ဇူလိုင်လ (၁၅)ရက်။
မနေ့က နံနက် (၁၀)နာရီအချိန်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့၀င် (၂)ဦးကို တိုက်ခိုက်ခဲ့တယ်လို့ ပျားစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
PNO ပြည်သူ့စစ်တပ်ဖွဲ့၀င် (၂)ဦးဟာ နမ့်ဗွမ်ကျေးရွာရှိ စစ်ကောင်စီစခန်းကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် ပျားစစ်ကြောင်းက ပျောက်ကျားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပျားစစ်ကြောင်းရဲ့ တိုက်ခိုက်ခံရတာကြောင့် PNO ပြည်သူ့စစ်တပ်ဖွဲ့၀င် (၂)ဦးစလုံး သေဆုံးခဲ့ပြီး သူတို့ဆီကနေ လက်နက် (၂)လက် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ PNO ပြည်သူ့စစ်တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ နမ့်ဗွမ်ကျေးရွာမှာ စခန်းထိုင်ပြီး အခြေချနေထိုင်နေတာလို့ ပြောဆိုထားပါတယ်။
နမ့်ဗွမ်ရွာထဲ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေနဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ SSRY နဲ့ ပျားစစ်ကြောင်းတို့ပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တို့ဟာ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။