နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂိုလန်ကုန်းမြင့်တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် ၁၂ ဦးထဲမှ ကလေးငယ်များနှင့် ဆယ်ကျော်သက်များ ပါဝင်ပြီး အစ္စရေးက ဟစ်ဇ်ဘိုလာအပေါ် အပြစ်တင်ကာ ကြီးမားသောတန်ပြန်တိုက်ခိုက်မှုများ တိုးမြင့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေ

ဇူလိုင်လ (၂၈) ရက်။

အစ္စရေးတို့သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ရှိ ရွာတစ်ရွာကို ဒုံးကျည်အမြောက်အမြားဖြင့် စနေနေ့က ပစ်ခတ်ခဲ့ရာ ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း အောက်တိုဘာ ၇ ရက်မှစပြီး အသေအပျောက်အများဆုံး တိုက်ခိုက်မှုဟု အစ္စရေးက သတ်မှတ်ခဲ့သည်။

လက်ဘနွန်မှ အစ္စရေး ပိုင်နက်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသော ဒုံးကျည်အစင်း ၃၀ ခန့်ကို အစ္စရေးက ဖော်ထုတ်တွေ့ရှိခဲ့ပြီး အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန် စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာအား ပစ်ခတ်မှုအတွက် အပြစ်တင်ခဲ့သည်။ အစ္စရေး-လက်ဘနွန်နယ်စပ်တစ်လျှောက် ကာလရှည်ကြာ ဖြစ်ပွားနေသည့် ပဋိပက္ခတွင် ကြီးမားသော ပဋိပက္ခများ တိုးလာမည်ကို စိုးရိမ်မှုများ မြင့်တက်လာပြီး ဟစ်ဇ်ဘိုလာက ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းကို ပြတ်ပြတ်သားသား ငြင်းဆိုထားသော်လည်း အစ္စရေး လက်ယာနိုင်ငံရေးသမားများက လက်တုံ့ပြန်ရန် တောင်းဆိုမှုများ ရှိနေသည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့သည် နယ်နိမိတ်မျဉ်းတစ်လျှောက် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ၁၀ လနီးပါးကြာ အပြန်အလှန်တိုက်ခိုက်ပစ်ခတ်နေခဲ့ကြပြီး စနေနေ့က ဒေသဆိုင်ရာခေါင်းဆောင်များက ပဋိပက္ခသည် အဆိုးဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု သတိပေးထားသည်။

သေဆုံးသူ ၁၂ ဦးအပြင် ဂိုလန်ဒေသရှိ ဒရူ့ဇ် (Druze) လူမျိုး အသိုက်အဝန်းကြီး၏ နေထိုင်ရာ အစ္စရေးထိန်းချုပ်ထားသော မြောက်ပိုင်းဂိုလန်ကုန်းမြင့် (Golan Heights) ရှိ မာ့ဂျ်ဒဲလ် ရှမ်း (Majdal Shams) တွင် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂၉ ဦး ဒဏ်ရာရရှိခဲ့သည်။ Golan Heights တွင် အာရပ်လူမျိုး ၂၀၀၀၀ ခန့် နေထိုင်ကြပြီး ၁၉၆၇ ခုနှစ်တွင် ဆီးရီးယားမှ ခြောက်ရက်ကြာ စစ်ပွဲအတွင်း အစ္စရေးမှ သိမ်းယူကာ ၁၉၈၁ ခုနှစ်တွင် အစ္စရေးနိုင်ငံပိုင်အဖြစ်သိမ်းပိုက်ခဲ့သည်။

နိုင်ငံတကာ ဥပဒေနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအရ သိမ်းပိုက်ထားသော နယ်မြေအဖြစ် သတ်မှတ်ခံထားရသည့်နယ်မြေတွင် ဒရူ့ဇ်နှင့်အစ္စရေး အခြေချနေထိုင်သူ ဂျူးလူမျိုး ၅၀,၀၀၀ ခန့် နေထိုင်ကြောင်း၊ ထိုနေရာတွင် ဒရူ့ဇ်လူမျိုးအများစုသည် ဆီးရီးယားနိုင်ငံသားအဖြစ် သတ်မှတ်ကြပြီး အစ္စရေးနိုင်ငံသားအဖြစ်ခွင့် ကမ်းလှမ်းချက်များကို ပယ်ချခဲ့ကြသည်။

တိုက်ခိုက်ခံရသည့်နေရာများတွင် ကလေးငယ်များနှင့် ဆယ်ကျော်သက်များ ကစားသည့် ဘောလုံးကွင်းလည်း ဖြစ်သည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေး အရပ်သားများကို အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။ “ဒါက အရမ်းပြင်းထန်တဲ့ အဖြစ်အပျက်ဖြစ်ပြီး ကျွန်တော်တို့ တုံ့ပြန်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။ ဘောလုံးကွင်းကို ထိမှန်သွားတဲ့ ဒုံးပျံဟာ “၅၀ ကီလိုဂရမ်ရှိတဲ့ အီရန်ဒုံးပျံ” ဟု ဆိုပါသည်။

“ဒါဟာ ဟစ်ဇဘိုလာက သီးသန့်ပိုင်ဆိုင်တဲ့ မော်ဒယ်ဖြစ်ပြီး ဒီနေ့ညမှာတော့ ယောက်ျားလေးနဲ့ မိန်းကလေး ၁၂ ဦး သေဆုံးခဲ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟုက သူသည် ထိုတိုက်ခိုက်မှုကြောင့် အမေရိကန်သို့ လာရောက်လည်ပတ်မှု အချိန်နာရီကို ဖြတ်တောက်လိုက်ပြီး အစ္စရေးသို့ ပြန်လည်ရောက်ရှိလာပါက လုံခြုံရေး အစိုးရအဖွဲ့ အစည်းအဝေးကို ချက်ချင်းကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တိုက်ခိုက်မှုအတွက် အံ့အားသင့်ခဲ့ရကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ “အစ္စရေးနိုင်ငံဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောနိုင်ပါတယ်။ ဒီအစီအစဉ်ကို ကျနော်တို့ ပစ်ပယ်ထားမှာ မဟုတ်ပါဘူး” ဟု ပြောသည်။ အစောပိုင်း သီးခြားထုတ်ပြန်ချက်တစ်ခုတွင် နေတန်ယာဟု၏ရုံးက ဝန်ကြီးချုပ်သည် “ဟစ်ဇ်ဘိုလာသည် ယခုအချိန်အထိ မပေးဆပ်ရသေးသည့် (တိုက်ခိုက်မှု) အတွက် ကြီးလေးသောတန်ဖိုးကို ပေးရလိမ့်မည်” ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

အစ္စရေးသမ္မတ အီဇက်ဟာဇော့ဂ် (Isaac Herzog) ကတော့ ဒီတိုက်ခိုက်မှုဟာ “ကြောက်မက်ဖွယ်ကောင်းပြီး ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ ဘေးအန္တရာယ်” အဖြစ် ရှုတ်ချပြီး အစ္စရေးနိုင်ငံသားတွေကို “ခုခံကာကွယ်မယ်” ဟု ကတိပြုခဲ့သည်။ “ဟစ်ဇ်ဘိုလာ အကြမ်းဖက်သမားတွေက ဘောလုံးကစားတာကို ရာဇဝတ်မှုကျူးလွန်တဲ့ တစ်ခုတည်းသောပြစ်မှုအဖြစ် ဒီနေ့ ကလေးတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။ သူတို့ ပြန်မလာနိုင်ကြတော့ဘူး” ဟု X ၏ပို့စ်တွင်ပြောကြားခဲ့သည်။

“အီရန်ရဲ့ မကောင်းမှုအင်ပါယာရဲ့ ထောက်ခံအားပေးချက်ကြောင့် ဖြစ်လာတဲ့ ဟစ်ဟဘိုလာခေါင်းဆောင် နာစရာလာရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ကမ္ဘာကြီးဟာ ဆိတ်ဆိတ်နေလို့ မရပါဘူး။ အစ္စရေးနိုင်ငံဟာ အစ္စရေးနိုင်ငံသားတွေနဲ့ အချုပ်အခြာအာဏာကို အခိုင်အမာ ကာကွယ်သွားမှာ ဖြစ်တယ်။”

စနေနေ့က တိုက်ခိုက်မှုသည် နယ်စပ်ဒေသတွင် လအနည်းငယ်အတွင်း အလွန်အမင်း မငြိမ်မသက်ဖြစ်ခဲ့သည့် ကြီးမားသော တိုးပွားလာမှုတစ်ခုဖြစ်သည်။ တရားဝင်အားဖြင့်၊ လက်ဘနွန်နှင့် အစ္စရေးတို့သည် ဆယ်စုနှစ်များစွာကြာ စစ်ဖြစ်ပွားနေသည့် အခြေအနေတွင်ပင် ရှိနေသေးသော်လည်း မကြာသေးမီက တင်းမာမှုများသည် ယခုအချိန်အထိ ပြင်းထန်သော ပဋိပက္ခအဖြစ်သို့ ပြောင်းလဲရောက်ရှိ မလာသေးပေ။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း တိုက်ခိုက်မှုများသည် မကြာခဏ ပိုမို ဖြစ်လာနေပြီး ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့သည် နယ်မြေတစ်ခုနှင့်တစ်ခု အတွင်းရှိ ပိုမိုနက်ရှိုင်းသော နေရာများကို ပစ်မှတ်ထားနေကြသည်။ ဂါဇာကမ်းမြောင်ဒေသမှ ဟားမတ်စ်၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု မတိုင်မီနှင့် ဖြစ်အပြီးတွင် ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုများတွင်အစ္စရေးမှ အဆင့်မြင့် ဟစ်ဇ်ဘိုလာ တပ်မှူးနှစ်ဦးဖြစ်သည့် ဆမီ တာလက်ဘ် အဗ္ဗဒူလာ (Sami Taleb Abdullah) နှင့် မိုဟာမက်နရာမတ် နာဆာ (Muhammed Neamah Naser) တို့ကိုတာဝန်ရှိသည်ဟုစွပ်စွဲခဲ့ပြီး ဇွန်လတွင် အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် သီတင်းပတ်အနည်းငယ်အတွင်း တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။ ဟစ်ဇ်ဘိုလာက အစ္စရေးကို ဒုံးကျည်ရာနဲ့ချီ ပစ်လွှတ်ပြီး လက်တုံ့ပြန်ခဲ့သည်။

စနေနေ့က လူအသေအပျောက်များသော တိုက်ခိုက်မှုကို အစ္စရေးက မည်သို့ တုံ့ပြန်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂဲလန့် (Yoav Gallant) သည် အစ္စရေးကာကွယ်ရေး စစ်ဦးစီးချုပ်စစ်ဦးစီးဌာနမှ အကြီးတန်း စစ်အရာရှိများနှင့်အတူ အခြေအနေအကဲဖြတ်မှုတစ်ခု ပြုလုပ်နေသည်ဟု အစိုးရသတင်းရုံးက ပြောကြားခဲ့သည်။ စနေနေ့နှောင်းပိုင်းတွင် ပြောကြားရာတွင် အစ္စရေးသည် ရန်သူကို “ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်လိမ့်မည်” ဟု ဂဲလန့်က ပြောကြားခဲ့သည်။

‘တော်လောက်ပြီ’

CNN နှင့် စကားပြောရာတွင် အစ္စရေးဝန်ကြီးချုပ်ဟောင်း နက်တလီ ဘက်နက် (Naftali Bennett) က လက်ဘနွန်နှင့် ဟစ်ဇ်ဘိုလာတို့သည် “အစ္စရေးနဲ့ စစ်ပွဲကို စတင်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။ “ ဟစ်ဇ်ဘိုလာဟာ အစိတ်အပိုင်းတခုနေနှင့် လက်ဘနွန်ပြည်နယ်တွင် ရှိနေပြီး အစ္စရေးနှင့် စစ်ပွဲကို စတင်ခဲ့တယ် လက်ဘနွန်နဲ့ ဟစ်ဇ်ဘိုလာတို့အကြား ကွဲပြားခြားနားနေမှုကို ကျွန်တော်တို့က ပြုလုပ်တော့မှာ မဟုတ်တော့ပါ။ ဘာ့ကြောင့်လဲဆိုတော့ ဟစ်ဇ်ဘိုလာဟာ လက်ဘနွန်ရဲ့ အစိတ်အပိုင်းဖြစ်နေတာကြောင့် ဖြစ်တယ် “ ဟု နက်တလီ က CNN ၏ ဂျက်စီကာ ဒင်း (Jessica Dean) နှင့် စနေနေ့က အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “ဟစ်ဇ်ဘိုလာဟာ လက်ဘနွန်နဲ့ အတူတူပါပဲ၊ ကျွန်တော်တို့ ဒီနှစ်ခုကြားကို မခွဲခြားသင့်ပါဘူး။” အစ္စရေးက ပြန်တိုက်ရမယ်လို့ နက်တလီက ပြောပါတယ်။ “တော်လောက်ပြီ” ဟု ၎င်းက ဆိုသည်။ “ယီမင်၊ အီရန်၊ အီရတ်နဲ့ လက်ဘနွန်တို့က ကျွန်တော်တို့ကို နေ့ရောညပါ ရန်သူတွေအဖြစ် တိုက်ခိုက်နေခြင်းမှ တားဆီးရန် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့အား ပြန်လည်တိုက်ခိုက်ရန်မှတပါး အခြားနည်းလမ်း မရှိပါ။” ဟု သူက ဆိုသည်။

နေတန်ယာဟုကို ရည်ရွယ်ပြီး သူကမှတ်ချက်ပေးရာတွင် “ ကျွန်တော်တို့ နောက်ထပ် မိန့်ခွန်းတွေ မပြောနိုင်တော့ဘူး၊ အရေးယူ ဆောက်ရွက်ဖို့ အချိန်ရောက်ပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။ ထိုအတောအတွင်း နေတန်ယာဟုသည် ၎င်း၏စစ်တပ်အတွင်းရေးမှုးချုပ် ရိုမန် ဂေ့ါဖ်မင် (Roman Gofman) နှင့် လုံခြုံရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး စနေနေ့နှောင်းပိုင်းတွင် ကာကွယ်ရေးဌာနအကြီးအကဲများအားလုံးနှင့် လုံခြုံရေးအခြေအနေ အကဲဖြတ်မှု ပြုလုပ်မည်ဖြစ်ကြောင်း ၎င်း၏ရုံးက ပြောကြားခဲ့သည်။ အစ္စရေး အတိုက်အခံခေါင်းဆောင် ဘန်နီ ဂန့်ဇ် (Benny Gantz) သည် စနေနေ့က မာ့ဂျ်ဒဲယ် ရှမ်းစ် (Majdal Shams) သို့ သွားရောက်ခဲ့ပြီး ထိုဒေသတွင် အစ္စရေးကာကွယ်ရေးတပ် ထားရှိမှု တိုးမြှင့်ရန် နေတန်ယာဟုအား တောင်းဆိုခဲ့သည်။ နိုင်ငံ၏မြောက်ပိုင်းနယ်စပ်တစ်လျှောက်တွင် ယခင်က တပ်စွဲထားသော အစ္စရေးတပ်ဖွဲ့အချို့ကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲအဖြစ် အစ္စရေးက မြေပြင်စစ်ဆင်ရေးအတွက် ဂါဇာသို့ ပို့ဆောင်ခဲ့ပြီးနောက် အစ္စရေးတောင်ပိုင်းသို့ ပြန်လည် ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။

“ကျွန်တော်တို့အတွက် တောင်ပိုင်းမှာ ဓားစာခံအဖြစ်အဖမ်းခံထားရသူတွေကို အိမ်ပြန်ပို့ဖို့ ကိုယ်ကျင့်တရားဆိုင်ရာတာဝန်ရှိပြီး မြောက်ပိုင်းက ပြည်သူတွေရဲ့အိုးအိမ်တွေ လုံခြုံရေးနဲ့ သူတို့နေရပ်ပြန်ဖို့ ဗျူဟာမြောက်တာဝန်ရှိပါတယ်။ ဒီလိုဖြစ်နေတာက တော်တော်ကြာနေပြီ။ ဓားစာခံတွေ ပြန်ပို့ဖို့အတွက် တောင်ဘက်မှာရှိတဲ့ တပ်တွေကို မြောက်ဘက်ကို လှည့်ရမယ်လို့ ဝန်ကြီးချုပ်ကို ပြောခဲ့တယ်၊ ဒါက အဓိကအလုပ်ပဲ” လက်ဘနွန်အစိုးရက အရပ်သားအားလုံးကို အကြမ်းဖက်မှုနှင့် တိုက်ခိုက်မှုအားလုံးကို ရှုတ်ချကြောင်း တိုက်ခိုက်မှုအပြီးတွင် လက်ဘနွန်နိုင်ငံပိုင် သတင်းဌာန NNA က ဖော်ပြခဲ့သည်။ အစိုးရကလည်း “အရပ်ရပ်ရှိ ရန်လိုတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်” တောင်းဆိုထားပြီး အရပ်သားများကို ပစ်မှတ်ထားခြင်းသည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူများကို ဆန့်ကျင်ကြောင်း NNA က ဖော်ပြခဲ့သည်။

ဟစ်ဇ်ဘိုလာတို့က ယင်းတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းအခိုင်အမာ ငြင်းဆိုထားသည်။

အစ္စရေးတပ်သည် ဟစ်ဇ်ဘိုလာ တိုက်ခိုက်မှုကို အပြစ်တင်နေသော်လည်း ဟစ်ဇ်ဘိုလာအဖွဲ့သည် စနေနေ့တွင် သူတို့၏ တယ်လီဂရမ် (Telegram) ချန်နယ်မှ ထုတ်ပြန်ချက်တွင် ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။

“ လက်ဘနွန်ရှိ အစ္စလာမ္မစ်တော်လှန်ရေးအဖွဲ့သည် မာ့ဂျ်ဒဲလ် ရှမ်းစ် (Majdal Shams) ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ရန်သူမီဒီယာအချို့နှင့် မီဒီယာပလက်ဖောင်းအမျိုးမျိုးမှ စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ငြင်းဆိုသည်” ဟု ၎င်းက ဆိုသည်။

“အစ္စလာမ့်တော်လှန်ရေးအဖွဲ့ဟာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မည်သည့်ဆက်နွယ်မှုမှ မရှိကြောင်းနှင့် ထိုသို့ မှားယွင်းသော် စွပ်စွဲချက်အားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

သိမ်းပိုက်ခံထားရသော ဂိုလန်တောင်ကုန်း၏ အခြားအစိတ်အပိုင်းတစ်ခုတွင် အစ္စရေးစစ်စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း စနေနေ့အစောပိုင်းတွင် ဟစ်ဇ်ဘိုလာက ပြောကြားခဲ့သည်။

ဒါပေမယ့် မာ့ဂျ် ဒဲလ် ရှမ်း (Majdal Shams) ဆီကို ပစ်လွှတ်လိုက်တဲ့ ဒုံးပျံဟာ လက်ဘနွန်တောင်ပိုင်း ချီဘား (Chebaa) ရွာရဲ့မြောက်ဘက် ဧရိယာကနေ ပစ်လွှတ်လိုက်တာဖြစ်ကြောင်း အစ္စရေးတပ်က ပြောသည်။

အစ္စရေးတပ် ပြောရေးဆိုခွင့်ရှိသူ ဟာဂရီက တိုက်ခိုက်မှုနောက်ကွယ်မှာ ဟစ်ဇ်ဘိုလာ ရှိနေပြီး လိမ်ညာပြောဆိုခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးက ရှင်းပါတယ်၊ ဟစ်ဇ်ဘိုလာဟာ အပြစ်မဲ့ ကလေးတွေကို သတ်ဖြတ်မှုမှာ တာဝန်ရှိပါတယ်။ ဆယ်နှစ်အရွယ်ကလေးတွေနဲ့ တစ်ဖန် ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို လုပ်ခဲ့တဲ့ ဟစ်ဇ်ဘိုလာဟာ အကြမ်းဖက်အဖွဲ့ ဖြစ်တယ်ဆိုတာကို ထပ်မံပေါ်လွင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

စနေနေ့က အိမ်ဖြူတော်က အဆိုပါ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အစ္စရေးအတွက် ၎င်း၏ “သံကွန်ခြာကာကွယ်ရေး”အတွက် အထောက်အပံ့ပေးရန် ထပ်လောင်းပြောကြားခဲ့သည်။

“ယနေ့ကမ္ဘာက မြင်သည့်အတိုင်း အစ္စရေးသည် ၎င်း၏လုံခြုံရေးအတွက် ပြင်းထန်သောခြိမ်းခြောက်မှုများကို ဆက်လက်ရင်ဆိုင်နေရပြီး အမေရိကန်ပြည်ထောင်စုသည် ထိပ်တန်းဦးစားပေးဖြစ်ရမည့် အပြာရောင်လိုင်း တစ်လျှောက်တွင် အဆိုပါ ဆိုးရွားသောတိုက်ခိုက်မှုများကို အဆုံးသတ်ရန် ကြိုးပမ်းမှုများကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်ကြား နယ်နိမိတ်မျဉ်း (အပြာလိုင်း) ကို ရည်ညွှန်းပြီး CNN သို့ စာရေးသားဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရယ် (Josep Borrell) က တိုက်ခိုက်မှုများနှင့် ပတ်သက်၍ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

“ ဒရူ့ဇ်လူမျိုးအများစုနေထိုင်ရာမြို့ Majdal Shams ရှိ ဘောလုံးကွင်းမှ ထိတ်လန့်ဖွယ်ရာ ပုံရိပ်များနဲ့ ဒီလိုသွေးထွက်သံယိုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ကျွန်တော်တို့ ပါဝင်ပတ်သက်သူတွေအားလုံးကို အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်း ကျင့်သုံးဖို့နဲ့ နောက်ထပ် တိုးမြင့်လာမည့် တိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့ ကျွန်ုပ်တို့ တိုက်တွန်းပါတယ်” ဟု လူမှုကွန်ရက်စာမျက်နှာ X တွင် ၎င်းက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း ဘာသာပြန်သတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းအသုံးပြုခွင့်ရရန် အီရန် ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် အမေရိကန်နှင့် ယာယီသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းပြန်လည်ထုတ်ပေးရန် အီရန်က တောင်းဆို နေကြောင်း အစိုးရတစ်ပိုင်းဖြစ်သော ဖားစ် (Fars) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 82 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 83 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ