နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း ဥရောပ

EU နဲ့ နိုင်ငံအချို့ရဲ့ လူသားစာနာမှုဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်ကို စစ်ကောင်စီကန့်ကွက်

ဇူလိုင်လ (၁၉)ရက်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စအပေါ် ဥရောပသမဂ္ဂနဲ့ နိုင်ငံအချို့က ပူးတွဲထုတ်ပြန်ခဲ့တာကို စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးဌာနက ကန့်ကွက်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇူလိုင်လ (၁၅)ရက်နေ့က ကုလသမဂ္ဂဌာနချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တဖက်သတ်စွပ်စွဲချက်တွေနဲ့ မမှန်ကန်တဲ့ဖော်ပြချက်တွေကို ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မေတ္တာရပ်ခံတဲ့ ပြည်တွင်းခရီးသွားလာခွင့်နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဖြန့်ဝေခွင့်တို့ကို လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ခွင့်ပြုပေးနေတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဆို ၂၆၆၉မှာ မြန်မာအပေါ် နိုင်ငံရေးသွတ်သွင်းတာတွေ များစွာပါ၀င်နေတယ်လို့လဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံ့ရေးရာကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ အခြေခံမူဝါဒရပ်တည်ချက်တွေနဲ့အညီသာ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

မြေပြင်အချက်အလက်‌တွေကို ဖော်ပြတာမရှိတဲ့ စွပ်စွဲချက်တွေနဲ့ သတင်းအမှားတွေအပြင် နိုင်ငံရေးသဘောသက်ရောက်စေတဲ့ ဥရောပသမဂ္ဂနဲ့ နိုင်ငံအချို့ရဲ့ ပူးတွဲထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာကန့်ကွက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာပြီး လူ့အခွင့်အရေးဥပဒေနဲ့ လူသားချင်းစာနာရေးဥပဒေကို နိုင်ငံတ၀န်း ချိုးဖောက်နေတဲ့ သတင်းတွေကြောင့် အထူးစိုးရိမ်တယ်လို့ ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေက ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 13 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of
မြန်မာသတင်း

တပ်ချုပ်အသစ်က လေတပ်ဦးစီးချုပ်နေရာ ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 13 Views
ဧပြီလ (၂၂)ရက်။ တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်ဦးစီးချုပ်နေရာအတွက် ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လေတပ်ဦးစီးချုပ်အနေနဲ့ ရာထူးတိုးမြှင့်ခန့်အပ်ခံရတဲ့ ထွန်းဝင်းဟာ ၁၉၈၉ခုနှစ်မှာ စစ်တပ်ထဲ စတင်ဝင်ရောက်ခဲ့ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၄)ဆင်းဖြစ်တယ်လို့
မြန်မာသတင်း

သရက်ကန်ပျူစောထီးရွာမှာ စစ်ကော်မရှင်ရဲတဦး မိုင်းဆွဲခံရကာ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 16 Views
ဧပြီလ (၂၂)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီအချိန်က သရက်ကန်ပျူစောထီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲဒီနေ့က ကျွန်တော်တို့ ပတ်ပြီးကြည့်တဲ့အချိန် မိုင်းကွင်းထဲမှာ
မြန်မာသတင်း

အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 13 Views
လူမှုကွန်ရက်က သတင်းမှားတွေနဲ့ ဖိအားပေးနေတယ်လို့ဆို ဧပြီလ (၂၂)ရက်။ အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး မင်းအောင်လှိုင်က မနေ့ကကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာဆီယံနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်က မိန့်ခွန်းပြောတာမှာ
မြန်မာသတင်း

တနင်္သာရီမြို့မှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပေါ်နိုင်တာကြောင့် ဘေးကင်းရာပြောင်းရွှေ့ဖို့ PDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 14 Views
ဧပြီလ (၂၂)ရက်။ တနင်္သာရီဒေသမှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပေါ်နိုင်တာကြောင့် ဘေးကင်းရာပြောင်းရွှေ့ဖို့ PDF မြိတ်ခရိုင်တပ်ရင်း(၂)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တနင်္သာရီမြို့ ဘောဓိကမ်း-ညောင်ပင်ကွင်းရွာလမ်းပိုင်းရှိ ဘန်လော၊ (၅)မိုင်၊ (၆)မိုင်နဲ့ ထုံးတော်ရွာတလျှောက်မှာ စစ်ကော်မရှင်တပ်က အင်အားသုံး
မြန်မာသတင်း

သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်ရောက်ရှိတဲ့အပေါ် SCEF ဝမ်းမြောက်သဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 25 Views
ဧပြီလ (၂၂)ရက်။ သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်လည်ရောက်ရှိလာတဲ့အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)က ဒီကနေ့မှာ ဝမ်းမြောက်သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ သမ္မတအနေနဲ့ တာဝန်ထမ်းဆောင်ချိန် အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်ဟာ (၅)နှစ်ကျော်ကြာမှာ မိသားစုထံ ပြန်လည်ရောက်ရှိခဲ့တာလို့
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း