နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးရှိ Denko ဆီဆိုင်ထဲက အသေးစားဘဏ် ဓါးပြတိုက်ခံရကာ ကျပ်သိန်း (၆၀၀)ခန့်ပါသွားခဲ့

ဇူလိုင်လ (၅)ရက်။

ဒီကနေ့ နံနက် (၁၁)နာရီ (၁၅)မိနစ်အချိန်က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာရှိ Denko ဆီဆိုင်ထဲက အသေးစားဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ရုပ်သံဖိုင်ထွက်ပေါ်လာချက်အရ သိရပါတယ်။

“ ဓါးပြတိုက်တဲ့သူတွေက (၆)ယောက်ပါ၊ သေနတ်တွေလဲပါတယ်၊ တံခါးဖွင့်ခိုင်းပြီး ၀န်ထမ်းတွေကို ထောင့်မှာကပ်နေဖို့နဲ့ မအော်ဖို့ပြောပါတယ်။ ပြီးတော့ ပါလာတဲ့ပုဆိုးနဲ့ ပိုက်ဆံတွေသယ်သွားတာ” လို့ ရုပ်သံဖိုင်ထဲ ပြောဆိုထားပါတယ်။

ပုသိမ်ကြီးမြို့၊ နန်းဦးလွင်ရွာ၊ (၂၆)လမ်းနဲ့ မြို့ပတ်လမ်းထောင့်ရှိ Denko ဆီဆိုင်ထဲက နန်းဦးလွင် Agency အသေးစားဘဏ်ကို သေနတ်အတို(၂)လက်နဲ့အတူ ဆိုင်ကယ်(၃)စီးနဲ့ လူ(၆)ဦးက ဓါးပြတိုက်ခဲ့တာပါ။

နန်းဦးလွင်အေဂျင်စီအသေးစားဘဏ် ဓါးပြတိုက်ခံရတာကြောင့် ငွေကျပ်သိန်း(၆၀၀)ခန့် ပါသွားခဲ့တယ်လို့ ကနဦးသိရပြီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေက စစ်ဆေးတာတွေပြုလုပ်ခဲ့ကြပါတယ်။

နန်းဦးလွင်‌အေဂျင်စီအသေးစားဘဏ်ဟာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ယာဉ်ထိန်းရဲတွေ ဂိတ်ဖွင့်ပြီး နေ့တိုင်းဖမ်းဆီးစစ်ဆေးတဲ့နေရာနဲ့ အနီးဆုံးမှာရှိပြီး အခုလို ဓါးပြတိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ ရွှေဆိုင်အပါအ၀င် လုယက်၊ သတ်ဖြတ်၊ ဓါးပြတိုက်ခံရတာတွေဟာ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီအနေနဲ့ ဖမ်းဆီးရမိတာနည်းတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန္တလေးမြို့လယ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 0 Views
အောက်တိုဘာလ (၃)ရက်။ မန္တလေးမြို့လယ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဖာပွန်မှာ စစ်တပ်နဲ့ BGF ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 10 Views
ဖာပွန်မှာ စစ်တပ်နဲ့ BGF ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ အောက်တိုဘာလ (၃)ရက်။ စက်တင်ဘာလ (၂၆)ရက်နေ့က ဖာပွန်ခရိုင်ထဲ စစ်တပ်နဲ့
မြန်မာသတင်း

ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရဲဘော် (၂)ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 29 Views
အောက်တိုဘာလ (၂)ရက်။ ရန်ကုန်မှာ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ သပိတ်စစ်ကြောင်းက တော်လှန်ရဲဘော် (၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရဲဘော် (၂)ဦးက ဇွန်လ (၃)ရက်နေ့မှာ မြေပြင်ကိစ္စသွားရင်း အဆက်အသွယ်ပြတ်တောက်သွားတာ။
မြန်မာသတင်း

နမ္မတူမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် အရပ်သား (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 29 Views
နမ္မတူမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် အရပ်သား (၄)ဦး သေဆုံးခဲ့ အောက်တိုဘာလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းအနီးကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမ္မတူ
မြန်မာသတင်း

ရေစကြိုမှာ တိုက်နယ်ပအဖဆီကနေ လေလံစနစ်နဲ့ဝယ်လာတဲ့ သစ်တွေကို ဒေသထဲတပ်ပေါင်းစုက ဖမ်းဆီး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 26 Views
အောက်တိုဘာလ (၂)ရက်။ စက်တင်ဘာလ (၂၆)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ရေစကြိုမြို့ရှိ တောလမ်းတနေရာမှာ ကျောတိုက်နယ်ပအဖဆီက ဝယ်လာတဲ့ သစ်ကားကို Southern Yesagyo Local တပ်ပေါင်းစုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ “ ကျောတိုက်နယ်ပအဖဆီကနေ လေလံတင်ရောင်းလိုကတဲ့
မြန်မာသတင်း

ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 25 Views
အောက်တိုဘာလ (၂)ရက်။ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ ကျောက်မဲမြို့ကို ပြန်ရဖို့နဲ့ နောင်ချို-ကျောက်မဲလမ်းပိုင်း ပြန်ဖွင့်နိုင်ဖို့ စက်တင်ဘာလဆန်းပိုင်းကစပြီး မြေပြင်/ဝေဟင်အပါအဝင် စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်ခဲ့တာလို့
မြန်မာသတင်း

နိုင်ငံတဝန်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၃၀၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 39 Views
အောက်တိုဘာလ (၁)ရက်။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာကြောင့် ပြည်သူ (၃၀၂၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်တာတွေကြောင့် သေဆုံးခဲ့ရသူတွေထဲ
မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပရှိ စစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 45 Views
အောက်တိုဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီ (၅၀)မိနစ်အချိန် မြောက်ဥက္ကလာပမြို့ရှိ စစ်တပ်လက်အောက်ခံ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီအုပ်ချုပ်ရေးမှူးရုံးက အုပ်ကြီးနဲ့ လူမိုက်တွေက ‌တရားမဝင်ရွေးကောက်ပွဲကို