ဇူလိုင်လ (၁၃)ရက်။
မနေ့က တစ်ရက်ထဲ ရန်ကုန်မြို့မှာ ၀မ်းရောဂါလူနာသစ် (၁၀၄)ဦးရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီ၀မ်းရောဂါဖြစ်ပွားတဲ့လူနာသစ်တွေထဲ ပြင်းထန်၀မ်းရောဂါဖြစ်ပွားတဲ့လူနာ (၁၂)ဦးပါ၀င်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းထဲ ၀မ်းရောဂါဖြစ်ပွားတာကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် လူနာတွေ့ရှိတဲ့နှုန်းက ပိုမိုများပြားလာနေပါတယ်။
အခုအခါ ရန်ကုန်မှာ ၀မ်းရောဂါဖြစ်ပွားတဲ့လူနာ တွေ့ရှိသူဦးရေဟာ ဇူလိုင်လ (၆)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ တစ်ပတ်ထဲ (၅၀၀)ကျော်လာပြီး ပြင်းထန်လူနာ (၆၀)ကျော်ရှိပြီလို့ စာရင်းတွေအရ သိရပါတယ်။
ရန်ကုန်တိုင်းထဲ ၀မ်းရောဂါကူးစက်ဖြစ်ပွားတာဟာ ဒေါပုံမြို့ကစတင်ခဲ့ပြီး မြို့နယ်ချင်းထိစပ်နေတဲ့ သာကေတမြို့ရှိ ရပ်ကွက်တွေထဲမှာလဲ ဖြစ်ပွားနေတယ်လို့ ပြောဆိုထားပါတယ်။
၀မ်းရောဂါကူးစက်ဖြစ်ပွားခဲ့တာကြောင့် ဒေါပုံမြို့နဲ့ သာကေတမြို့တို့က လမ်းဘေး အစားအသောက်ဆိုင်တွေကို ယာယီပိတ်ခိုင်းထားကာ လူသေဆုံးတာမရှိဘူးဆိုပြီး စစ်ကောင်စီက ငြင်းဆိုထားတယ်လို့ သိရပါတယ်။