ဇူလိုင်လ (၄) ရက်။
ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အပတ်စဉ် (၃) သင်တန်းဆင်း ရဲဘော်တစ်ဦး ဖြစ်တယ် ရဲဘော် ကျော်မျိုးလှိုင် (ခေါ်) ဗလကြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စခန်းသိမ်းတိုက်ပွဲ ပါဝင်တိုက်ခိုက်ရင်း ဒီကနေ့ ဇူလိုင်လ (၄) ရက်နေ့ ညနေပိုင်းမှာ ကျဆုံးသွားခဲ့တယ်လို့ BPLA က သတင်းထုတ်ပြန်ပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (Bamar People’s Liberation Army BPLA ) ဟာ ၂၀၂၁-၂၀၂၂ ခုနှစ် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ကဗျာဆရာ မောင်ဆောင်းခ အပါအဝင် ၁၇ ဦးနဲ့၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါတယ်။
BPLA ရဲ့ ရည်ရွယ်ချက်တွေမှာ ဗမာဗုဒ္ဓဘာသာတွေ လွှမ်းမိုးချုပ်ကိုင်မှု ရပ်တန့်ရေး အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအောက်မှာ မြန်မာနိုင်ငံရှိ မတူကွဲပြားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မာစေရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအမည်ခံ၍ နိုင်ငံရေးအပေးအယူ အလျှော့အတင်း မလုပ်ရေးနဲ့ “ ဗမာပြည်နယ်” ဒါမှမဟုတ် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုမှာ ဗမာယူနှစ်ကို အခြေခံတဲ့ မဲဆန္ဒနယ်မြေတစ်ခု အသိအမှတ်ပြုရေးတို့ ဖြစ်တယ်လို့ သိရပါတယ်။