နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁) သင်တန်းဆင်း

ဇွန်လ (၂၈)ရက်။

ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁)က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁) သင်တန်းဆင်းပွဲကို တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ပြုလုပ်ခဲ့ကြကာ စစ်ကောင်စီရဲ့တိုင်းစစ်တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁)သင်တန်းဆင်းတာကို စစ်ကောင်စီဘက်က အသေးစိတ် ထုတ်ပြန်လာတာမရှိသေးဘဲ စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားပါတယ်။

စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁)သင်တန်းကို ဧပြီလကစတင်ခေါ်ယူကာ သင်တန်းပေးခဲ့တာဖြစ်ပြီး (၃)လအကြာမှာ အခုလို သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာပါ။

မကြာခင်မှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို တာဝန်ကျရာ နေရာအသီးသီးမှာ တာဝန်ထမ်းဆောင်ခိုင်းတော့မှာဖြစ်တယ်လို့ စစ်လော်ဘီတွေက ပြောဆိုထားပါသေးတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)ကိုလဲ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ခေါ်ယူသင်တန်းပေးနေပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

See insights and ads

Boost post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချောက်မြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၇)ဦးသေဆုံးပြီး (၂၀)ခန့် ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 4 Views
ဒီဇင်ဘာလ (၃၀)ရက်။ ချောက်မြို့ရှိ စစ်တပ်ရဲ့ မြို့အဝင်ဂိတ်၊ တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်စစ်ဌာန-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

၂၀၂၆ခုနှစ်မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 5 Views
ဒီဇင်ဘာလ (၃၀)ရက်။ ၂၀၂၆ခုနှစ်မှာ တေယ်လှန်ရေးကို အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က PVTV
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 25 Views
ရွေးကောက်ပွဲကာလ မြို့နယ်ပေါင်း (၅၀)ကျော် တိုက်ခိုက်ခံရတယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ်ပေါင်း (၁၀၂)မြို့နယ်မှာ အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့အချိန် (၁၀၂)မြို့နယ်ထဲက လွိုင်ကော်မြို့အပါအဝင် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ မြို့နယ် (၁၁)ခုရှိခဲ့ပြီး
မြန်မာသတင်း

ကသာမြို့အနီးတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မြို့အဝင်အထွက် ပိတ်ထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 52 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က ညနေပိုင်းအချိန်ကစပြီး ကသာမြို့အနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသထဲသတင်း‌ရင်းမြစ်တွေထံက သိရပါတယ်။ “ မနေ့က ရွေးကောက်ပွဲလုပ်ပြီးတဲ့အချိန် ညနေပိုင်းလောက်ကစပြီး မြို့အဝင်နားမှာ တိုက်ပွဲဖြစ်တာ။ ဒီကနေ့ နေ့လယ်ပိုင်းအထိပဲ၊ တိုက်ပွဲက မြို့အဝင်
မြန်မာသတင်း

မြိတ်မြို့မှာ ရွေးကောက်ပွဲရှုံးတဲ့ ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 46 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က မြိတ်မြို့မှာ စစ်တပ်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲ ရှုံးနိမ့်တာကြောင့်ဆိုပြီး ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မြိတ်မြို့ ပသောင်းကျေးရွာအုပ်စုရှိ ပသောင်းမဲရုံမှာ မဲလာပေးသူအချို့ကို မဲရုံအမည်စစ်ဆေးသူက ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကို မဲပေးဖို့ ညွှန်ပြတာတွေရှိခဲ့တယ်လို့
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်/ကျဉ်းသူတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 38 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒိုက်ဦးထောင်ထဲ ခရစ္စမတ်နေ့ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူအချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ PPNM အပါအဝင် နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့အဖွဲ့ (၄)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ရှိ အမျိုးသမီးဆောင်မှာ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပတဲ့နေ့ စစ်တပ်ရဲ့ လပခနဲ့ ဘုရင့်နောင်တိုက်ခိုက်‌ရေးကျောင်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 55 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ သံတောင်ကြီးရှိ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လပခကို နံနက် (၁)နာရီလောက်က ရှော့တိုက်ဒုံး
မြန်မာသတင်း

မကွေးရှိ မြို့နယ်(၆)မြို့နယ်က စစ်တပ်စခန်းတွေ ထိုးစစ်ဆင်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 40 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့ကစပြီး မကွေးတိုင်းရှိ မြို့နယ် (၆)မြို့နယ်က စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ စိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ့် မကွေးတိုင်းရှိ စလင်းမြို့နဲ့ ပွင့်ဖြူမြို့အပါအဝင် မြို့နယ်