နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

နှစ် ၂၀ အတွင်း ပထမဆုံး ဒီဇိုင်းပြောင်းလဲမှုနှင့် ဂျပန်နိုင်ငံ၏ ငွေစက္ကူအသစ် ထုတ်ပြန်

ဇူလိုင်လ (၃) ရက်။

ငွေသားသုံးစွဲမှုကို နှစ်သက်တဲ့ဂျပန်နိုင်ငံမှာ တဖြည်းဖြည်း ငွေသားကင်းစင်သွားရန်ကြိုးပမ်းနေချိန်မှာ ငွေစက္ကူအတုအယောင် ဆန့်ကျင်ရေး နည်းပညာတွေပါဝင်တဲ့ နောက်ဆုံးပေါ် ယန်း ၁၀၀၀၀၊ ယန်း ၅၀၀၀ နဲ့ ယန်း ၁၀၀၀ တန် ငွေစက္ကူ အသစ်တွေကို ဒီကနေ့ ဇူလိုင်လ (၃) ရက်နေ့မှာ စတင်ထုတ်ပြန်လိုက်ပြီး ဂျပန်နိုင်ငံ တနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပြီဖြစ်ပါတယ်။

သမိုင်းဝင် ကိန်းဂဏန်းတွေပါရှိတဲ့ သုံးဖက်မြင် ဟိုလိုဂရမ်တွေပါရှိတဲ့ ငွေစက္ကူအသစ်တွေရဲ့ ပထမအသုတ်ကို ဂျပန်ဘဏ်ရုံးချုပ်ကနေ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီကို ထရပ်ကားတွေနဲ့ ပို့ဆောင်ခဲ့ပါတယ်။

ဒီနေ့ ဇူလိုင်လ (၂) ရက်နေ့မှာပဲ အဲ့ဒီငွေစက္ကူအသစ်တွေကို ဘဏ်တွေနဲ့ အလိုအလျောက်ငွေထုတ်သွင်းစက် ATM တွေမှာ ရရှိနိုင်ပါတယ်။ အရင်ငွေစက္ကူတွေကလည်း တရားဝင်အဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

ငွေစက္ကူ တစ်သောင်းတန်မှာတော့ ဂျပန်စီးပွားရေးပညာရှင် စက်မှုလုပ်ငန်းရှင် ရှီဘူဇာဝါ အေအီချိ (Shibusawa Eiichi (1840-1931) ) ရဲ့ ဓာတ်ပုံကို အသုံးပြုထားပါတယ်။

ငွေစက္ကူ ငါးထောင်တန်မှာတော့ လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတွေရဲ့ အဆင့်အတန်းကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သူ ဆူဒါ အူမေကို (Tsuda Umeko (1864-1929)) ကို အသုံးပြုထားပြီး တစ်ထောင်တန် ငွေစက္ကူမှာတော့ ခေတ်သစ်ဂျပန်ဆေးပညာဖခင်လို့ လူသိများတဲ့ အဏုဇီဝဗေဒပညာရှင် ကီတာဇာဝါ ရှီဘာစာဘူရို (Shibasaburo Kitasato (1853-1931)) ကို အသုံးပြုထားပါတယ်။

ငွေစက္ကူတွေကို ဒီဇိုင်းပြန်ရေးဆွဲဖို့ အစီအစဉ်ကို ၂၀၁၉ ခုနှစ်မှာ ဂျပန်အစိုးရက ကြေညာခဲ့ပြီး ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပြင်ဆင်ချိန် ရစေခဲ့ပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ATM စက်တွေနဲ့ လက်မှတ်ရောင်းချတဲ့စက်အများစုနဲ့ စျေးရောင်းချတဲ့စက်တွေမှာလည်း ငွေစက္ကူ တွေနဲ့ ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့နေရာနဲ့ မဖြစ်သေးတဲ့နေရာတွေလည်း ရှိနေပါသေးတယ်။ အဆင်သင့် မဖြစ်သေးတဲ့နေရာတွေမှာတော့ ငွေစက္ကူအသစ်တွေကို အဟောင်းတွေနဲ့ လဲပေးပြီး သုံးစွဲလို့ရအောင် လုပ်ပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 28 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 36 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 41 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်