နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်ပြည် မောင်တော နခခ (၂) ကို AA သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်

++++++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၇) ရက်။

ရခိုင်ပြည်၊ မောင်တောမြို့အနီးရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီး နှစ်ခုထဲမှ တစ်ခုထဲမှာဖြစ်တဲ့ နခခ (၂) လေးမိုင်စခန်းကို AA က သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ဒီနေ့ ဇူလိုင်လ (၇) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နခခ (၂) လေးမိုင်စခန်းနဲ့ နခခ(၅) မြို့သူကြီးစခန်းတွေကို AA က မိုးတွင်းထိုးစစ်အဖြစ် ဆက်လက်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၆ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလော-င်း (၃၅၀) ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနဲ့အတူ နခခ (၂) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

နခခ (၂) မှာ စစ်ကောင်စီရဲ့ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်၊ စကခ (၁၇) လက်အောက်ခံ တပ်ရင်းတွေကလည်း စုပေါင်းခုခံခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခြင်္သေ့ရုပ်တွေ့ရင် လက်ညှိုးနဲ့ ခလုပ်နှိပ်ပါဆိုပြီး မဲပေးစက်အကြောင်း ရှင်းပြချိန် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦး မဲဆွယ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 8 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ပြင်ဦးလွင်မြို့ရှိ ဝါးပိုးရေရွာနဲ့ အင်သာရွာတို့မှာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦးက မဲဆွယ်စည်းရုံးခဲ့တယ်လို့
မြန်မာသတင်း

ကျုံဒိုးမြို့မှာ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို လက်မခံဖို့နဲ့ ည(၈)နာရီကနေ နံနက် (၆)နာရီအထိ ခရီးမသွားဖို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 10 Views
နိုဝင်ဘာလ (၇)ရက်။ ကျုံဒိုးမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ လက်ခံခေါ်ယူတာ မလုပ်ဖို့ KNU က အမိန့်ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မိုးကုတ်မြို့ကို ကာကွယ်ဖို့ PDF တပ်ရင်း(၁)ရင်း ထပ်တိုးဖွဲ့စည်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 9 Views
နိုဝင်ဘာလ (၇)ရက်။ မိုးကုတ်မြို့ကို ကာကွယ်ဖို့ “ Ruby Land PDF” မိုးကုတ်တပ်ရင်း(၁)ရင်းကို ထပ်တိုးဖွဲ့စည်းခဲ့တယ်လို့ PDF-TRI ဗျူဟာရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ Ruby Land PDF” ကို
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားဖို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 11 Views
နိုဝင်ဘာလ (၇)ရက်။ စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားနိုင်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘယ်သူမဆို ပြည်သူကို အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ဖြူးမြို့မှာ လေကြောင်းဗုံးကြဲတဲ့ စစ်တပ်ရဲ့ စက်တပ်ယာဉ်တစ်စီး ပျက်ကျကာ (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 36 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ဖြူးမြို့ရှိ မကျည်းတောင်ကုန်းရွာကို စစ်တပ်က စက်တပ်လေယာဉ် (၂)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်‌ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မကျည်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က gyrocopter (၂)စီးနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့ တားမြစ်ချက်တွေပါဝင်တဲ့ လုပ်ထုံးလုပ်နည်း ချင်းပြည်ကောင်စီ ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 39 Views
နိုဝင်ဘာလ (၆)ရက်။ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့နဲ့ ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ချင်းပြည်ကောင်စီ(Chinland Council)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီလုပ်ထုံးလုပ်နည်းထဲ တားမြစ်ချက်တွေအပါအဝင် အပိုင်း (၆)ပိုင်း ပါဝင်ပြီး ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၂၃)ရဲ့ လုပ်ပိုင်ခွင့်အရ
မြန်မာသတင်း

ကော့ကရိတ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေကာ စစ်တပ်စစ်ကြောင်း အထိနာပြီး တပ်လန်ပြန်ဆုတ်ခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 35 Views
နိုဝင်ဘာလ (၆)ရက်။ အခုလဆန်းပိုင်းကစပြီး ကော့ကရိတ်မြောက်ပိုင်းရှိ ထီဖိုးစံရွာဘက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ထီဖိုးစံရွာဘက်မှာ အခုလဆန်းပိုင်းကစပြီး မနေ့ကအထိ စစ်တပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာ။ စစ်တပ်ဘက်က
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲလမ်းမကို အသုံးမပြုဖို့ KNDF အသိပေးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 23 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေတွေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးပြု ဖြတ်သန်းသွားလာတာ မလုပ်ဖို့ KNDF က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုအခါ ဖရူဆိုမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေဟာ ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဘက်ကို ဦးတည်ကာ စစ်ရေးလှုပ်ရှားတာတွေ