နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆီဆိုင်မြို့အနီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးပြီး ဒရုန်းနဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ PNLA ထုတ်ပြန်

ဩဂုတ်လ (၇)ရက်။

မနေ့က ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လွယ်ထွယ်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးပြီး ဒရုန်းတစ်စင်းနဲ့ လက်နက် (၁၀)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေဟာ ဩဂုတ်လ (၃)ရက်နေ့ကစပြီး ဆီဆိုင်မြို့နယ်ထဲက ပအို့ဝ်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ တမင်သက်သက် ပစ်ခတ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီလို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ သွားလာကြဖို့ PNLA က တိုက်တွန်းထားပါတယ်။

မနေ့ကလဲ စစ်ကောင်စီဟာ ဆီဆိုင်မြို့ကနေ အရှေ့ဘက်ရှိ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ‌ကြောင့် ကျေးရွာ (၁၀)ရွာထက်မနည်းက ပြည်သူ (၃၀၀၀)ကျော် တောတောင်ထဲ ထွက်ပြေးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် မနေ့ညပိုင်းကလဲ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မီရဲ့ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကာ ဆယ်ကျော်သက်အရွယ် စစ်ရှောင်မိန်းကလေး (၂)ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေဘေးကယ်ဆယ်တဲ့အဖွဲ့တွေကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးတဲ့အပေါ် ပြင်းထန်စွာရှုံ့ချတယ်လို့ မုန်းမြို့နယ်ကယ်ဆယ်ရေးကော်မတီ ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 6 Views
စက်တင်ဘာလ (၂၀)ရက်။ ရေဘေး ကူညီကယ်ဆယ်ဖို့လာတဲ့ လူမှုပရဟိတအဖွဲ့တွေကို စစ်ကောင်စီက ခြိမ်းခြောက်ပစ်ခတ်ဖမ်းဆီးတဲ့အပေါ် မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရှမ်းအရှေ့ မိုင်းပျဉ်မြို့မှာ စစ်ကောင်စီနဲ့ RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 6 Views
စက်တင်ဘာလ (၂၀)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းပျဉ်မြို့နယ်ထဲ စစ်ကောင်စီနဲ့ RCSS တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကောင်စီညွှန်ကြားတဲ့ မိသားစုလွှဲပို့ငွေ လွှဲပို့ဖို့ ဖိအားပေးလုပ်ဆောင်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 8 Views
စက်တင်ဘာလ (၂၀)ရက်။ စစ်ကောင်စီညွှန်ကြားထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဆီက မိသားစုလွှဲပို့ငွေ လွှဲပို့ဖို့ ဖိအားပေးတဲ့ အေဂျင်စီတွေနဲ့ ပုဂ္ဂလိကအကျိုးဆောင်တွေကို အရေးယူမယ်လို့ NUG အလုပ်သမား၀န်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံလစာဝင်ငွေထဲက (၂၅)ရာခိုင်နှုန်းကို မိသားစုလွှဲပို့ငွေအနေနဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ နိုင်/ကျဉ်းတစ်ဦးကို ဆေးလိပ်တွေ့တယ်လို့ စွပ်စွဲပြီး ထောင်အာဏာပိုင်တွေက စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 10 Views
စက်တင်ဘာလ (၂၀)ရက်။ ဒိုက်ဦးထောင်ထဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပွတ်ချွန်းအခွံ(ဆေးလိပ်)တွေ့တယ်ဆိုပြီး ထောင်အာဏာပိုင်တွေက စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်ခဲ့တယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်ခံခဲ့ရသူဟာ ပုဒ်မ ၅၀၅နဲ့ ထောင်ဒဏ် (၃)နှစ် မတရားချမှတ်ခံထားရတဲ့
မြန်မာသတင်း

မွန်ပြည်အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်တော်လှန်ရေးအင်အားစုတွေ ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 11 Views
စက်တင်ဘာလ (၂၀)ရက်။ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း အားလုံးပါ၀င်ပြီး မွန်ပြည်နဲ့ မွန်ပြည်ရဲ့ ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်တော်လှန်ရေးအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးမှာ ပါ၀င်နေတဲ့ မွန်လူငယ်တွေဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတရပ်ကို အခုလထဲ
မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုးကာ နေအိမ် (၄၀)ကျော်ကို မီးရှို့ဖျက်ဆီးပြီး အရပ်သား (၂)ဦးကို မီးရှို့သတ်ဖြတ်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 13 Views
စက်တင်ဘာလ (၂၀)ရက်။ ပုလောမြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုး၀င်ရောက်ကာ နေအိမ် (၄၀)ကျော်နဲ့ အရပ်သား(၂)ဦးကို မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၉)ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ လိပ်ဥသောင်ရွာကို ၀င်ရောက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သလို
မြန်မာသတင်း

ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးကို လက်တွဲတည်ဆောက်ဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (၉)ဖွဲ့ ‌ထုတ်ပြန်ကြေညာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 12 Views
စက်တင်ဘာလ (၂၀)ရက်။ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးနဲ့စပ်လျဉ်းပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ (၉)ခုက မနေ့က ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးကို တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီတို့က အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းတာတွေကို
မြန်မာသတင်း

အလယ်ကုန်းရဲစခန်းအနီး ကင်းပုန်း၀ပ်နေတဲ့ စစ်ကောင်စီရဲနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 7 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၃)ရက်နေ့ ည (၈)နာရီက ကြို့ပင်ကောက်မြို့ရှိ အလယ်ကုန်းရဲစခန်းအနီးက စစ်ကောင်စီရဲနဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Dragon GBK-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလယ်ကုန်းရဲစခန်းအနီး တံတားထိပ်က