ဩဂုတ်လ (၂၂)ရက်။
ဩဂုတ်လ (၂၀)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က ပေါက်ခေါင်းမြို့ရှိ ချောင်းကောင်းရွာနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကျောက်ဒိုး(ခ)ညွန့်နိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ (၃၆၀၁) PPDF တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကျောက်ဒိုး(ခ)ညွန့်နိုင်ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ(၃)နဲ့ ပေါက်ခေါင်းပကဖတို့က သူ့ရဲ့နေအိမ်ထဲ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး ကျေးရွာအုပ်စုထဲ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ခေါ်တာ၊ မတရားငွေညှစ်တောင်းခံတာ၊ စစ်ကောင်စီနဲ့ပေါင်းပြီး ပေါ်တာဆွဲရာမှာ အချိန်ပြည့် လိုက်ပါဆောင်ရွက်ပေးနေတာဝို့ကြောင့် အခုလို အပြစ်ပေးအရေးယူတာလို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး စစ်မှုထမ်းစုဆောင်းဖို့အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကျန်တဲ့ အုပ်ချုပ်ရေးမှူးတွေကိုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။