နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်ဖို့ နေတန်ယာဟုကို ဂျိုးဘိုင်ဒန်နဲ့ ကာမာလာဟားရစ်ဖိအားပေး

+++++++++++++++++++

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကို ကြာသပတေးနေ့က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး 9 လကြာဖြစ်ပွါးနေခဲ့တဲ့ ဂါဇာစစ်ပွဲကို အပစ်အခတ်ရပ်စဲဖို့ ဖိအားပေးပြောဆိုခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက “ ဆက်ပြီးဆွေးနွေးရမယ့်အချက်တွေရှိနေပါသေးတယ်”လို့ တရားဝင်သတင်းထုတ်ပြန်ပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ အစ္စရေး၊ ဟားမက်စ် နှစ်ဖွဲ့စလုံး အပစ်အခတ်ရပ်စဲပေးဖို့နဲ့ အောက်တိုဘာလ 7 ရက်နေ့က တိုက်ခိုက်မှုမှာ ဟားမက်စ်တွေဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံတွေ လွတ်မြောက်ရေးအတွက် သဘောတူညီချက်ရရှိဖို့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

“ အမေရိကန်တွေအနေနဲ့ ဓါးစာခံတွေအားလုံးကို အိမ်ပြန်ရောက်စေချင်ပါတယ်။ ဒါကြောင့်လည်း အခု အဆိုပြုချက်က အရေးကြီးပါတယ်။ အားလုံးသဘောတူညီဖို့လည်း နီးစပ်နေပါပြီ။ အရင်ကထက်ပိုနီးစပ်နေပြီလို့လည်း ယုံကြည်ပါတယ်” လို့ ဂျွန်ကာဘီက ပြောသွားခဲ့တာပါ။

အခုတွေ့ဆုံမှုဟာ ဟားမက်စ်တွေရဲ့တိုက်ခိုက်မှုအပြီးမှာ အစ္စရေးကို ဂျိုးဘိုင်ဒန်ကို သွားရောက်ပြီး နေတန်ယာဟုကို ပွေ့ဖက်ကာ အမေရိကန်က ထောက်ခံသွားမယ်လို့ ကတိပြုခဲ့တဲ့နောက်ပိုင်း  ပထမဆုံးအကြိမ် မျက်နာချင်းဆိုင် တွေ့ဆုံမှုဖြစ်ပါတယ်။ တွေ့ဆုံချိန်မှာတော့ နေတန်ယာဟုက အစ္စရေးရဲ့လုံခြုံရေးအတွက် အမြဲတမ်း မားမား မတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် လူပေါင်း 39000 ကျော်အသက်သေဆုံးခဲ့ရတဲ့ အစ္စရေးရဲ့ ထိုးစစ်ကြောင့် အမေရိကန်နဲ့ အစ္စရေးခေါင်းဆောင်နှစ်ဦးရဲ့ဆက်ဆံရေးဟာ လအတန်ကြာ တင်းမာမှုတွေရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဂါဇာပဋိပက္ခကြောင့် ဒီမိုကရက်တစ်ပါတီဝင်တွေကြားမှာ အက်ကြောင်းတွေဖြစ်ပေါ်ခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေဟာ ဗုဒ္ဓဟူးနေ့က ကွန်ဂရက်မှာ နေတန်ယာဟု မိန့်ခွန်းပြောဆိုတာကို သပိတ်မှောက်ခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ရာရှီဒါတီလိုင်က နေတန်ယာဟုကို စစ်ရာဇဝတ်ကောင်လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ကွန်ဂရက်ထဲထိုင်နေခဲ့တာပါ။

အမေရိကန်ဟာ အစ္စရေးအတွက် အဓိက လက်နက်တင်ပို့ပေးသူဖြစ်ပေမယ့် သမ္မတဂျိုးဘိုင်ဒန်ဟာ အခုနှစ်အစပိုင်းက စပြီး  ဂါဇာစစ်ပွဲအတွက် မသင့်တော်ဘူးလို့ ယူဆရတဲ့ လက်နက်ခဲယမ်းတွေကို သတိကြီးကြီးထားပြီး ပို့ဆောင်ပေးခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ အမေရိကန်သမ္မတလောင်း ကာမာလာဟားရစ်နဲ့ ထပ်မံတွေ့ဆုံခဲ့ရာမှာ ကာမာလာဟားရစ်က အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လေသံမာမာတုံ့ပြန်ပြောဆိုခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့လည်း သောကြာနေ့မှာ ထပ်မံသွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 47 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက