နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးက အားရစရာအခြေအနေတခုကို ရောက်နေပြီလို့ NUG ပြော

ဇွန်လ (၁၇)ရက်။

ပြည်သူ့အင်အားနဲ့ ဆောင်ရွက်နေတဲ့ တော်လှန်ရေးက အားရစရာအခြေအနေတစ်ခုကို ရောက်ရှိနေပြီလို့ NUG ရဲ့ အိးဒ်ပွဲတော်နေ့ အထိမ်းအမှတ် ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

အခုအချိန်က မြန်မာနိုင်ငံကို အကြမ်းဖက်စစ်တပ်က အဓမ္မသိမ်းယူထားပြီး စစ်အာဏာရှင်တို့အလိုကျ လက်နက်အားကိုးနဲ့ ပြည်သူတွေကို နေ့တိုင်း အကြမ်းဖက်နေတယ်လို့ ဆိုပါတယ်။

ဒီလိုအကြမ်းဖက်ဖို့ရန်လိုနေတဲ့ စစ်တပ်ကို ပြည်သူတရပ်လုံးက နည်းမျိုးစုံနဲ့ တော်လှန်နေပြီး တနေ့တခြား ဆိုးရွားလာတဲ့ အခြေအနေတွေကို သတိကြီးစွာ ကာကွယ်ရမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်းကလဲ ကျရာကဏ္ဍကနေ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေကဏ္ဍမှာ ပါဝင်နေတဲ့အတွက် ဝမ်းသာဂုဏ်ယူရတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ကို ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ NUG က အသိပေးထားပါတယ်။

“ အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့မှာ အစ္စလာမ်ဘာသာဝင်အပေါင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြစေဖို့နဲ့ ဘေးအန္တရာယ်အပေါင်းကနေ ကင်းဝေးကြစေဖို့ သဝဏ်လွှာမှာ ဆုတောင်းမေတ္တာပို့သထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၃)လုံးကြဲချတိုက်ခိုက်၊ အရပ်သားတစ်ဦး ထိမှန်ပြီး နေအိမ် (၇)လုံး ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 9 Views
ဩဂုတ်လ (၉)ရက်။ ဒီကနေ့ ညနေ (၄)နာရီကျော်အချိန်က သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

နေပြည်တော်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၇၀)ဦးခန့် ထိခိုက်သေဆုံး

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 29 Views
ဩဂုတ်လ (၉)ရက်။ နေပြည်တော်ကနေ အင်အား (၆၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ Battalion 804-Nay Pyi
မြန်မာသတင်း

ကရင်နီမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ (၃၃)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 21 Views
ဩဂုတ်လ (၉)ရက်။ အခုနှစ် ကရင်နီမှာ စစ်တပ်က လေကြောင်းပစ်ခတ်တဲ့ အကြိမ်ရေ (၃၂)ကြိမ်အထိရှိခဲ့တယ်လို့ Karenni-IEC ရဲ့ (၇၇)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ ကရင်နီအပါအဝင် တနိုင်ငံလုံအတိုင်းအတာနဲ့ အကြမ်းဖက်စစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်တာ၊ စစ်ရာဇဝတ်မှု
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၀)ထက်မနည်းရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 24 Views
ဩဂုတ်လ (၉)ရက်။ လယ်ဒိုမြို့နယ်မှာ (၈)ရက်တာကာလထဲ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်တာ (၂၀)ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်ဒိုမြို့မှာ စစ်တပ်ဟာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ တိုက်ခိုက်တာတွေကို
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာကို ကန့်ကွက်တားဆီးဖို့ KNPP တိုက်တွန်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 23 Views
ဩဂုတ်လ (၉)ရက်။ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာတွေကို ကန့်ကွက်တားဆီးဖို့ KNPP က ဒီကနေ့မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းထာားတယ်လို့ သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုတရပ်လုံးနဲ့ တော်လှန်ရေးအင်အားစုတွေက အပြီးတိုင်
မြန်မာသတင်း

ရန်ကုန်ရှိ အထင်ကရနေရာတွေမှာ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 25 Views
ဩဂုတ်လ (၈)ရက်။ ဒီကနေ့မှာကျရောက်တဲ့ (၃၇)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ရန်ကုန်ရှိ အထင်ကရနေရာတွေမှာ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုကို စစ်ကောင်စီက လှည့်ကင်းတွေနဲ့ လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားက ရန်ကုန်လူထုသပိတ်နဲ့ ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့အပါအဝင် မြို့နေပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ချင်းညီနောင်လိုင်ဇာတွင် KIAနှင့် NUGခေါင်းဆောင်များနှင့်တွေ့ဆုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 27 Views
၂၀၂၅ခုနှစ် သြဂုတ်လ၈ရက် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ချင်းလူငယ်များ ဦးစီးသော ချင်းညီနောင်များ အဖွဲ့ (CB) မှ ခေါင်းဆောင်များသည် ကချင်ပြည်နယ်သို့ ခရီးရှည်ထွက်ခဲ့ကြပြီး ကချင်လွတ်လပ်ရေး အဖွဲ့ (KIA) ၏ နိုင်ငံရေးဗဟိုချက်ဖြစ်သည့် လိုင်ဇာတွင် ကချင်လွတ်လပ်ရေးတပ်မတော်
မြန်မာသတင်း

မြင့်ဆွေရဲ့ နာရေးအခမ်းအနားအတွက် စစ်ကောင်စီက ကော်မတီ (၁၁)ခုဖွဲ့စည်းထားတယ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 24 Views
ဩဂုတ်လ (၈)ရက်။ ယာယီသမ္မတ မြင့်ဆွေရဲ့ နာရေးအခမ်းအနားအတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁)ခုအထိ ဖွဲ့စည်းထားတယ်လို့ စစ်ကောင်စီရဲ့ ဈာပနအခမ်းအနားကျင်းပရေးကော်မတီထံက သိရပါတယ်။ မြင့်ဆွေရဲ့ နာရေးအခမ်းအနားကို နိုင်ငံတော်ဈာပနအနေနဲ့ ကျင်းပနိုင်ဖို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မနေ့က ပြလုပ်ခဲ့ပြီး ဈာပနအခမ်းအနားကျင်း‌ပရေး