ဇူလိုင်လ (၃၁)ရက်။
မတ္တရာမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်း (၇)ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထပ်မံသိမ်းပိုက်ရရှိခဲ့တဲ့ တပ်စခန်းတွေဟာ ငါးလုံးပြွန်ကျေးရွာတပ်စခန်း၊ တောင်ကန်ကျေးရွာတပ်စခန်း၊ အောင်သပြေကျေးရွာတပ်စခန်း၊ အောင်သပြေကားကွင်း တပ်စခန်း၊ မြို့ကုန်းရွာတပ်စခန်း၊ ထန်းပင်ကုန်းရွာတပ်စခန်းနဲ့ ဘိုကုန်းရွာတပ်စခန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီတပ်စခန်း (၇)ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာကြောင့် မတ္တရာမြို့နယ်ထဲ သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီတပ်စခန်း အရေအတွက် (၃၅)ခုရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ်ထဲရှိ ကျောက်တံတားကျေးရွာနဲ့ မြကန်သာကျေးရွာတို့မှာလဲ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရေးသားထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေနဲ့ မတ္တရာမြို့နယ်ထဲက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။