နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်

1027 Operations

1027 Operations မြန်မာသတင်း

စစ်ကောင်စီရဲ့ အင်းကြင်းမြိုင်တပ်စခန်းကရရှိတဲ့ လေယာဉ်ပစ် စက်သေနတ်ကြီးတွေနဲ့ လေ့ကျင့်ပြင်ဆင်ပြီးပြီလို့ MDY-PDF ထုတ်ပြန်

ဇူလိုင်လ (၁၁)ရက်။

မတ္တရာမြို့က စစ်ကောင်စီရဲ့ အင်ကြင်းမြိုင်တပ်စခန်းကနေ ရရှိထားတဲ့ လေယာဉ်ပစ် စက်သေနတ်ကြီးတွေနဲ့ လေ့ကျင့်ပြင်ဆင်ပြီးပြီလို့ MDY-PDF ရဲ့ ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေအနေနဲ့ အမြန်ဆုံး လက်နက်ချအလင်း၀င်ဖို့နဲ့ လက်နက်ချအလင်း၀င်တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ကောင်းမွန်စွာ နေထိုင်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

လက်နက်မချတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။

MDY-PDF နဲ့ TNLA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့က နောက်ဆုံးကျန်တဲ့ စစ်ကောင်စီရဲ့ ဒုံးတပ်ရင်း(၆၀၆)စခန်းကို မနေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုအခါ နောင်ချိုမြို့နယ် တခုလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြည်ြအ၀ ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီကင်းစင်တဲ့ မြို့တစ်မြို့ဖြစ်လာကာ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းထဲ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။

‌ဒါ့ပြင် နောင်ချိုမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခမရ(၁၁၄)၊ ခမရ(၁၁၅)နဲ့ အမတ(၆၀၆)တပ်စခန်းတွေကနေ အတွဲလိုက်ပစ်ဒုံးလက်နက်တွေအပါအ၀င် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းတွေလဲ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

MDY-PDF အနေနဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းနဲ့အတူ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တိုင်းဗဟိုသင်တန်းကျောင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 23 Views
အောက်တိုဘာလ (၁၁)ရက်။ အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 23 Views
အောက်တိုဘာလ (၁၁)ရက်။ ‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား (၅)ဦးသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 22 Views
အောက်တိုဘာလ (၁၁)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဘီးလင်းမြို့ ပျဉ်းမပင်ဆိပ်ရွာရှိ ကဘောယူပလောနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ ည(၈)နာရီ (၁၀)မိနစ်မှာ
မြန်မာသတင်း

ရခိုင်ဒေသထဲ သိမ်းပိုက်ဖို့ကျန်တဲ့မြို့တွေကို ရရှိအောင် ဆက်လက်ကြိုးစားနေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 20 Views
အောက်တိုဘာလ (၁၁)ရက်။ ရခိုင်ဒေသထဲ သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတချိန်ထဲမှာ စစ်ကော်မရှင်ဟာ သူစွန့်လွှတ်ခဲ့ရတဲ့နေရာတွေကို ပြန်ရဖို့ နိုင်ငံအနှံထိုးစစ်ဆင်နေသလို ရခိုင်ရှိ ကျောက်ဖြူမြို့ကို ကြည်း၊ရေ၊လေ ပူးပေါင်းကာ
မြန်မာသတင်း

မဲစာရင်း အချက်အလက် ကွဲလွဲတာတွေရှိတယ်လို့ စစ်ကော်မရှင်ဝန်ကြီး ဝန်ခံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 14 Views
အောက်တိုဘာလ (၁၁)ရက်။ ရွေးကောက်ပွဲအတွက်ဆိုပြီး ကြေညာထားတဲ့ မဲစာရင်း အချက်အလက်ကွဲလွဲတာတွေရှိတယ်လို့ စစ်ကော်မရှင်ရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်က မနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပထမအကြိမ်အနေနဲ့ မဲစာရင်းတွေကို ကြေညာခဲ့တာမှာ အချို့ဒေသတွေမှာ မဲစာရင်း မပြည့်စုံတာ၊ အချက်အလက်ကွဲလွဲတာနဲ့ လိုအပ်ချက်တွေ
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းမကြီးပေါ် ယာဉ်တန်းလုံခြုံရေးယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 16 Views
အောက်တိုဘာလ (၁၀)ရက်။ ဒီကနေ့ နံနက် (၇)နာရီ (၁၀)မိနစ်အချိန်က မုံရွာ-မန္တလေးလမ်းမပေါ်မှာ ယာဉ်တန်းလုံခြုံးရေးယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့၀င်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ-မန္တလေးလမ်းမပေါ်မှာ စစ်ကော်မရှင်ယာဉ်တန်းကို လုံခြံရေးယူဖို့ ထွက်လာတဲ့ ကင်းတာဝန်ကျ
မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 57 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချောင်းဦးမြို့မှာ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ပွဲတော်ရက်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူတွေ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်တဲ့သတင်းကို
မြန်မာသတင်း

မိုးမိတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 62 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဝဲဘောင်းရွာထဲကို