နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတူပီမြို့သိမ်းတိုက်ပွဲတွင် MDF တပ်ဖွဲ့၀င် ရဲဘော် (၃) ဦး ကျဆုံး

ဇူလိုင်လ (၈) ရက်။

ချင်းညီနောင် မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ မတူပီမြို့သိမ်းတိုက်ပွဲအတွင်းမှာ မရာလဲန်းကာကွယ်ရေးတပ် (Maraland Defense Force-MDF) အဖွဲ့ဝင် (၃)ဦး ကျဆုံးသွားတယ်လို့ Maraland Defense Force-MDF က ထုတ်ပြန်ပါတယ်။

မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့ဝင်တွေနဲ့အတူ မဟာမိတ် အာရက္ခတပ်တော် (AA), Yaw Army (YA)၊ Yaw Defense Force (YDF) တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်၍ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်အယ်လိုက်ဇာ (၁၈)နှစ်၊ ယေရုစလင် (၂၅နှစ်)၊ ဆီးထား (၁၉နှစ်) တို့အပေါ် ကျန်ရစ်သူရဲဘော်တွေရဲ့ မိသားစုတွေအိမ်းထပ်တူ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ဝမ်းနည်းစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ မရာလဲန်းကာကွယ်ရေးတပ်က ဖော်ပြထားပါတယ်။

အချက်အလက်

+++++++++

MTC/MDF (မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ / မရာလဲန်းကာကွယ်ရေတပ်ဖွဲ့)

၂၀၀၈ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် မရာပြည်သူ့တပ်မတော် (MPA) ကို စတင်ဖွဲ့စည်း လှုပ်ရှားခဲ့သည်။ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် အိန္ဒိယနယ်စပ်တနေရာတွင် နအဖကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုခဲ့သော်လည်း ရလဒ်မထွက်ခဲ့။ MPA လှုပ်ရှားမှုများလည်း ၂၀၁၂ ခုနှစ်တွင် ရပ်တန့်သွားခဲ့သည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၃၀ တွင် ပြန်လည်စုစည်းပြီး မရာအမျိုးသားလွတ်မြောက်ရေးတပ်ဦး (Mara National Liberation Front- MNLF) နှင့် မရာအမျိုးသားတပ်မတော် (Mara National Army- MNA) ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ချင်းပြည်နယ်တွင်း လှုပ်ရှားမှုများ၌ Mara National Defense Force (MNDF) ဟု စက်တင်ဘာလတွင် ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မရာစစ်တပ် (Mara Army) ဟု ပြန်လည်ပြောင်းလဲခေါ်ဆိုခဲ့သည်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် ပါတီအမည်ကို မရာအမျိုးသားပါတီ (Mara National Party- MNP) ဟု ပြောင်းလဲခဲ့ပြီး တပ်အမည်အား မူလအတိုင်း MNA ဟု ဆက်လက် ထားရှိခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ချင်းပြည်နယ်တွင်း လှုပ်ရှားမှုများ၌ Mara National Defense Force (MNDF) ဟု စက်တင်ဘာလတွင် ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မရာစစ်တပ် (Mara Army) ဟု ပြန်လည်ပြောင်းလဲခေါ်ဆိုခဲ့ပါသည်။

MTC/MDF ဖြစ်ပေါ်လာပုံ

++++++++++++++

ပထမအကြိမ် မရာပြည်သူ့ညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ နှင့် ၃၀ ရက်များတွင် ကျင်းပခဲ့ပြီး ကိုယ်စားလှယ်နှင့် ဖိတ်ကြားထားသူ ၂၇၅ ဦး တက်ရောက်ခဲ့ပြီး ယင်းညီလာခံတွင် မရာပဋိညာဉ် (Mara Charter) ဆွေးနွေးအတည်ပြုခြင်း၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (Maraland Administrative Territorial Council- MATC) (နောင်တွင် MTC ဟု ပြောင်းလဲခေါ်ဝေါ်) ကို ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့် ကော်မတီဝင် ၁၅ ဦးတင်မြှောက်ခြင်း၊ တရားသူကြီးရွေးချယ်ခြင်း၊ လုပ်ငန်းဌာန ၁၁ ခုဖွဲ့စည်းခြင်း၊ CDF- Mara နှင့် Mara Army အား တဖွဲ့တည်းအဖြစ် ပူးပေါင်းပြီး Maraland Defense Force- MDF အဖြစ် ဖွဲ့စည်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

မရာပြည်သူ့ညီလာခံတွင် မရာကျေးရွာ ၄၄ ရွာမှ လူထုကိုယ်စားလည် ၈၆ ရာခိုင်နှုန်း အပါအဝင် ပြည်တွင်းပြည်ပမှ ကိုယ်စားလှယ် ၂၇၅ ဦး တက်ရောက်ဆုံးဖြတ်သည်ဖြစ်ရာ MTC/MDF သည် လူထုကိုယ်စားပြုမှု တရားဝင်မှုရှိသည်ဟု ပြောဆိုထားပါသည်။

မရာ (ချင်း) မျိုးနွယ်စုဝင်များသည် ချင်းပြည်၊ ပလက်ဝ၊ မတူပီနှင့် ထန်တလန်မြို့နယ်များတွင် နေထိုင်ကြသည်။

MTC/MDF သည် CNF/CNA လက်အောက်ခံ CDF- Mara ကို အသိအမှတ်မပြုဟု ဆိုထားပြီး လက်နက်ကိုင် ပဋိပက္ခလည်း ဖြစ်ပွားနေသည်။ MTC/MDF သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး အာရက္ခတပ်တော် (AA) နှင့်လည်း မဟာမိတ်ဖြစ်သည်။

MTC/MDF သည် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းပြီး ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းအပါအဝင် တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

MTC/MDF သည် ချင်းညီနောင်အဖွဲ့ဝင်အဖြစ် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင်လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီကနေ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမြင်ကွင်းများ(သတင်းဓါတ်ပုံ)

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 19 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က အသံတိတ်သပိတ်လှုပ်ရှားမှု မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။ “ ဒီနေ့ အသံတိတ်သပိတ်ရှိတော့
မြန်မာသတင်း

ရေစကြိုမှာ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ မြို့နယ်ပအဖ သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 20 Views
ဒီဇင်ဘာလ (၁၀)ရက်။ ရေစကြိုမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။ အခုအခါ
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 19 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်တွေက KNU ဌာနချုပ် တပ်မဟာ(၇)နယ်မြေ ကလို့ယော်လေးကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၂)နာရီလောက်ကစပြီး KNU ဌာနချုပ် တပ်မဟာ(၇)
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲက ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်တယ်လို့ ဩစတြေးလျအစိုးရထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 22 Views
ဒီဇင်ဘာလ (၁၀)ရက်။ သက်ဆိုင်သူအားလုံးမပါဝင်နိုင်တဲ့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲက ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်တယ်လို့ ဒီကနေ့ ဩစတြေးလျအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ဩစတြေးလျအစိုးရအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း အစစ်အမှန်ဖြစ်ဖို့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မတရားဖမ်း‌ဆီးထားသူအားလုံးကို
မြန်မာသတင်း

ဒေါက်တာတေဇာဆန်းအပါ (၁၀)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 15 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒေါက်တာတေဇာဆန်းအပါအဝင် (၁၀)ဦးကို ရွေးကောက်ပွဲကိုကာကွယ်တဲ့ဥပဒေပုဒ်မ ၂၃(ခ)နဲ့ စစ်တပ်က အမှုဖွင့်ထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က အမှုဖွင့်ထားသူတွေဟာ ဒေါက်တာတေဇာဆန်း၊ ကိုခန့်ဝေဖြိုး၊ ကိုနန်းလင်း၊ ထက်မြတ်အောင်၊ မေချီ(ခ)ချီချီနဲ့ မရွှန်း(ခ)ရွှန်းရွှန်းအပြင် စိစစ်ဆဲ
မြန်မာသတင်း

ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 32 Views
ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ ဒီဇင်ဘာလ (၉)ရက်။ ဒီဇင်ဘာလ (၇)ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ရဲ့ အထင်ကရ လူစည်ကားရာနေရာဖြစ်တဲ့ လှည်းတန်းဈေးအနီးမှာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်
မြန်မာသတင်း

သစ်တောဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရတာ‌တို့ကြောင့် သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ သယံဇာတဝန်ကြီးဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 26 Views
ဒီဇင်ဘာလ (၉)ရက်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍရဲ့ သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးဌာနအနေနဲ့ NUG စိုးမိုးနယ်မြေထဲ သယံဇာတတွေ ရေရှည်တည်တံ့စေဖို့၊ လူမှုစီးပွားအခြေခံလိုအပ်ချက်အတွက် အထောက်အပံ့ဖြစ်စေဖို့နဲ့
မြန်မာသတင်း

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 33 Views
အစိုးရအဖွဲ့ ပြုပြင်ပြောင်း‌လဲရေး အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုပြုပြင်ပြောင်းလဲတာ ပထမအဆင့်လို့ဆို ဒီဇင်ဘာလ (၉)ရက်။ NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်သူထံ အသိပေးတဲ့မိန့်ခွန်းမှာ