နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အမေရိကန်ခရီးစဉ်မတိုင်မီ နေတန်ယာဟုကို အတိုက်အခံများထိုးနှက်

အမေရိကန်ခရီးစဉ်မတိုင်မီ နေတန်ယာဟုကို အတိုက်အခံများထိုးနှက်

+++++++++++++++++++++++

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ ဇူလိုင်လ 17 ရက်နေ့မှာ ဥပဒေပြုလွှတ်တော်က အတိုက်အခံ အမတ်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ နေတန်ယာဟုဟာ ဟားမက်စ်တွေနဲ့ဖြစ်ပွါးနေတဲ့ စစ်ပွဲအတွက် စီမံခန့်ခွဲခြင်းနဲ့ ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို လွှတ်ပေးရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေကို အကြိမ်ကြိမ်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း နေတန်ယာဟုက မိမိတို့ရဲ့ ရည်မှန်းချက်တွေမပြီးမြောက်ခင်မှာ နိုင်ငံတကာဖိအားတွေကို ကျောခိုင်းပြီးခုခံသွားမယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အောက်တိုဘာလ 7 ရက်နေ့က ဟားမက်စ်တွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် အစ္စရေး အရပ်သား 1200 ကျော် သေဆုံးခဲ့ရပြီး 250 ကျော် ဓါးစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ကိစ္စမှာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအနေနဲ့ လုံခြုံရေးပျက်ကွက်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အစ္စရေးဟာ အဲ့ဒီလို ကျူးကျော်တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ပါလက်စတိုင်းအရပ်သား 38000 ကျော် အသက်သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ အစ္စရေးအရပ်သား 100 ကျော်ကို ဟားမက်စ်တွေက ဓါးစာခံအဖြစ်ဆက်လက်ဖမ်းဆီးထားတာကြောင့် အစ္စရေးစစ်တပ်ဟာ ဂါဇာထဲမှာ အပြင်းအထန်တိုက်ခိုက် ရှာဖွေမှုတွေပြုလုပ်နေတာပါ။

ဒါပေမယ့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်နဲ့ အီဂျစ်၊ ကာတာနိုင်ငံတွေရဲ့ ကြားဝင်ဖြန်ဖြေပေးမှုတွေကြောင့် ဂါဇာထဲက စစ်ပွဲတွေ အဆုံးသတ်ပြီး ဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာနိုင်ဖွယ်ရှိနေပါတယ်။ အစ္စရေးနိုင်ငံထဲက ဆန္ဒပြပွဲတွေမှာတော့ ဓားစာခံတွေအမြန်ဆုံး အိမ်ပြန်ရောက်ရေးနဲ့ ဝန်ကြီးချုပ်နေတန်ယာဟု ရာထူးက နုတ်ထွက်ရေးကို တောင်းဆိုနေကြတာတွေလည်း ရှိပါတယ်။

နေတန်ယာဟုဟာ လာမယ့် သီတင်းပတ်အတွင်း ဝါရှင်တန်ကို သွားရောက်လည်ပတ်ပြီး အမေရိကန်လွှတ်တော်အတွင်း မိန့်ခွန်းပြောမယ့် အစီအစဉ်မတိုင်ခင်မှာပဲ ဗုဒ္ဓဟူးနေ့က အစ္စရေးပါလီမန်အတွင်း အခြေအတင်တွေဖြစ်ခဲ့ရတာပါ။ လွှတ်တော်ထဲမှာ အတိုက်အခံခေါင်းဆောင် ယိုင်ရာလာပစ်က ဓါးစာခံသဘောတူညီချက်ကို လက်ခံကြောင်း ကြေညာမှာလားဆိုတာကို မေးမြန်းခဲ့ရာကနေ အခြေအတင်စဖြစ်ခဲ့တာပါ။

အဲဒီလို မကြေညာဘူးဆိုရင်တော့ ဝါရှင်တန်ကို မသွားဘဲ ကာတာနဲ့ ကိုင်ရိုမှာပဲ အကြေအလည်ဆွေးနွေးဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ လာပစ်က “ ဓါးစာခံတွေ လိုဏ်ခေါင်းတွေထဲ အသက်ရှုကြပ်သေဆုံးနေရချိန်မှာ အဲယားကွန်းအခန်းထဲ မိန့်ခွန်းသွားမပြောပါနဲ့”လို့ ပြင်းပြင်းထန်ထန်ဝေဖန်ထိုးနှက်ခဲ့တာဖြစ်ပါတယ်။

နေတန်ယာဟုဟာ ဝါရှင်တန်မှာ ဂါဇာအတွင်း အစ္စရေးရဲ့ စစ်ရေးတိုက်ခိုက်မှုကို ကာကွယ်ပြီး ဟားမက်စ်တွေကို ရှုတ်ချခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 31 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 34 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်