နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာထောင်ထဲ အစာငတ်ခံဆန္ဒပြတဲ့ နိုင်/ကျဉ်း (၁၇)ဦးကို ရှေ့နေငှားရမ်းချေပဖို့ အချိန်မပေးဘဲ အမှုအမြန်စစ်ဆေးနေ

ဩဂုတ်လ (၂၁)ရက်။

မုံရွာထောင်ထဲ အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို တရာစွဲတာမှာ ရှေ့နေငှားရမ်းချေပဖို့ အချိန်မပေးဘဲ အမှုအမြန်စစ်ဆေးနေတယ်လို့ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ကြားရသလောက်တော့ တရားစွဲဆိုခံရတဲ့ နိုင်/ကျဉ်းတွေက ရှေ့နေဌားမယ်၊ အမှုတွဲမိတ္တူကူးဦးမယ် စသဖြင့် ပြောပါလျက်နဲ့ မုံရွာမြို့နယ်တရားသူကြီး ဦးထက်အောင်ဇော်က ဇွတ်စစ်တာလို့ပြောတယ်။ အခု နိုင်/ကျဉ်းတွေက အမှုတွဲတွေ၊ တိုင်ချက်တွေလဲမဖတ်ရ၊ ရှေ့နေအကူအညီလဲ ဘာမှမရဘဲအမှုကို ရင်ဆိုင်နေကြရတာ”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ‌ကိုဝင်းကျော်ဂေါင်၊ ကိုညီဟိန်း၊ကိုစန်းမြင့်လွင်အပါအဝင် (၁၇)ဦးကို ရာဇသတ်ကြီးပုဒ်မ – ၁၄၇ (လူစုလူဝေးဆူပူမှု)နဲ့ တရားစွဲဆိုတာကို ဩဂုတ်လ (၁၉)ရက်နေ့မှာ အမှုစတင်စစ်ဆေးခဲ့တာလို့ ဖော်ပြထားပါတယ်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလထဲ မုံရွာထောင်မှာဖြစ်ပွားခဲ့တဲ့ အစာငတ်ခံဆန္ဒပြတာနဲ့ ကြွေးကြော်ဆန္ဒပြတာမှာ ပါဝင်ခဲ့တဲ့ ကိုဝေမိုးနိုင်၊ ကိုမန်ဇာမြေမွန်၊ ကိုဘုန်းမြင့်အောင်နဲ့ ကိုအောင်ချမ်းမြေ့အပါအဝင် နိုင်/ကျဉ်း(၃၁)ဦးကို တရာစွဲဆိုရာမှာ ထည့်သွင်းထားတယ်လို့ ရေးသားထားပါတယ်။

“အဓိကကတော့ ဖြစ်စဉ်ကို ဟိုဖုံး ၊ဒီဖိလုပ်ပြီး ပြီးစလွယ် တရားစွဲလိုက်တာလို့ ယူဆရတာပဲ။ ဆန္ဒပြရာမှာ တကယ်ပါခဲ့တဲ့သူတွေကိုကျ တရားစွဲရာမှာ ထည့်မထားဘူး။ မဆိုင်တဲ့လူတွေကိုကျ တရားခံစာရင်းထဲထည့်ထားတယ်။ ဒါ့အပြင် နိုင်/ကျဉ်းတွေကို တရားရုံးရှေ့မှောက်မှာ မျှတတဲ့ ဥပေဒအရ ခုခံချေပခွင့်၊ ရှေ့နေဌားရမ်းရင်ဆိုင်ခွင့်တွေကို ကန့်သတ်နေတာဆိုတော့ မျှတတဲ့တရားစီရင်မှု ပေါ်ပေါက်လာဖို့ အကြောင်းမရှိတော့ဘူး”လို့ မုံရွာထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောဆိုထားပါတယ်။

ဒီလိုတရာစွဲဆိုတာမှာ ထည့်သွင်းထားတာနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှာ အမှန်တကယ်ပါဝင်ခဲ့သူတွေကို တရားခံစာရင်းကနေ ပယ်ဖျက်ပေးဖို့ တင်ပြတဲ့စာကိုလဲ ထောင်အာဏာပိုင်တွေက တရားရုံးသို့ တင်ပြပေးတာမရှိဘဲ  ဖုံးဖိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုဖြစ်စဉ်ထဲ ထောင်အာဏာပိုင်နဲ့ တရားရုံးတို့ လက်ဝါးချင်းရိုက်ပြီး ဖုံးဖုံးဖိဖိ‌ ဖြေရှင်းနေတာဖြစ်တဲ့အတွက် မျှတတဲ့တရားစီရင်မှု ပေါ်ပေါက်လာမှာမဟုတ်ဘူးလို့လဲ သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 64 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို