နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒုတိယသမ္မတ ကာမလာဟဲရစ်၏ခင်ပွန်းအမ်ဟော့ဖ် သည် ဟဲရစ် ကိုယ်စား ဒီမိုကရက်တစ် အလှူရှင်များနှင့် ထောက်ခံသူများကိုတွေ့ဆုံခဲ့သည်။

CNN

ဒုတိယသမ္မတ ကာမလာဟဲရစ် နှင့်ခင်ပွန်းဖြစ်သူ ဒေါက်အမ်ဟော့ဖ် (Doug Emhoff) တို့သည် မတ် ၃ ရက်တွင် အလာဘားမားပြည်နယ် မောင်ဂိုမာရီ ရှိ မက်စ်ဝဲလ် (Maxwell) လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့ကြသည်  ။ ဒုတိယသမ္မတ ကာမလာဟဲရစ် နှင့် ခင်ပွန်း ဒေါက် အမ်ဟော့ဖ် တို့သည် မတ် ၃ ရက်တွင် အလာဘားမားနိုင်ငံ၊ မောင်ဂိုမာရီ ရှိ မက်စ်ဝဲလ် လေတပ်အခြေစိုက်စခန်းသို့ Air Force Two လေယဉ် ဖြင့်ရောက်ရှိလာပြီး လေယဉ်ပေါ်မှ ဆင်းလာခဲ့ကြသည်။ ဒုသမတခင်ပွန်းဖြစ်သူ ဒေါက် အမ်ဟော့ဖ် သည် ၎င်း၏ဇနီး ဒုသမ္မတ ကာမလာဟဲရစ် ကိုယ်စား ဒီမိုကရက်တစ် အလှူရှင်များနှင့် ထောက်ခံသူများထံသို့ ယနေ့ ဖုန်းများဖြင့်ဆက်သွယ်မှုကို လုပ်ဆောင်နေကြောင်း ရင်းနှီးသော သတင်းရင်းမြစ်တစ်ခုအရ သိရသည်။ ပံ့ပိုးကူညီမှုနှင့် ရန်ပုံငွေရှာဖွေခြင်းတို့ကို အာရုံစိုက်ပြီး ဟဲရစ်သည် သူမ၏သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုတွင် ပံ့ပိုးကူညီမှုများကို ပေါင်းစည်းရရှိရန် လုပ်ဆောင်ရန် စကားပြောဆိုစည်းရုံးမှုများကိုဗဟိုပြုလျက်ဆောင်ရွက်လျက်ရှိသည်။

သမ္မတ ဂျိုးဘိုင်ဒင် ရာထူးမှ နုတ်ထွက်တော့မည်ဆိုသောသတင်းကြောင့် ဒီမိုကရက်တစ် အလှူရှင်အချို့က ယခုအချိန်တွင် ပိုမိုစိတ်အားထက်သန်စွာ ထုတ်ဖော်ပြောဆိုလာကြသည်ဟု CNN သတင်းဌာနက ဖော်ပြခဲ့သည်။ ဟဲရစ် သည်ငွေကြေးလိုအပ်မည်ဖြစ်သည်။ ဘိုင်ဒင်-ဟဲရစ် ကမ်ပိန်းနှင့် ၎င်း၏ တွဲဖက်ကော်မတီများသည် ဇွန်လတွင် သမ္မတဟောင်း ဒေါ်နယ်ထရန့် ၏ နိုင်ငံရေးရန်ပုံငွေရရှိမှု ထက် ကျော်လွန်နေသော်လည်း၊ အသစ်ဖြစ်ပေါ်လာသော မဲဆွယ်မှု အစီရင်ခံစာများတွင် ထရန့် အဖွဲ့သည် ဇူလိုင်လသို့ ဝင်ရောက်လာသည့်အခါ အထွေထွေရွေးကောက်ပွဲတွင် ငွေသားပိုမိုများပြားစွာရရှိနိုင်ကြောင်း ပြသခဲ့သည်။ အမ်ဟော့ဖ် သည်ဘိုင်ဒင်နှင့်ဇနီးဖြစ်သူဂျေးလ်တို့ကို သူတို့ကိုဦးဆောင်မှုပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း တနင်္ဂနွေညနေခင်းက X တွင်ရေးသားခဲ့သည်။

“နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပံ့ပိုးကူညီမှုအတွက် သူတို့ ကို အရမ်းကျေးဇူးတင်ပါတယ်။ သမ္မတဘိုင်ဒင်သည် ကျွန်ုပ်တို့နိုင်ငံကို ရိုးသားမှု၊ ၊ သစ္စာရှိမှုတို့ဖြင့် ဦးဆောင်မှုပေးသူဖြစ်ပြီး စစ်မှန်သော မျိုးချစ်စိတ်ရှိသူဖြစ်သည်။ဒုသမတ နှင့်အတူ၊ ၎င်းတို့နှစ်ဦးသည် ကျွန်ုပ်တို့နိုင်ငံတစ်ဝှမ်းရှိ အမေရိကန်များ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် မမောမပန်း တိုက်ပွဲဝင်ခဲ့ကြပါသည်။ သူတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေ အတွက် ဂုဏ်ယူမိသလို သူတို့ရဲ့ ခေါင်းဆောင်မှုကိုလည်း ကျေးဇူးတင်ပါတယ်”ဟုရေးသား ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 10 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “