နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်

1027 Operations

1027 Operations မြန်မာသတင်း

စစ်ကောင်စီ လက်အောက်ရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဝင်ရောက်နေရာယူထိန်းချုပ်

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၁၁) ရက်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ဒီနဲ့ ဇူလိုင်လ (၁၁) ရက်နေ့မှာ တပ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်နေရာယူက ထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။

တန့်ယန်းမြို့ကို စစ်မီး မကူးစက်လာရေးအတွက် ဒေသခံတွေရဲ့ တောင်းဆိုချက်အရ စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး ဝင်ရောက် နေရာယူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

“ ဝ” ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “ကျယ်ပြန့်လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန့်ယန်းဘက် ကူးမလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ စိုးရိမ်နေကြတဲ့ ဒေသခံနဲ့ ကျနော်တို့မိသားစုများရဲ့ တောင်းဆိုချက်နဲ့အတူ အစိုးရနဲ့ ညှိနှိုင်းပြီး ဝင်ရောက်တာ မှန်ပါတယ်။ မူလ ကျနော်တို့ရဲ့ ဘက်မလိုက် မူဝါဒကို ကျင့်သုံးပြီး ပဋိပက္ခ ဖြစ်ပွားမှုကိုလည်း လက်ခံမှာ မဟုတ်ပါဘူး။ တန့်ယန်းဒေသ တည်ငြိမ်အေးချမ်းရေး လိုလားပြီး အဘက်ဘက်အတွက်လည်း အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်” လို့ မီဒီယာတွေမှာ ပြောဆိုထားပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို TNLA နဲ့ MNDAA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ (၁၀) ရက်နေ့မှာ တန့်ယန်းမြို့နယ်၊ အမှတ် ၈ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းရှိရာ မန်ကတ်တပ်စခန်းနဲ့ မန်ပတ်တပ်စခန်းတွေကို TNLA ထိုးစစ်ဆင်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး ဒီနေ့ ဇူလိုင်လ (၁၁) ရက်နေ့မှာတော့ ထောင်နဲ့ချီတဲ့ UWSA တပ်ဖွဲ့ဝင်တွေဟာ တန့်ယန်းမြို့အတွင်းကို ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသမှာ အောင်ပွဲရနေတဲ့ TNLA နဲ့ MNDAA တို့ဟာ UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတုန်းက စစ်တပ်ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့နဲ့ ပန်လုံမြို့တို့ကို MNDAA ပူးပေါင်းတပ်တွေ ဝင်ရောက်နေရာယူပြီးနောက် UWSA တပ်တွေ ဝင်ရောက်လာကာ ထိန်းချုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဟိုပန်နဲ့ ပန်လုံမြို့အုပ်ချုပ်ရေးအာဏာအား UWSA ကို စစ်ကောင်စီက တရားဝင် အခမ်းအနားနဲ့ လွှဲပြောင်းပေးခဲ့ရပါတယ်။ အဲ့ဒီမြို့တွေမှာ UWSA က ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်ပြီး လည်ပတ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေကတော့ တန့်ယန်းမြို့ကို UWSA က လွယ်လွယ်ကူကူ ကြည်ကြည်ဖြူဖြူနဲ့ စစ်ကောင်စီထံက ရရှိသွားပြီလို့ ပြောဆိုနေကြပါတယ်။

တန့်ယန်းမှာရှိတဲ့ ဝန်ထမ်းတွေကို UWSA ရဲ့အကူညီနဲ့ လားရှိးကို ရွှေ့ပြောင်းမယ်လို့ သိရပါတယ်။ ဒါပေမယ့် လားရှိုးကိုလည်း TNLA နဲ့ MNDAA ပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့ထားနေတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KIO ဥက္ကဋ္ဌကို တရုတ်အစိုးရက အကျယ်ချုပ် ထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေ၊

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 23 Views
တရုတ်မှာ ဆေးကုသမှု ခံယူနေတာလို့ KIO တုံ့ပြန် ဇူလိုင်လ (၉)ရက်။ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်အစိုးရက
မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း တရက်ထဲ ရှော့တိုက်ဒုံး (၁၁)လုံး ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 22 Views
ဇူလိုင်လ (၉)ရက်။ မနေ့က တရက်ထဲ စစ်ကောင်စီရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for
မြန်မာသတင်း

ရေကြည်မြို့မှာ တပ်ပြေးတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီး၊ တစ်ဦးသေဆုံးပြီး (၂)ဦးပြန်ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 18 Views
ဇူလိုင်လ (၉)ရက်။ မနေ့က ညပိုင်းအချိန်က ရေကြည်မြို့နယ်၊ အသုတ်မြို့ တဇောင်းရိုးရွာမှာ တပ်ထဲကထွက်ပြေးလာသူတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စခတပ်ကထွက်ပြေးတာ (၅)ဦး၊ အဲ့ဒါကို လိုက်ဖမ်းတာ အသုတ်မြို့ တဇောင်းရိုးရွာအထွက်
မြန်မာသတင်း

အမေရိကန်ရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး ညှိနှိုင်းသွားမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 19 Views
ဇူလိုင်လ (၉)ရက်။ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး စာပေးပို့လာတဲ့အပေါ် ညှိနှိုင်းတာတွေ ဆောင်ရွက်သွားမယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပေးပို့လာတဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ စာနဲ့ပတ်သက်ပြီး စစ်ကောင်စီက
မြန်မာသတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 18 Views
ဇူလိုင်လ (၉)ရက်။ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာဖို့ NUG သမ္မတရုံးက မနေ့က ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ (၄)ရက်နေ့ကစပြီး ချင်းပြည်နယ်ရှိ CNDF နဲ့ CNA၊ CDF-Hualngoram တို့အကြား တိုက်ပွဲဖြစ်ပွားတာနဲ့
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA ပူးပေါင်းတပ်‌တို့ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 26 Views
ဇူလိုင်လ (၈)ရက်။ မနေ့က မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသုခတပ်စခန်းဟာ ထိုင်းနိုင်ငံနယ်စပ်မျဉ်းပေါ်မှာရှိပြီး KNLA တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း (၁၀)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက
မြန်မာသတင်း

မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 24 Views
မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့ ဇူလိုင်လ (၈)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီက တပြိုင်ထဲ
မြန်မာသတင်း

မြစ်ကြီးနားရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 23 Views
ဇူလိုင်လ (၈)ရက်။ မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဖြစ်တာကတော့ စီတာပူရပ်ကွက်ထဲက စကစအဖွဲ့ဝင် ဒေါ်ဒွဲဘူနေအိမ်