခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးပြီး လက်နက်ခဲယမ်း‌တွေ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 16 Views
နိုဝင်ဘာလ (၂၆)ရက်။ မထောတပ်စခန်းသိမ်းတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ‌မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မထောတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေဟာ တောင်ဘက်ရှိ သူတို့တပ်စခန်းတွေရှိတဲ့ ကစယ်သဲဖလယ်(တောင်သုံးလုံး)နဲ့ ထွီသီးအူ(ခွေးသေ)တို့ကို ဆုတ်ခွာထွက်ပြေးသွားခဲ့တာလို့
မြန်မာသတင်း

မိုင်းကိုင်မြို့ရှိ SSPP တပ်စခန်းကို RCSS ဝင်တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် (၈)ဦးကို ဖမ်းဆီးသွားခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 10 Views
နိုဝင်ဘာလ (၂၆)ရက်။ မနေ့က နံနက် (၅)နာရီခွဲအချိန်က မိုင်းကိုင်မြို့၊ တုံလောကျေးရွာအုပ်စုရှိ ပန်ပွဲကျေးရွာအနီးက SSPP ရဲ့ တပ်စခန်းငယ် (၂)ခုကို RCSS က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ RCSS
မြန်မာသတင်း

“ ဝ” တောင်ပိုင်းရှိ တပ်စခန်း (၉)ခုကို ထိုင်းဘက်က ဖယ်ရှားခိုင်းထားတာကို UWSA အတည်ပြု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 10 Views
နိုဝင်ဘယလ (၂၆)ရက်။ “ ဝ” ပြည်နယ်တောင်ပိုင်းရှိ UWSA ရဲ့ တပ်စခန်း (၉)ခုကို ထိုင်းနိုင်ငံဘက်က ဖယ်ရှားခိုင်းထားတယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းရဲ့ အတည်ပြု ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ ဝပြည်တောင်ပိုင်း