နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဲခူးမြို့က ဝင်းနိမ္မိတာရုံဆရာတော်ကို PDF တွေ ပစ်ခတ်တာဆိုပြီး စစ်ကောင်စီဗြောင်လိမ်

ဇွန်လ (၂၀)ရက်။

ပဲခူးမြိုက ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘန္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါလာတဲ့ကားကို စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့သာသနာရေးဘက်က သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

ဇွန်လ (၁၉)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကန်သုံးဆင့်ဆရာတော်နဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်တို့ဟာ ရန်ကုန်ကနေ လေယာဉ်နဲ့ မန္တလေး တံတားဦးလေဆိပ်ကို ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။

လေဆိပ်မှာ ကန်သုံးဆင့်ဆရာတော်ရဲ့ ဒါယိကာမက ဆွမ်းကပ်ကာ ကန်သုံးဆင့်ဆရာတော်ဇာတိဖြစ်တဲ့ ငါးဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့ ပို့ဆောင်ပေးခဲ့ပြီး ဝင်းနိမ္မိတာရုံဆရာတော်က ကားရှေ့ခန်းကနေ လိုက်ပါလာခဲ့တာလို့ ဖော်ပြထားပါတယ်။

ကန်သုံးဆင့်ဆရာတော်ရဲ့ ဇာတိရွာကို သွားနေတဲ့အချိန် မြို့သာနဲ့ ပန်းချီကမ္မရွာကြားမှာ စစ်ကောင်စီလုံခြုံရေးတွေက ကားကိုရပ်တန့်ခိုင်းပေမယ့် မရပ်ပေးခဲ့တာကြောင့် ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီသာသနာရေးရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေ ပစ်ခတ်လိုက်တဲ့အတွက် ဝင်းနိမ္မိတာရုံဆရာတော် ဘန္ဒန္တမုနိန္ဒာဘိဝံသဟာ နေရာမှာပဲ ပျံလွန်တော်မူခဲ့ပြီး ကားသမား ကျည်ထိမှန်ခဲ့ကာ ကန်သုံးဆင့်ဆရာတော်က ပွန်းပဲ့ဒဏ်ရာရရှိခဲ့တာလို့ သတင်းပေးပို့ထားပါတယ်။

ဖြစ်စဉ်မှာ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ခဲ့တာကို သာသနာရေးဘက်က ထူးခြားဖြစ်စဉ်အနေနဲ့ သတင်းပေးပို့ထားပေမယ့် သတင်းထုတ်ပြန်တဲ့အချိန်မှာတော့ PDF တွေက မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်တာဆိုပြီး စစ်ကောင်စီက လိမ်လည်ပြောဆိုထားပါတယ်။

ကန်သုံးဆင့်ဆရာတော်နဲ့ ဝိနိမ္မိတာရုံကျောင်းတိုက်ဆရာတော်တို့ဟာ ဒီကနေ့ မန္တလေးမြို့ရှိ မဟာဝိသုဒ္ဒါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)မှာကျင်းပမယ့် အစည်းအဝေးအတွက် အကြိုညှိနှိုင်းဆောင်ရွက်ဖို့ ကြွရောက်လာခဲ့ကြတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် (၂)လသားအရွယ်အပါအဝင် (၃)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 10 Views
ဇန်နဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီခွဲကျော်အချိန်က ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 12 Views
ဇန်နဝါရီလ (၆)ရက်။ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်း ဗုံးကြဲခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 13 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့က ည (၈)နာရီခွဲခန့်က ခင်ဦးနယ်အရှေ့ခြမ်း ကုန်းကြီးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ ခင်ဦးနယ်အရှေ့ခြမ်း လမ်းဆုံအရှေ့ဘက်က ကုန်းကြီးရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲ့ဒီစာသင်ကျောင်းမှာက မန္တလေး
မြန်မာသတင်း

ဝန်းသိုမြို့နေပြည်သူတွေ အခုရက်ပိုင်းထဲ မြို့ထဲကနေ ထွက်ခွာပေးကြဖို့ WPDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 13 Views
ဇန်နဝါရီလ (၆)ရက်။ ဝန်းသိုမြို့ရှိ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ထွက်ခွာပေးကြဖို့ ဝန်းသို-PDF က မနေ့က ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။ ဝန်းသိုမြို့ထဲ နေထိုင်နေတဲ့ ပြည်သူတွေကို ကောလင်းခရိုင်အမှတ်(၄)တပ်ရင်း-WPDF က ဇန်နဝါရီလ (၉)ရက်နေ့
မြန်မာသတင်း

မူးမြို့မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ (၃)ဦး KNLA ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 34 Views
ဇန်နဝါရီလ (၅)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က မူးမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား (၃)ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၃)ဦးဟာ စစ်တပ်ရဲ့
မြန်မာသတင်း

NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 27 Views
ဇန်နဝါရီလ (၅)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ားချက်အရ သိရပါတယ်။ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ဟာ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of
မြန်မာသတင်း

ဆားလင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်တပ် လေကြောင်းဗုံးကြဲ၊ CDM ဆရာဝန်တဦးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 28 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ဆားလင်းကြီးမြို့အနောက်ခြမ်းရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က ဂိုင်ရိုကော်ပတာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ နမခဘက်ကတက်လာတဲ့ ဂိုင်ရိုကော်ပတာ (၃)စီးနဲ့ ဆားလင်းကြီးအနောက်ခြမ်း မတောင့်တတိုက်နယ်ဆေးရုံကို ဗုံး(၃)ကြိမ်ကြဲသွားတာ။
မြန်မာသတင်း

ဟားခါးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၄)ဦး ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 20 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က ဟားခါးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က ည (၁၂)နာရီကျော်လောက် Halta ရွာနဲ့ Haiphai ရွာကို