နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြင်းခြံမြို့က ဌာနဆိုင်ရာယန္တရားတွေ ရပ်ဆိုင်းသွားပြီဖြစ်

ဩဂုတ်လ (၁၄)ရက်။

ဒီကနေ့မှာ မြင်းခြံမြိုက ဌာနဆိုင်ရာယန္တ‌ရားတွေ ရပ်ဆိုင်းသွားပြီဖြစ်တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မြင်းခြံက ဘဏ်တွေအကုန်လုံးလဲ ပိတ်ထားပြီး ငွေထုတ်မရတော့ဘူး၊ စီးပွားရေးဘဏ်မှာ အရင်အပတ်ထဲက ငွေတွေကို ညောင်ဦးကနေတဆင့် မန္တလေးကို ပို့ထားပြီးပြီ” လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဆိုပါတယ်။

မြင်းခြံမြို့ရှိ စီးပွားရေးဘဏ်က ရာထူးကြီး၀န်ထမ်းတွေကို မန္တလေးဘဏ်ကို ခေါ်ဆောင်နေတာရှိပြီး အရေးယူမှာစိုးတဲ့အတွက် မသွားရဲကြဘဲ ခရိုင်ရဲစခန်းက ရဲတွေဟာ ပုပ္ပါးဘက်ကို ထွက်ပြေးပုန်းရှောင်နေကြတယ်လို့ ဖော်ပြထားပါတယ်။

မြင်းခြံမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ၀န်ထမ်းတွေလဲ နီးစပ်ရာတွေကို ထွက်ပြေးပုန်းရှောင်နေရပြီး မြို့ထဲက စက်သုံးဆီဆိုင်တွေလဲ ပိတ်ထားတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ပါးစေ Non-CDM တွေကို ခရိုင်ထဲကနေ အမြန်ဆုံးထွက်သွားကြဖို့နဲ့ ဒေသခံ Non-CDM တွေအနေနဲ့ သက်ဆိုင်ရာကော်မတီတွေဆီ အမြန်ဆုံး ဆက်သွယ်စာရင်းသွင်းကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

အခုလိုအသိပေးချက်ကို မလိုက်နာဘဲ သတ်မှတ်ရက်ထက် ကျော်လွန်ပါက တာ၀န်ယူမှာမဟုတ်သလို ပြည်သူတွေအနေနဲ့ မမေ့မလျော့ မပေါ့မဆတဲ့ အသိသတိနဲ့ နေထိုင်သွားလာကြဖို့ သတိပေးထားပါတယ်။

တိုက်ပွဲတွေကြောင့် မြင်းခြံမြို့ရှိ ဓါတ်အားသုံးစက်ရုံက စက်တွေဟာ ဩဂုတ်လ (၁၂)ရက်ကစပြီး အရေးပေါ်ရပ်တန့်ခဲ့ရတဲ့အတွက် ရန်ကုန်တိုင်းထဲ မီးပြတ်တာတွေရှိနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ YESC ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးဖို့ ULA/AA တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ဒေသထဲနဲ့
မြန်မာသတင်း

ဒေါ်ကြည်ပြာကို ရာထူးတာဝန် ပြန်ခန့်အပ်ထားတာ မရှိသေးဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ဒေါ်ကြည်ပြာကို ရာထူးတာဝန်ကနေ ယာယီရပ်နားထားဆဲဖြစ်ပြီး ပြန်လည်ခန့်အပ်တာ မရှိသေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီကနေ့မှာပြုလုပ်တဲ့
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က မြစ်ကြီးနားလေဆိပ်မှာ MNA ခရီးသည်တင်လေယာဉ်တစီး အသေခံဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒရုန်းတွေနဲ့ ပစ်ခတ်ခံရတဲ့ လေယာဉ်ဟာ မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ပြန်လည်ထွက်ခွာမယ့် MNA
မြန်မာသတင်း

အင်အားကြီးသူပြောတိုင်းအမှန်ပဲလာ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 15 Views
ဝါရင့်ရှေ့နေကြီးဦးကြီးမြင့်နဲ့အမြင်ဖလှယ်ခြင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကို အင်အားကြီးသူက တိုက်ခိုက်သိမ်းပိုက် အောင်ပွဲခံ နေတာဟာ တကယ့်အောင်ပွဲလား၊ ဘယ်လိုကောင်းကျိုးတွေ ဆိုးကျိုးတွေရှိသလဲဆိုတာ သူတို့အမြင်များကို ဦးကြီးမြင့်နဲ့ဦးထွန်းအောင်ကျော်တို့ကဆွေး‌နွေးတင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ကရင်နီမှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်းဖို့ တော်လှန်ရေးအင်အားစုတွေကို လူထု တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ကရင်နီပြည်မှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်း‌တည်ဆောက်ဖို့ လူထုတွေ့ဆုံပွဲကနေ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ လွိုင်နန်းဖမြို့နယ်ရှိ ပြည်သူတွေက လူထုတွေ့ဆုံပွဲတခုပြုလုပ်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဆီ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ရက်စွဲနဲ့ စာပို့မေတ္တာရပ်ခံထားတာပါ။ လူထုတွေ့ဆုံပွဲကနေ တိုက်တွန်းတဲ့စာကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)အပါအဝင်
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ နစ်နာသူတွေ တရားမျှတမှုရရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့ တောင်းဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့က မနေ့ကရက်စွဲနဲ့ တိုက်တွန်းတောင်းဆိုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ကြည်ပြာကိစ္စကို NUG ဝန်ကြီးချုပ်လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တဲ့စာဟာ ပြည်သူ၊ တော်လှန်ရေးအင်အားစုတွေနဲ့
မြန်မာသတင်း

တောင်ခေါင်းလောင်းရွာမှာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ပုလောမြို့ တောင်ခေါင်းလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNLA တပ်မဂာ-၄ အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းဟာ စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား (၂၇)ဦးရှိပြီး နံနက်
မြန်မာသတင်း

နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေ ပူးပေါင်းကြဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေအပါအဝင် တိုင်ရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ချင်းပြည်နယ်ရဲ့ နေရာဒေသအချို့အပါအဝင် နိုင်ငံထဲ ‌ဆူပူအကြမ်းဖက်တာတွေ၊ တရားဥပဒေ ဖောက်ဖျက်ကျူးလွန်တာတွေက