နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

နာမည်ကျော် တေးသံရှင် စိုင်းဆိုင်မောဝ် ရန်ကုန်မြို့မှာ ကွယ်လွန်

ဇူလိုင်လ (၁၇)ရက်။

ဒီကနေ့ ည (၇)နာရီ (၁၅)မိနစ်အချိန်မှာ နာမည်ကျော် တေးသံရှင် စိုင်းဆိုင်မောဝ် ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။

အသက် (၇၆) နှစ် အရွယ်ရှိပြီဖြစ်တဲ့ နာမည်ကျော် တေးသံရှင် စိုင်းဆိုင်မောဝ်ဟာ အင်းစိန်မြို့နယ်ရှိ ကောင်းအထူးကုဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။

စိုင်းဆိုင်မောဝ်ဟာ တေးဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီး ရှမ်းအမျိုးသား တေးသံရှင်တစ်ဦးဖြစ်ကာ ကွယ်လွန်သွားတဲ့အပေါ် ဂီတအသိုင်းအဝိုင်းက ၀မ်းနည်းကြောင်း ရေးသားထားကြပါတယ်။

“ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ကောင်းအထူးကုဆေးရုံကို တင်ပို့ခဲ့ရတာပါ၊ ည (၇)နာရီ (၁၅)မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်” လို့ ကူညီပေးခဲ့တဲ့ ပရဟိတအသင်းတခုက ဆိုပါတယ်။

နာမည်ကျော် တေးသံရှင် စိုင်းဆိုင်မောဝ်ဟာ ရှမ်းပဲပုပ်လေး ကျွန်တော်၊ မူဆယ် နမ့်ခမ်းလမ်း၊ မောင်ပေးတဲ့အချစ် ပြန်ဆပ်ခဲ့ပါ စတဲ့ အောင်မြင်တဲ့ တေးသီချင်းများစွာကို သီဆိုခဲ့ပြီး တေးအယ်ဘမ်အများအပြား ထွက်ရှိခဲ့သူပါ။

ဒါ့အပြင် စိုင်းဆိုင်မောဝ်ဟာ ၁၉၄၈ခုနှစ်က မူဆယ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၇၃ခုနှစ်ကနေ ၁၉၇၆ခုနှစ်အထိ ရှမ်းပြည်တပ်မတော်(SSA)မှာ ပါ၀င်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကော့ကရိတ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေကာ စစ်တပ်စစ်ကြောင်း အထိနာပြီး တပ်လန်ပြန်ဆုတ်ခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 6 Views
နိုဝင်ဘာလ (၆)ရက်။ အခုလဆန်းပိုင်းကစပြီး ကော့ကရိတ်မြောက်ပိုင်းရှိ ထီဖိုးစံရွာဘက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲလမ်းမကို အသုံးမပြုဖို့ KNDF အသိပေးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 6 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေတွေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးပြု ဖြတ်သန်းသွားလာတာ မလုပ်ဖို့ KNDF က အသိပေးထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ နယူးဇီလန်လွှတ်တော် သတ်မှတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 8 Views
‌နိုဝင်ဘာလ (၆)ရက်။ မနေ့ကပြုလုပ်တဲ့ နယူးဇီလန်လွှတ်တော်မှာ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ သတ်မှတ်ဖို့ အဆိုတင်သွင်းခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီအဆိုတင်သွင်းတာကို နယူးဇီလန်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်အတည်ပြုခဲ့သလို နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Rt Hon
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်မယ့် PPP ကိုယ်စားလှယ်လောင်းရဲ့ ရိုက်နှက်တာကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 38 Views
နိုဝင်ဘာလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန်က တောင်ကြီးမြို့မှာ PPP ပါတီရဲ့ ကိုယ်စားလှယ်လောင်းဆိုသူက ရိုက်နှက်ရာမှာ လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ တောင်ကြီးမြိုနယ် အေးသာယာမြို့နေ PPP ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစိုင်းရွှေထီးရဲ့ နေအိမ်ရှိ
မြန်မာသတင်း

နေပြည်တော်မှာ မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသ အနုပညာရှင်တွေက “ လတ်တီး” သီချင်းနဲ့ ဖျော်ဖြေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 34 Views
‌နိုဝင်ဘာလ (၅)ရက်။ မနေ့က နေပြည်တော်ရှိ MICC-1 မှာ ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသက နိုဗိုစီဗစ် “ Chaldony” State Song and Dance Ensemble အဖွဲ့က ဖျော်ဖြေခဲ့ကြတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲလို့ KIO ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 33 Views
‌နိုဝင်ဘာလ (၅)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေ ငြိမ်သက်သွားတယ်ဆိုပြီး သတင်းထွက်နေပေမယ့် မြေပြင်မှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုလို တိုက်ပွဲတွေရှိနေပါတယ်။ နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ဘက်မှာ
မြန်မာသတင်း

ဖရူဆိုနဲ့ ဒီမော့ဆိုမှာ စစ်တပ်ရဲ့ ဗုံးကြဲတာတွေကြောင့် အရပ်သားတောင်သူ (၃)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 35 Views
‌နိုဝင်ဘာလ (၅)ရက်။ ပြီးခဲ့တဲ့ထဲ ဖရူဆိုနဲ့ ဒီမော့ဆိုမြို့တို့မှာ အရပ်သားတောင်သူတွေ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းတဲ့ လုပ်ငန်းခွင်ကို စစ်တပ်က အကြောင်းမဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ ဖရုဆိုမြို့ရှိ
မြန်မာသတင်း

မတ္တရာမြို့ကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 60 Views
‌နိုဝင်ဘာလ (၄)ရက်။ မတ္တရာမြို့က ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်သွားမယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမြို့နယ်ပကဖအနေနဲ့ တော်လှန်ရေးစတင်ချိန်ကထဲက အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဉ်နဲ့ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်မယ့်အဖွဲ့လို့ ဆိုပါတယ်။ မတ္တရာမြို့နယ်ပကဖဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို