အမေရိကန်နိုင်ငံသားတွေရဲ့ အိမ်ထောင်ဘက်တွေကို နိုင်ငံသားပေးမည်
++++++++++++++++++
နယ်စပ်ကိစ္စတွေနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေမှာ နိုင်ငံရေးကစားဖို့ ကျတော်စိတ်မဝင်စားဘူး၊ အဲဒီအခက်အခဲတွေကို ပြင်ဆင်သွားဖို့ပဲ စိတ်ဝင်စားပါတယ်”
သမိုင်းဝင်ကြိုးပမ်းမှုတစ်ခုဖြစ်တဲ့ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်ဖြစ်စေဖို့အတွက် အမေရိကန်နိုင်ငံသားတွေနဲ့ လက်ထပ်ထားသူတိုင်းကို နိုင်ငံသားပေးမယ်လို့ သမ္မတဂျိုးဘိုင်ဒန်က အင်္ဂါနေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
ဒါဟာ ရွေးကောက်ပွဲအကြိုလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ရီပက်ဘလီကန်ပြိုင်ဘက် ဒေါ်နယ်ထရန့်ရဲ့ အစုလိုက်အပြုံလိုက်ပြည်နှင်ဒဏ်ပေးမယ့် အစီအစဉ်နဲ့ သိသိသာသာ ဆန့်ကျင်နေပါတယ်။
“ ဒီနေ့ ကျတော်လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို တခြားအဖွဲ့တွေ ဘယ်လိုပဲ ပြောပြော အမေရိကန်ပြည်သူတွေအားလုံးက ထောက်ခံနေကြပါတယ်။ စစ်တမ်းကောက်ယူမှုတွေအရ အမေရိကန်လူမျိုး 70 ရာခိုင်နှုန်းကျော်ဟာ ဒီကြိုးပမ်းမှုကို ထောက်ခံကြတာပါ၊ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ မိသားစုတွေအတူတကွနေထိုင်သင့်တယ်ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ မူကို သူတို့လက်ခံကြတာပါ”
အိမ်ဖြူတော်နဲ့ ဒေသလုံခြုံရေးဌာနဟာ အမေရိကန်နိုင်ငံမှာ အနည်းဆုံး 10 ကြာနေထိုင်လာကြတဲ့ အိမ်ထောင်ဖက် 5 သိန်းကျော်ကို နိုင်ငံသားအဖြစ် လက်ခံသွားမှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်အရ အမေရိကန်နိုင်ငံသားမိဘတွေနဲ့အတူ အသက် 21 နှစ်အောက် သူတို့ရဲ့ သားသမီး 5 သောင်းကျော်လည်း အကျုံးဝင်မှာဖြစ်ပါတယ်။
ဒါပေမယ့် အများသူဌာ လုံခြုံရေးကို ခြိမ်းခြောက်နေသူတွေလို့ ယူဆခံထားရသူ ဒါမှမဟုတ် ရာဇဝတ်မှုတွေနဲ့ ပတ်သက်သူတွေကတော့ နိုင်ငံသားအဖြစ်သတ်မှတ်ခံရမှာမဟုတ်ပါဘူး။ “နယ်စပ်တွေကို လုံခြုံအောင်လုပ်ဖို့ အမေရိကားမှာရှိနေတဲ့သူတွေကို မောင်းထုတ်ရမယ်ဆိုတာမျိုးကို ကျတော်မယုံကြည်ပါဘူး”
လာမယ့်နိုဝင်ဘာလရွေးကောက်ပွဲမှာ သမ္မတဒုတိယသက်တမ်းအတွက် ကြိုးပမ်းနေတဲ့ ဒီမိုကရက်တစ်ပါတီဝင် ဂျိုးဘိုင်ဒန်ဟာ ပြိုင်ဘက်ဖြစ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို ပြောင်းပြန်လှန်မယ်လို့ ကြွေးကြော်ပြီး သမ္မတရာထူးကို ရရှိလာခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် သူ့လက်ထက်မှာ အမေရိကန်-မက္ကဆီကိုနယ်စပ်ကနေ ရွှေ့ပြောင်းအခြေချသူတွေ စံချိန်တင်ဖမ်းဆီးခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဂျိုးဘိုင်ဒန်ဟာ နယ်စပ်ဖြတ်ကျော်ပြီး ခိုလှုံခွင့်တောင်းခံလာတဲ့သူတွေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ် ဆောင်ရွက်ခဲ့ပါတယ်။
အခု ဂျိုးဘိုင်ဒန်စီစဉ်ထားတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အိမ်ထောင်ဖက်တွေကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးမယ့် အစီအစဉ်ဟာ မဲဆွယ်ကာလက ကတိကဝတ်တွေကို ဖြည့်ဆည်းပေးခဲ့တာဖြစ်သလို လူသားဆန်တဲ့လူဝင်မှုကြီးကြပ်ရေးစနစ်တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီစနစ်ကို လာမယ့်လအတွင်း စတင်တော့မှာဖြစ်တယ်လို့ ဘိုင်ဒန်အုပ်ချုပ်မှုအဖွဲ့ရဲ့ အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပြောဆိုထားပါတယ်ခင်ဗျာ . . .။