နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ငပုအင်းကျောင်းသစ်ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်လို့ ၃၀ ဦးခန့်သေဆုံး

ဇူလိုင်လ ၂၀ ရက်။

KNU တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ၊ ငပုအင်းကျောင်းသစ်ဘုန်းကြီးကျောင်းကို ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀နာရီ ၁၅မိနစ်ဝန်းကျင်မှာ ဝါဆိုလပြည့်နေ့၊ ဝါဆိုသင်္ကန်းကပ်လှူဖို့အတွက် ချက်ပြုတ်ဖို့ ပြင်ဆင်နေစဉ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၀ ခန့် သေ‌‌ဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

KNLA မဟာမိတ် PDF ပြည်သူကာကွယ်ရေးတပ်ဖွဲ့စစ်ကြောင်းတွေက ရဲဘော် (၁၀) ဦးကျော် ကျဆုံးသွားတယ်လို့ ကရင်သတင်းဌာန KIC မှာလည်း ဖော်ပြထားပါတယ်။ အရပ်သားတွေလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

ဗုံးကြဲခံရတဲ့ ငပုအင်းကျောင်းသစ်ဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်အလှူအတွက် ချက်ပြုတ်ပြင်ဆင်နေကြတဲ့ ဒေသခံရွာသားတွေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ် PDF စစ်ကြောင်းက ရဲဘော်အချို့ ရှိနေပြီး လွှစင်ကုန်းကျေးရွာ လမ်းဆုံနေရာမှာ ကျေးရွာဈေးတန်း ဈေးရောင်းချနေတဲ့အချိန်မှာ လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့အတွက် ဒေသခံရွာသူရွာသားတွေလည်း ထိခိုက်သေဆုံးရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သိရပါတယ်။

စစ်ကောင်စီဘက်ကသတင်းတွေမှာတော့ နဂါးနီစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း စတဲ့အဖွဲတွေက PDF တွေနဲ့ KNLA တပ်ဖွဲဝင်တွေ အစည်းအဝေးလုပ်နေတာ သတင်းပေါက်ကြားသွားတဲ့အတွက် လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး နောက်ဆုံးရသတင်းတွေကို ထပ်မံဖော်ပြပါ့မယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖားကန့်မြို့မှာ စစ်ရေးတင်းမာနေတာ‌ကြောင့် ဒေသခံအများအပြား မြို့ကိုစွန့်ခွာနေကြပြီး တိတ်ဆိတ်ခြောက်ကပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 4 Views
စက်တင်ဘာလ (၂၁)ရက်။ အခုရက်ပိုင်းထဲ ဖားကန့်မြို့မှာ KIA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံအများအပြား မြို့ကို စွန့်ခွာနေကြတယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

တောင်ဒဂုံရှိ စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှူး စီးနင်းတိုက်ခိုက်ခံရ၊ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့သေဆုံး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 6 Views
စက်တင်ဘာလ (၂၁)ရက်။ မနေ့က နံနက် (၉)နာရီကျော်အချိန်က တောင်ဒဂုံမြို့ရှိ စစ်ကောင်စီလက်အောက်ခံ (၁၀၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးအင်အားစုရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မန္တလေးမြို့မြောက်ဘက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရ၊ ကျေးရွာအချို့ ဘေးလွတ်ရာတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 9 Views
စက်တင်ဘာလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်ကစပြီး မန္တလေးမြို့မြောက်ဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြေပြင်သတင်းတွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၆)နာရီ (၁၅)လောက်ကစပြီး မန္တလေးမြို့ မြောက်ဘက်ထဲမှာ လက်နက်ကြီးပစ်ခတ်သံတွေ
မြန်မာသတင်း

စလင်းမြို့မှာ မီးလိုင်းတွေပြင်ဖို့လာတဲ့ စစ်‌ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၈)ဦးသေဆုံးပြီး (၁၂)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 11 Views
စက်တင်ဘာလ (၂၁)ရက်။ စက်တင်ဘာလ (၁၈)ရက်နေ့က စလင်းမြို့နယ်ထဲ မီးလိုင်းတွေပြင်ဖို့လာတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်စက်ရုံတွေဖြစ်တဲ့ ကပစ(၂၅)နဲ့ ကပစ (၂၁)တို့ကို သွယ်တန်းထားတဲ့
မြန်မာသတင်း

ရေဘေးကယ်ဆယ်တဲ့အဖွဲ့တွေကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးတဲ့အပေါ် ပြင်းထန်စွာရှုံ့ချတယ်လို့ မုန်းမြို့နယ်ကယ်ဆယ်ရေးကော်မတီ ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 13 Views
စက်တင်ဘာလ (၂၀)ရက်။ ရေဘေး ကူညီကယ်ဆယ်ဖို့လာတဲ့ လူမှုပရဟိတအဖွဲ့တွေကို စစ်ကောင်စီက ခြိမ်းခြောက်ပစ်ခတ်ဖမ်းဆီးတဲ့အပေါ် မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ဒီကနေ့အချိန်အထိ ဒေသခံပြည်သူတွေအပေါ် နေ့တိုင်း နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်နှိပ်စက်တာကို ကျူးလွန်နေတာ
မြန်မာသတင်း

ရှမ်းအရှေ့ မိုင်းပျဉ်မြို့မှာ စစ်ကောင်စီနဲ့ RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 17 Views
စက်တင်ဘာလ (၂၀)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းပျဉ်မြို့နယ်ထဲ စစ်ကောင်စီနဲ့ RCSS တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၁၀၀)ခန့်ဟာ မိုင်းပျဉ်မြို့နယ်တောင်ဘက် ယင်းခမ်း‌ကျေးရွာအုပ်စုရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)
မြန်မာသတင်း

စစ်ကောင်စီညွှန်ကြားတဲ့ မိသားစုလွှဲပို့ငွေ လွှဲပို့ဖို့ ဖိအားပေးလုပ်ဆောင်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 11 Views
စက်တင်ဘာလ (၂၀)ရက်။ စစ်ကောင်စီညွှန်ကြားထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဆီက မိသားစုလွှဲပို့ငွေ လွှဲပို့ဖို့ ဖိအားပေးတဲ့ အေဂျင်စီတွေနဲ့ ပုဂ္ဂလိကအကျိုးဆောင်တွေကို အရေးယူမယ်လို့ NUG အလုပ်သမား၀န်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံလစာဝင်ငွေထဲက (၂၅)ရာခိုင်နှုန်းကို မိသားစုလွှဲပို့ငွေအနေနဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ နိုင်/ကျဉ်းတစ်ဦးကို ဆေးလိပ်တွေ့တယ်လို့ စွပ်စွဲပြီး ထောင်အာဏာပိုင်တွေက စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 12 Views
စက်တင်ဘာလ (၂၀)ရက်။ ဒိုက်ဦးထောင်ထဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပွတ်ချွန်းအခွံ(ဆေးလိပ်)တွေ့တယ်ဆိုပြီး ထောင်အာဏာပိုင်တွေက စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်ခဲ့တယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်ခံခဲ့ရသူဟာ ပုဒ်မ ၅၀၅နဲ့ ထောင်ဒဏ် (၃)နှစ် မတရားချမှတ်ခံထားရတဲ့