ဇွန်လ (၃၀)ရက်။
လောင်းလုံးမြို့နယ်ထဲ Boycott လုပ်ထားတဲ့ စစ်ကောင်စီထုတ်ကုန်တွေတွေ့ရင် အရေးယူသွားမယ်လို့ မြို့နယ်-ပကဖပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။
လောင်းလုံးမြို့နယ်ထဲ နယ်မြေလုံခြုံရေးလုပ်ငန်း ဆောင်ရွက်တာတွေကို မြို့နယ်ထဲရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အချိန်မရွေး စစ်ဆေးဆောင်ရွက်တာတွေ ပြုလုပ်သွားမှာဖြစ်တာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ကြည်ဖြူစွာ စစ်ဆေးခံယူဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါကြောင့် လောင်းလုံးမြို့နယ်ထဲ လှုပ်ရှားသွားလာနေတဲ့ တော်လှန်ရေးတပ်ဖွဲ့၀င်တွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်တာတွေကို ပူးပေါင်းပါ၀င်ဖို့ ဖော်ပြထားပါတယ်။
တကယ်လို့ လိုအပ်ချက်အရ စစ်ဆေးဆောင်ရွက်တာတွေအပေါ် လိုက်နာဖို့ ပျက်ကွက်ရင် နောက်ဆက်တွဲကိစ္စရပ်တွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ လုံး၀(လုံး၀)တာ၀န်ယူမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။
အခုလိုအသိပေးတာကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အပါအ၀င် Nway Oo Guerrilla Force၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့နဲ့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့တို့ပူးပေါင်းကာ လက်မှတ်ထိုးထုတ်ပြန်ထားတာလို့ သိရပါတယ်။