Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ MDY-PDF ထုတ်ပြန်၊ မန္တလေးတိုင်းထဲ ပထမဆုံးသိမ်းယူနိုင်ခဲ့တဲ့ မြို့အနေနဲ့ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့

ဇူလိုင်လ (၂၀)ရက်။

ဇူလိုင်လ (၁၇)ရက်နေ့က မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုန်ပြန်ထားချက်အရ သိရပါတယ်။

MDY-PDF အနေနဲ့ စဉ့်ကူးမြို့ထဲက စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စဉ့်ကူးမြို့ဟာ စစ်ကောင်စီကင်းစင်တဲ့ မြို့နယ်တခုဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို MDY-PDF က စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ မန္တလေးတိုင်းထဲ ပထမဆုံးသိမ်းယူနိုင်ခဲ့တဲ့ မြို့အနေနဲ့ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် စဉ့်ကူးမြို့စစ်ဆင်ရေးထဲ သုံ့ပန်းတွေ အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလဲ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးထဲ MDY-PDF ဘက်ကနေ ထိုက်သင့်တဲ့ ပေးဆပ်တာအချို့ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်တွေကို ဦးညွှတ်အလေးပြု မှတ်တမ်းတင်တယ်လို့ ရေးသားထားပါတယ်။

စဉ့်ကူးစစ်ဆင်ရေးထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ် ပြုလုပ်ခဲ့တာကြောင့် မြို့နေဧရိယာတွေနဲ့ အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငလျင်ဒဏ်ခံနေရသူတွေအတွက် အကူအညီတွေကို မြန်မာစစ်တပ်က ကန့်သတ်ထိန်းချုပ်နေတယ်လို့ ကုလသမဂ္ဂပြော

  • 2025 ခုနှစ်၊ ဧပြီလ 5 ရက်
  • 5 Views
++++++++++++++++++++++++++ မြန်မာစစ်တပ်ဟာ ငလျင်ဒဏ်ခံရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ကန့်သတ်ချုပ်ချယ်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။ မတ်လ 28 ရက်နေ့က အင်အား
မြန်မာသတင်း

အင်းတော်မြို့ကို စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ အရပ်သား (၂)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 5 ရက်
  • 5 Views
အင်းတော်မြို့ကို စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ အရပ်သား (၂)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရခဲ့ ဧပြီလ (၅)ရက်။ ဧပြီလ (၁)ရက်နေ့
မြန်မာသတင်း

ရန်ကုန် တိုက်ကြီးမြို့ရှိ စစ်ကောင်စီရဲ့ ကပစ(၁၁) မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 5 ရက်
  • 4 Views
ဧပြီလ (၅)ရက်။ မနေ့က ည (၉)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန် တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကပစ(၁၁)ကို တာဝေးပစ် မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေး(USO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ကြီးမြို့မှာရှိတဲ့ အကြမ်းဖက်စကစရဲ့
မြန်မာသတင်း

ဘန်ကောက်ခရီးစဉ်မှာ ဆန္ဒပြခံရတဲ့ စစ်ခေါင်းဆောင် ညတွင်းချင်း နေပြည်တော်ပြန်ရောက်လာ

  • 2025 ခုနှစ်၊ ဧပြီလ 5 ရက်
  • 4 Views
ဧပြီလ (၅)ရက်။ မနေ့က ည (၉)နာရီအချိန် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကနေ အအထူးလေယာဉ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နေပြည်တော်ကို ပြန်လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘင်းမ်စတက်ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ထိုင်းနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာကို လာဖို့ရှိ

  • 2025 ခုနှစ်၊ ဧပြီလ 5 ရက်
  • 4 Views
ဧပြီလ (၅)ရက်။ ထိုင်းနဲ့ မလေးရှားက နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ဘန်ကောက်မြို့မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် H. E. Ms. Paetongtarm Shinawatra က
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဘန်ကောက်ရောက်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ထိုင်းတက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦး တစ်ကိုတော် ဆန္ဒထုတ်ဖော်

  • 2025 ခုနှစ်၊ ဧပြီလ 4 ရက်
  • 8 Views
ဘန်ကောက်ရောက်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ထိုင်းတက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦး တစ်ကိုတော် ဆန္ဒထုတ်ဖော် ဧပြီလ (၄) ရက်။ ဒီနေ့ ဧပြီ ၄ ရက် ထိုင်းစံတော်ချိန် ညနေ ၄ နာရီခွဲ ဝန်းကျင်မှာ BIMSTEC အစည်းအဝေးကျင်းပရာ
မြန်မာသတင်း

မြန်မာနိုင်ငံမှာ ငလျင်ကြောင့် သေဆုံးသူ ၃,၁၄၅ ဦးအထိ မြင့်တက်လာ

  • 2025 ခုနှစ်၊ ဧပြီလ 4 ရက်
  • 8 Views
ဧပြီလ (၄) ရက်။ လွန်ခဲ့တဲ့တစ်ပတ်နီးပါးက မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူဦးရေမှာ မနေ့က ဧပြီလ (၃) ရက်နေ့ ကြာသပတေးနေ့မှာ ၃,၁၄၅ ဦးအထိ မြင့်တက်လာခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီက
မြန်မာသတင်း

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ချိန်မှ ဒီနေ့ ဧပြီ ၄ ရက်အထိ မန္တလေးတိုင်းအတွင် ၄၀၄ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ၃၅၈ ဦးတို့၏ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 4 ရက်
  • 9 Views
ဧပြီလ (၄) ရက်။ မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်နေ့ကနေ ဒီနေ့ဧပြီလ ၄ ရက်အထိ မန္တလေးတိုင်းအတွင်မှာ အမျိုးသား ၂၁၇ ဦး အမျိုးသမီး ၁၈၇ ဦး စုစုပေါင်း ၄၀၄