ဩဂုတ်လ (၂)ရက်။
မနေ့က မြင်းခြံမြို့ရှိ စစ်ကောင်စီတပ်ရဲ့ ခမရ(၁၅)တပ်စခန်းကို တာဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ Anyar Federal Task Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခမရ(၁၅) တပ်စခန်းကို ၄၀မမ တာဝေးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး လည်ပင်းပေါက်ထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စခန်း ခမရ(၁၅)ကို ပစ်ခတ်တိုက်ခိုက်ရတာဟာ မကြာမီကာလတွေမှာ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ကို ဂရုမစိုက်ဘဲ မြို့ကိုသိမ်းပိုက်ဖို့ နီးကပ်လာတာကို အသိပေးတာလို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Anyar Federal Task Force(AFTF)နဲ့အတူ Freedom Fighter Guerrilla Force (FFGF)နဲ့ 8 Star ပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြဆယလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။