နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒုတိယသမ္မတ ကာမလာဟဲရစ်၏ခင်ပွန်းအမ်ဟော့ဖ် သည် ဟဲရစ် ကိုယ်စား ဒီမိုကရက်တစ် အလှူရှင်များနှင့် ထောက်ခံသူများကိုတွေ့ဆုံခဲ့သည်။

CNN

ဒုတိယသမ္မတ ကာမလာဟဲရစ် နှင့်ခင်ပွန်းဖြစ်သူ ဒေါက်အမ်ဟော့ဖ် (Doug Emhoff) တို့သည် မတ် ၃ ရက်တွင် အလာဘားမားပြည်နယ် မောင်ဂိုမာရီ ရှိ မက်စ်ဝဲလ် (Maxwell) လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့ကြသည်  ။ ဒုတိယသမ္မတ ကာမလာဟဲရစ် နှင့် ခင်ပွန်း ဒေါက် အမ်ဟော့ဖ် တို့သည် မတ် ၃ ရက်တွင် အလာဘားမားနိုင်ငံ၊ မောင်ဂိုမာရီ ရှိ မက်စ်ဝဲလ် လေတပ်အခြေစိုက်စခန်းသို့ Air Force Two လေယဉ် ဖြင့်ရောက်ရှိလာပြီး လေယဉ်ပေါ်မှ ဆင်းလာခဲ့ကြသည်။ ဒုသမတခင်ပွန်းဖြစ်သူ ဒေါက် အမ်ဟော့ဖ် သည် ၎င်း၏ဇနီး ဒုသမ္မတ ကာမလာဟဲရစ် ကိုယ်စား ဒီမိုကရက်တစ် အလှူရှင်များနှင့် ထောက်ခံသူများထံသို့ ယနေ့ ဖုန်းများဖြင့်ဆက်သွယ်မှုကို လုပ်ဆောင်နေကြောင်း ရင်းနှီးသော သတင်းရင်းမြစ်တစ်ခုအရ သိရသည်။ ပံ့ပိုးကူညီမှုနှင့် ရန်ပုံငွေရှာဖွေခြင်းတို့ကို အာရုံစိုက်ပြီး ဟဲရစ်သည် သူမ၏သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုတွင် ပံ့ပိုးကူညီမှုများကို ပေါင်းစည်းရရှိရန် လုပ်ဆောင်ရန် စကားပြောဆိုစည်းရုံးမှုများကိုဗဟိုပြုလျက်ဆောင်ရွက်လျက်ရှိသည်။

သမ္မတ ဂျိုးဘိုင်ဒင် ရာထူးမှ နုတ်ထွက်တော့မည်ဆိုသောသတင်းကြောင့် ဒီမိုကရက်တစ် အလှူရှင်အချို့က ယခုအချိန်တွင် ပိုမိုစိတ်အားထက်သန်စွာ ထုတ်ဖော်ပြောဆိုလာကြသည်ဟု CNN သတင်းဌာနက ဖော်ပြခဲ့သည်။ ဟဲရစ် သည်ငွေကြေးလိုအပ်မည်ဖြစ်သည်။ ဘိုင်ဒင်-ဟဲရစ် ကမ်ပိန်းနှင့် ၎င်း၏ တွဲဖက်ကော်မတီများသည် ဇွန်လတွင် သမ္မတဟောင်း ဒေါ်နယ်ထရန့် ၏ နိုင်ငံရေးရန်ပုံငွေရရှိမှု ထက် ကျော်လွန်နေသော်လည်း၊ အသစ်ဖြစ်ပေါ်လာသော မဲဆွယ်မှု အစီရင်ခံစာများတွင် ထရန့် အဖွဲ့သည် ဇူလိုင်လသို့ ဝင်ရောက်လာသည့်အခါ အထွေထွေရွေးကောက်ပွဲတွင် ငွေသားပိုမိုများပြားစွာရရှိနိုင်ကြောင်း ပြသခဲ့သည်။ အမ်ဟော့ဖ် သည်ဘိုင်ဒင်နှင့်ဇနီးဖြစ်သူဂျေးလ်တို့ကို သူတို့ကိုဦးဆောင်မှုပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း တနင်္ဂနွေညနေခင်းက X တွင်ရေးသားခဲ့သည်။

“နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပံ့ပိုးကူညီမှုအတွက် သူတို့ ကို အရမ်းကျေးဇူးတင်ပါတယ်။ သမ္မတဘိုင်ဒင်သည် ကျွန်ုပ်တို့နိုင်ငံကို ရိုးသားမှု၊ ၊ သစ္စာရှိမှုတို့ဖြင့် ဦးဆောင်မှုပေးသူဖြစ်ပြီး စစ်မှန်သော မျိုးချစ်စိတ်ရှိသူဖြစ်သည်။ဒုသမတ နှင့်အတူ၊ ၎င်းတို့နှစ်ဦးသည် ကျွန်ုပ်တို့နိုင်ငံတစ်ဝှမ်းရှိ အမေရိကန်များ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် မမောမပန်း တိုက်ပွဲဝင်ခဲ့ကြပါသည်။ သူတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေ အတွက် ဂုဏ်ယူမိသလို သူတို့ရဲ့ ခေါင်းဆောင်မှုကိုလည်း ကျေးဇူးတင်ပါတယ်”ဟုရေးသား ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 24 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 19 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 42 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 41 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 42 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 50 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 38 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့