နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတူပီမြို့သိမ်းတိုက်ပွဲတွင် MDF တပ်ဖွဲ့၀င် ရဲဘော် (၃) ဦး ကျဆုံး

ဇူလိုင်လ (၈) ရက်။

ချင်းညီနောင် မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ မတူပီမြို့သိမ်းတိုက်ပွဲအတွင်းမှာ မရာလဲန်းကာကွယ်ရေးတပ် (Maraland Defense Force-MDF) အဖွဲ့ဝင် (၃)ဦး ကျဆုံးသွားတယ်လို့ Maraland Defense Force-MDF က ထုတ်ပြန်ပါတယ်။

မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့ဝင်တွေနဲ့အတူ မဟာမိတ် အာရက္ခတပ်တော် (AA), Yaw Army (YA)၊ Yaw Defense Force (YDF) တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်၍ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်အယ်လိုက်ဇာ (၁၈)နှစ်၊ ယေရုစလင် (၂၅နှစ်)၊ ဆီးထား (၁၉နှစ်) တို့အပေါ် ကျန်ရစ်သူရဲဘော်တွေရဲ့ မိသားစုတွေအိမ်းထပ်တူ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ဝမ်းနည်းစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ မရာလဲန်းကာကွယ်ရေးတပ်က ဖော်ပြထားပါတယ်။

အချက်အလက်

+++++++++

MTC/MDF (မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ / မရာလဲန်းကာကွယ်ရေတပ်ဖွဲ့)

၂၀၀၈ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် မရာပြည်သူ့တပ်မတော် (MPA) ကို စတင်ဖွဲ့စည်း လှုပ်ရှားခဲ့သည်။ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် အိန္ဒိယနယ်စပ်တနေရာတွင် နအဖကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုခဲ့သော်လည်း ရလဒ်မထွက်ခဲ့။ MPA လှုပ်ရှားမှုများလည်း ၂၀၁၂ ခုနှစ်တွင် ရပ်တန့်သွားခဲ့သည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၃၀ တွင် ပြန်လည်စုစည်းပြီး မရာအမျိုးသားလွတ်မြောက်ရေးတပ်ဦး (Mara National Liberation Front- MNLF) နှင့် မရာအမျိုးသားတပ်မတော် (Mara National Army- MNA) ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ချင်းပြည်နယ်တွင်း လှုပ်ရှားမှုများ၌ Mara National Defense Force (MNDF) ဟု စက်တင်ဘာလတွင် ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မရာစစ်တပ် (Mara Army) ဟု ပြန်လည်ပြောင်းလဲခေါ်ဆိုခဲ့သည်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် ပါတီအမည်ကို မရာအမျိုးသားပါတီ (Mara National Party- MNP) ဟု ပြောင်းလဲခဲ့ပြီး တပ်အမည်အား မူလအတိုင်း MNA ဟု ဆက်လက် ထားရှိခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ချင်းပြည်နယ်တွင်း လှုပ်ရှားမှုများ၌ Mara National Defense Force (MNDF) ဟု စက်တင်ဘာလတွင် ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မရာစစ်တပ် (Mara Army) ဟု ပြန်လည်ပြောင်းလဲခေါ်ဆိုခဲ့ပါသည်။

MTC/MDF ဖြစ်ပေါ်လာပုံ

++++++++++++++

ပထမအကြိမ် မရာပြည်သူ့ညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ နှင့် ၃၀ ရက်များတွင် ကျင်းပခဲ့ပြီး ကိုယ်စားလှယ်နှင့် ဖိတ်ကြားထားသူ ၂၇၅ ဦး တက်ရောက်ခဲ့ပြီး ယင်းညီလာခံတွင် မရာပဋိညာဉ် (Mara Charter) ဆွေးနွေးအတည်ပြုခြင်း၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (Maraland Administrative Territorial Council- MATC) (နောင်တွင် MTC ဟု ပြောင်းလဲခေါ်ဝေါ်) ကို ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့် ကော်မတီဝင် ၁၅ ဦးတင်မြှောက်ခြင်း၊ တရားသူကြီးရွေးချယ်ခြင်း၊ လုပ်ငန်းဌာန ၁၁ ခုဖွဲ့စည်းခြင်း၊ CDF- Mara နှင့် Mara Army အား တဖွဲ့တည်းအဖြစ် ပူးပေါင်းပြီး Maraland Defense Force- MDF အဖြစ် ဖွဲ့စည်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

မရာပြည်သူ့ညီလာခံတွင် မရာကျေးရွာ ၄၄ ရွာမှ လူထုကိုယ်စားလည် ၈၆ ရာခိုင်နှုန်း အပါအဝင် ပြည်တွင်းပြည်ပမှ ကိုယ်စားလှယ် ၂၇၅ ဦး တက်ရောက်ဆုံးဖြတ်သည်ဖြစ်ရာ MTC/MDF သည် လူထုကိုယ်စားပြုမှု တရားဝင်မှုရှိသည်ဟု ပြောဆိုထားပါသည်။

မရာ (ချင်း) မျိုးနွယ်စုဝင်များသည် ချင်းပြည်၊ ပလက်ဝ၊ မတူပီနှင့် ထန်တလန်မြို့နယ်များတွင် နေထိုင်ကြသည်။

MTC/MDF သည် CNF/CNA လက်အောက်ခံ CDF- Mara ကို အသိအမှတ်မပြုဟု ဆိုထားပြီး လက်နက်ကိုင် ပဋိပက္ခလည်း ဖြစ်ပွားနေသည်။ MTC/MDF သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး အာရက္ခတပ်တော် (AA) နှင့်လည်း မဟာမိတ်ဖြစ်သည်။

MTC/MDF သည် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းပြီး ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းအပါအဝင် တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

MTC/MDF သည် ချင်းညီနောင်အဖွဲ့ဝင်အဖြစ် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင်လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 13 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 15 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 15 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 27 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 28 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 28 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏