နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသည် ရုရှားနိုင်ငံ ကူစ် (Kursk) ဒေသတွင် အမေရိကန်၏ လေဟုန်စီး ပျံဝဲနိုင်သောဗုံးများကို အသုံးပြုခဲ့ပြီး ခါကိ့ဗ် (Kharkiv) ရှိ နယ်မြေအချို့ကို ပြန်လည်သိမ်းယူခဲ့

ကိ့ဗ်၊ ယူကရိန်း (AP)

ယူကရိန်းစစ်တပ်က ရုရှား၏ ကူစ် (Kursk) ဒေသကို တိုက်ခိုက်ရန်အတွက် တိကျသော အမေရိကန်လေဟုန်စီး ပျံဝဲနိုင်သောဗုံးများကို အသုံးပြုခဲ့ကြောင်း၊ ၎င်းသည် နွေဦးရာသီကတည်းက ရုရှား၏ ထိုးစစ်ဆင်မှုအောက်တွင် ရှိခဲ့သည့် ယူကရိန်းအရှေ့ပိုင်း ခါကိ့ဗ်ဒေသရှိ နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းလေတပ်ဦးစီးမှူး ဒုတိယဗိုလ်ချုပ်ကြီး မိုင်ခိုလာ အိုလက်စ်ချတ် (Mykola Oleschuk) က သြဂုတ် ၆ ရက်နေ့တွင် ယူကရိန်းတပ်သည် အံ့အားသင့်ဖွယ် နယ်စပ်ကို ဖြတ်ကျော် ကျုးကျော်ဝင်ရောက်ခဲ့ပြီး ရုရှားစစ်ကြောင်းတပ် အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း ပြသသည့် ဗီဒီယိုကို ကြာသပတေးနေ့ညက ထုတ်ပြန်ခဲ့သည်။ အမေရိကန်က ထောက်ပံ့ပေးထားသည့်ဗုံးများကြောင့် ရုရှားများ အသေအပျောက်များခဲ့ပြီး စက်ပစ္စည်းများ ပျက်စီးခဲ့ပါသည်။ ဗီဒီယိုတွင် ပေါက်ကွဲသံများနှင့် မီးခိုးငွေ့များ အများအပြား ထွက်ပေါ်နေသည့် နေရာအား ပြသခဲ့သည်။

ယူကရိန်းကို ကျောထောက်နောက်ခံပေးနေသော နိုင်ငံအများအပြားသည် ယူကရိန်းအား လှူဒါန်းထားသည့် လက်နက်များကို ကာကွယ်ရေး ရည်ရွယ်ချက်မှတပါး မည်သည့်အရာအတွက်မဆို အသုံးပြုခြင်းကို ဆန့်ကျင်ကြသည်။ သို့သော်လည်း ယူကရိန်းက ၎င်း၏ ကူစ် (Kursk) ဒေသကို ကျုးကျော်မှုသည် အဓိကအားဖြင့် ခံစစ်ဖြစ်ပြီး ထိုရုရှားဒေသမှ ယူကရိန်းမြေကို တိုက်ခိုက်မှု နည်းပါးစေရန် ရည်ရွယ်သည်ဟု ယူကရိန်းက စောဒကတက်ခဲ့သည်။

နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများတွင် လေဟုန်စီး ပျံဝဲနိုင်သော ဗုံးများကဲ့သို့သော ယူကရိန်း၏ တာတိုပစ်လက်နက်များ အသုံးပြုမှုကို ဝါရှင်တန်က ထောက်ခံကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယခုအချိန်အထိ အမေရိကန်သည် ရုရှားနိုင်ငံအတွင်းသို့ နက်ရှိုင်းစွာ ထိုးစစ်ဆင်ရန်အတွက် တာဝေးပစ် ATACMS ဒုံးကျည်များ အသုံးပြုမှုကိုသာ ကန့်သတ်ထားသည်။

ယူကရိန်းလွတ်လပ်ရေးနေ့ မတိုင်ခင် ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနှင့် ယူကရိန်းပြည်သူများအပေါ် အမေရိကန်၏ မယိမ်းယိုင်သည့် ထောက်ခံမှုကို သောကြာနေ့က ယူကရိန်းသမ္မတနှင့် စကားပြောဆိုစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာချက်ထဲတွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဂျိုးဘိုင်ဒင်သည် လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ၊ တန်ပြန်ဒရုန်းသုံးပစ္စည်းများ၊ သံချပ်ကာဒုံးကျည်များနှင့် မိုဘိုင်းဒုံးပျံ စနစ်များ အပါအဝင် ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အကူအညီပေးမည့် အစီအစဉ်သစ်တစ်ခုကိုလည်း ကြေညာခဲ့သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အမေရိကန် တာဝန်ရှိသူများသည် ယူကရိန်း မဟာမိတ်များနှင့် နေ့စဉ် နီးကပ်စွာ ဆက်သွယ်နေပြီး ကူစ် (Kursk) ထိုးစစ်တွင် အမေရိကန်၏ လက်နက်များကို မည်သို့ အသုံးပြုနိုင်ကြာင်း လမ်းညွှန်ချက်တွင် မကြာသေးမီက အပြောင်းအလဲများ ပြုလုပ်ထားခြင်း မရှိဟု ပြောကြားခဲ့သည်။ “ရုရှားရဲ့ ရန်စမှုတွေကို ခုခံကာကွယ်ဖို့ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ပစ္စည်းတွေကို အသုံးပြုခွင့်ပေးထားတယ်။ ပြီးတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ သမ္မတက သူတို့နယ်စပ်ကိုဖြတ်ပြီး အမေရိကန်လက်နက်တွေကို အသုံးပြုခွင့်ပေးခဲ့တယ်” ဟု ကာဘီ က ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ကူစ် (Kursk) တွင် ယူကရိန်း၏ စစ်ဆင်ရေး အောင်မြင်မှုသည် ရေရှည်တွင် မည်မျှ အောင်မြင်မည်ကို မရှင်းလင်းသေးကြောင်း ကာဘီ က ပြောကြားခဲ့သည်။ ကူစ် (Kursk) ဒေသရှိ အချို့နေရာများတွင် ယူကရိန်းတပ်များကို နောက်ကြောင်းပြန်လှည့်ရန်တိုက်ခိုက်သည့် အောင်မြင်မှုအချို့ကို ရုရှားတာဝန်ရှိသူများက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ သီးခြားအားဖြင့်၊ ယူကရိန်း၏ တတိယမြောက် ချေမှုန်းရေးတပ်မဟာက ၎င်း၏တပ်ဖွဲ့များသည် ခါကိ့ဗ် (Kharkiv) ဒေသတွင် နှစ်စတုရန်းကီလိုမီတာ (တစ်စတုရန်းမိုင်၏ လေးပုံသုံးပုံခန့်) နီးပါးသို့ တိုးလာခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုးစစ်၏အချိန်၊ အတိုင်းအတာနှင့် ဧရိယာနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသည့်အပြင် စစ်မြေပြင်တွင် ၎င်း၏အကျိုး သက်ရောက်မှုကို ခန့်မှန်းရခက်ပါသည်။

ယူကရိန်းတပ်ဖွဲ့များသည် အမေရိကန်၏လက်နက်များ ပေးပို့မှု နှောင့်နှေးကြန့်ကြာနေမှုသည် နောက်ဆုံးတွင် ဖြေလျော့ခွင့်ပြုပေးလိုက်ပီးနောက် ယခုလတွင် အရှိန်အဟုန်သစ်ရရှိကာ ကိ့ဗ်သည် ရုရှားနိုင်ငံအနောက်ပိုင်း ကူစ် (Kursk) ဒေသသို့ ယခုလအစောပိုင်းတွင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ထိုးစစ်တစ်ရပ်ကို ပြုလုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ယူကရိန်းသည် ယခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံ၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် စစ်ဘက်နှင့် လောင်စာဆီပစ်မှတ်များကို မောင်းသူမဲ့လေယာဉ်ဖြင့် ပြင်းထန်စွာ စစ်ပွဲဆင်နွှဲခဲ့သည်။ သောကြာနေ့တွင် အဆိုပါ ဒရုန်းတိုက်ခိုက်မှုအချို့ကြောင့် ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများအကြောင်း အသေးစိတ်အချက်အလက်များ အသစ်ထွက်ပေါ်လာခဲ့သည်။ Volgograd ဒေသရှိ ဝေးကွာသော ရုရှားလေတပ်အခြေစိုက်စခန်းအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ယူကရိန်းဒရုန်းသည် စစ်ပွဲအတွင်း မော်စကိုအသုံးပြုသည့် လေဟုန်စီး ပျံဝဲနိုင်သောဗုံးများ ထားသည့် လေယာဉ်ကွင်းကို သိသိသာသာ ပျက်စီးစေခဲ့ကြောင်း AP မှ သောကြာနေ့တွင် ခွဲခြမ်းစိတ်ဖြာ ထားသည့် ဂြိုလ်တု ဓာတ်ပုံများက ဖော်ပြခဲ့သည်။

ထိုအတောအတွင်း ရုရှားနိုင်ငံ Krasnodar ဒေသရှိ Kavkaz ဆိပ်ကမ်း၌ ကြာသပတေးနေ့တွင် ကုန်တင်ကူးတို့ကို စီးနင်းတိုက်ခိုက်မှုကြောင့် လူ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ Tass က သောကြာနေ့တွင် ဖော်ပြခဲ့သည်။ ကျန်းမာရေးတာဝန်ရှိသူများကို ကိုးကား၍ Tass က ဒဏ်ရာရသူလေးဦးကို ဆေးရုံတင်ထားရပြီး ကျန်တစ်ဦးမှာ စာရင်းမရသေးကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း၏ စစ်မြေပြင်အောင်မြင်မှု အမြတ်အစွန်းမျာသည် စစ်မြေပြင်အခြေအနေကို ပြန်လည်ပုံဖော်ကာ ရုရှားက ၎င်းတို့နိုင်ငံကို လွန်ခဲ့သည့် ၁၀ နှစ်အကြာက ပထမဆုံး ကျူးကျော်ပြီးနောက်တွင် ယူကရိန်းနိုင်ငံသားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။ မော်စကိုက အစုလိုက်အပြုံလိုက် အသေအပျောက်များစေသည့် ယူကရိန်းနိုင်ငံသို့ အပြည့်အဝကျူးကျော်မှုကြီးက ၂နှစ်ခွဲကာလအတွင်း ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပ၏ အကြီးဆုံးဒုက္ခသည် အကျပ်အတည်းကို ဖန်တီးခဲ့သည်။ ။

ယူကရိန်းနှင့် ၎င်း၏ အနောက်နိုင်ငံ မဟာမိတ်များက ပြန်လည်ရရှိသည့် အရှိန်အဟုန်သည် သံတမန်ရေးရာ မျက်နှာစာတွင် ကိ့ဗ်၏ ကိုယ်တွယ်ထိန်းချုပ်မှုကို ခိုင်ခံ့စေမည်ဟု မျှော်လင့်ပါသည်။ သမ္မတ ဗလာဒီမာဇလန်းစကီးနှင့် သောကြာနေ့က တွေ့ဆုံခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) က ကိ့ဗ်မြို့ကို အလည်အပတ် လာရောက်လည်ပတ်ခဲ့ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရင်းနှီးသော ဆက်ဆံရေးနှင့် စီးပွားရေး ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် မိုဒီသည် ဖျန်ဖြေပေးသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ပါဝင်နိုင်မည်ဟု ယူကရိန်းက မျှော်လင့်ထားသည်။

ရုရှားနိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းသည် ရုရှား၏ အားနည်းချက်များကို မီးမောင်းထိုးပြခဲ့ပြီး ကီလိုမီတာ ရာနှင့်ချီသော ရှေ့တန်း၌ တိုက်ပွဲဝင်နေသော ယူကရိန်းတပ်ဖွဲ့ဝင်များကိုလည်း ပိုမိုကျယ်ပြန့်စွာ ဖြန့်ကျက်ခဲ့ရသည်။ ၎င်းသည် ဒွန်းနက်ခ် (Donetsk) ဒေသတွင် ဖြည်းဖြည်းချင်း မှန်မှန်ရှေ့တိုးသိမ်းပိုက်လာနေသော ရုရှားတပ်ဖွဲ့များကို ထိန်းထားနိုင်ရန်အတွက် ယူကရိန်း၏ စွမ်းရည်ကို အလျှော့အတင်းပြုကာ ထိုနေရာ၌ရုရှားထိုးစစ်ကိုလျော့သွားစေရန် ယူကရိန်းတပ်ဖွဲ့များက လမ်းကြောင်းပြောင်း၍ ရုရှားနိုင်ငံတွင်းသို့ တခြားနေရာမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရုရှားထံမှ သိမ်းယူထားသည့်နယ်မြေကို ယူကရိန်းက မည်မျှကြာကြာ ထိန်းထားနိုင်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကူစ် (Kursk) ဒေသရှိ ဘော်ကီ (Borki) နှင့် မာလာရာ လော့ညာ (Malaya Loknya) ရွာများပေါ်တွင် ယူကရိန်းတပ်များ ချီတက်ရန် ကြိုးပမ်းမှုကို ၎င်း၏တပ်ဖွဲ့များက နောက်ကြောင်းပြန်လှည့်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြား ခဲ့သည်။ ယူကရိန်းတပ်များသိမ်းယူခဲ့သည့် ဆုဒ်ဇာ (Sudzha) ၏မြောက်ဘက် ၂၀ ကီလိုမီတာ (၁၂ မိုင်) အကွာ ကမ်မီရှီဗကာ (Kamyshevka) အနီးရှိ ကင်းထောက်နှင့် အဖျက်အဖွဲ့တစ်ဖွဲ့ကိုလည်း တိုက်ထုတ်ခဲ့ကြောင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယူကရိန်းတပ်မ ၃ မှ သီးခြားခွဲထုတ် ချေမှုန်းရေးတပ်မဟာက ကြာသပတေးနေ့နှောင်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ယူကရိန်းစစ်သားများသည် ရုရှားတပ်ရင်းတစ်ခုမှ ထိန်းချုပ်ထားသည့် ဧရိယာနှင့် အမာခံနယ်မြေအချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တပ်မဟာမှူး အင်ဒရေး ဘိုင်လက်စကီး (Andrii Biletskyi) က ၎င်းတို့သည် မိမိတို့ထက်သာလွန်အင်အားရှိသော ရုရှားတပ်များကို တိုက်ခိုက်ခဲ့ပြီး “အနိုင်ရ” ကာ စစ်မြေပြင်ရှိ တပ်ဖွဲ့များ၏ အချိုးအစားမှာ မော်စကိုက အင်အားအရ 2.5:1 ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

AP သည် အဆိုပါပြောဆိုချက်များကို သီးခြားအတည်မပြုနိုင်ခဲ့ဘဲ ရုရှားထံမှ ချက်ချင်းမှတ်ချက်ပေးခြင်းလည်း မရှိပေ။ ရုရှားသည် မေလတွင် ခါကိ့ဗ် (Kharkiv) ဒေသတွင် ထိုးစစ်ဆင်ခဲ့ရာ အမြတ်အစွန်းအချို့ ရခဲ့သော်လည်း မကြာမီ ရပ်တန့်သွားခဲ့သည်။ ရုရှားစစ်တပ်သည် ထိုဒေသတွင် တိုက်ခိုက်မှုများကိုလျော့ချလိုက်ပြီး စက်မှုဒွန်ဘတ်စ်ဒေသ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဒွန်းနက်စ်ဒေသကို အာရုံစိုက်တိုက်ခိုက်နေခဲ့သည် ထိုဒေသကိုမော်စကိုသည် သူ့နိုင်ငံတွင်းသို့ ထည့်သွင်း ထားခဲ့သော်လည်း အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ. အနောက်နိုင်ငံများ၏ စစ်ရေးအကူအညီများ ယူကရိန်းသို့ပေးရန် နှောင့်နှေးမှုများ အကြားတွင် ရုရှားက နွေဦးပေါက်ရာသီတွင် ခါကိဗ်ကို တိုက်ခိုက်ရာတွင် တိုးတက်မှုများကိုရရှိခဲ့ပြီး ယူကရိန်းအနေနှင့် စစ်ရေးအကူအညီမရသဖြင့် အားနည်းသွားသည့် လက္ခဏာအဖြစ် ရှုမြင်ခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 18 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန်

ပါကစ္စတန်မြို့တော်ရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၊ အနည်းဆုံး ၃၁ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက်။ ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီအာမွတ်စလင်ဗလီတစ်ခုတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲသမားတစ်ဦးကြောင့် အနည်းဆုံး လူ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုမန်တွင် အမေရိကန်နှင့် အီရန်တို့ အရေးပါသော ဆွေးနွေးပွဲများ ပြုလုပ်ပြီးစီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက် အိုမန်နိုင်ငံတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးခဲ့ကြ ပြီးနောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “ အလွန်ကောင်းမွန်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ “ အီရန်က သဘောတူညီမှုတစ်ခုရဖို့
နိုင်ငံတကာသတင်း အီရန်

ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သူတို့၏ ဂူဗိမာန်ဘေးဝယ် ကြေကွဲနေသော အီရန်နိုင်ငံသားများ နှုတ်ဆိတ်နေရန် ဖိအားပေးခံထားရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် တီဟီရန်မြို့ — ကြာသပတေးနေ့ ညနေခင်းများတွင် တီဟီရန်မြို့၏ အကြီးဆုံးသော သုသာန်ကြီးမှာ ကွယ်လွန်သွားသော ချစ်ခင်ရသူများကို လာရောက် ဂါရဝပြုကြသူများဖြင့် သက်ဝင်လှုပ်ရှားလာလေ့ရှိသည်။ အစိုးရဆန့်ကျင်ရေး
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာဖရိက

ရုရှား-ယူကရိန်းစစ်ပွဲအတွင်းသို့ ရုရှားနိုင်ငံက အာဖရိကန်အမျိုးသားများအား အလုပ်အကိုင်ကောင်းများပေးမည်ဟု လိမ်လည်ဖြားယောင်းကာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နေသည့်အကြောင်း CNN သတင်းဌာန၏ စုံစမ်းထောက်လှမ်းချက်မှ အဓိကအချက်များနှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 33 Views
CNN -၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၅ရက် အာဖရိကနိုင်ငံများ ဖြစ်သည့် ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ ယူဂန်ဒါတို့ မှ အမျိုးသားများအား လျှပ်စစ်အင်ဂျင်နီယာ၊ လုံခြုံရေးဝန်ထမ်း သို့မဟုတ် ယာဉ်မောင်းအလုပ်များ ပေးမည်ဟု ဆိုကာ ရုရှားအေးဂျင့်များက လိမ်လည် စည်းရုံး၍စစ်တိုက်ခိုင်းရန်စုဆောင်းခဲ့ကြသည်။
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အက်ပ်စတိုင်း(Epstein) မုန်တိုင်းကြောင့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ရာထူးမှ ပြုတ်ကျ သွားနိုင်သည် – သို့သော် ၎င်းတွင် ထရမ့် မပါဝင်ပါ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) နှင့် မည်သည့်အခါမျှ ပတ်သက်ဆက်နွှယ်မှု မရှိခဲ့ဖူးသော်လည်း၊ အက်ပ်စတိုင်းကြောင့်ပင် သူ၏
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

အဓိက နျူကလီးယား လက်နက် စာချုပ်တစ်ခု သက်တမ်းကုန်ဆုံးတော့မည် – ၎င်းသည် ရုရှား၏ စူပါပါဝါ အဆင့်အတန်း ကျဆင်းလာခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက် ဆိုဗီယက်ယူနီယံ ဟောင်း ပြိုကွဲသွားပြီးနောက်ပိုင်း ရုရှားသည် နိုင်ငံတကာ စင်မြင့်ထက်တွင် သိသိသာသာ အင်အားချည့်နဲ့လာသည့် ပုံရိပ်ကို ပြသခဲ့သည်။ အမေရိကန်သမ္မတ ရော်နယ် ရေဂင်က တစ်ချိန်က “ မိစ္ဆာအင်ပါယာ”
နိုင်ငံတကာသတင်း လစ်ဗျား အရှေ့အလယ်ပိုင်း

လစ်ဗျားခေါင်းဆောင်ဟောင်း၏သား ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ အသတ်ခံရ ကြောင်း သတင်းထွက်ပေါ်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 36 Views
ရိုက်တာ – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် လစ်ဗျားခေါင်းဆောင်ဟောင်း ကာနယ် မူအမ္မာ ကဒါဖီ၏သားဖြစ်သူ ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ (Saif al-Islam Gaddafi) သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း