နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အသတ်ခံရတဲ့တပ်မှူးအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို ဟစ်ဇ်ဘိုလာ ဒုံးကျည်ရာနဲ့ချီ ပစ်ခတ်ခဲ့

++++++++++++++++++++++++++++++++++++++++++++++++

သြဂုတ်လ (၂၅) ရက်၊ ဂျေရုဆလင်/ဘေရွတ် (Reuters)။

သြဂုတ်လ (၂၅) ရက်နေ့က ဟစ်ဇ်ဘိုလာသည် ၎င်း၏ထိပ်တန်းခေါင်းဆောင်ကို အစ္စရေးက သတ်ဖြတ်ခဲ့ခြင်းအတွက် ရာနှင့်ချီသော ဒုံးကျည်များနှင့် ဒရုန်းများကို အစ္စရေးဘက်သို့ ပစ်လွှတ်ခဲ့သည်။

လက်ဘနွန်ရှိ ရှီးယိုက်အစ္စလာမ္မစ်အဖွဲ့ ဟစ်ဇ်ဘိုလာသည် အစ္စရေးက ၎င်း၏ ထိပ်တန်းခေါင်းဆောင်ကို သတ်ဖြတ်မှုအတွက် သြဂုတ်လ (၂၅) ရက်နေ့တွင် အစ္စရေးနိုင်ငံတွင်းသို့ ရာနှင့်ချီသော ဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ခတ်ခဲ့ပြီး လက်တုံ့ပြန်ခဲ့ကြောင်း သိရသည်။ အစ္စရေးက ၎င်းတိုက်ခိုက်မှုကို တုံ့ပြန်ရန် အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပခဲ့သည်။

ဟစ်ဇ်ဘိုလာသည် ၎င်းတို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့်အတွက် ကြိုတင်ပြီး လက်ဘနွန်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရေး ဂျက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြေညာခဲ့သည်။

ဟစ်ဇ်ဘိုလာက Katyusha ဒုံးကျည် ၃၂၀ ကျော်ကို ပစ်ခတ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၁၁ ခုကို ထိမှန်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းက လက်တုံ့ပြန်ခြင်း၏ “ ပထမအဆင့်” ပြီးမြောက်ကြောင်း အမှတ်အသားပြုသော်လည်း အပြည့်အဝတုံ့ပြန်မှု “ အချိန်အနည်းငယ်ယူရမည်” ဟု ပြောဆိုခဲ့သည်။

ဟစ်ဇ်ဘိုလာတပ်မှူး Shukr သည် ပြီးခဲ့သည့်လက ဘေရွတ်မြို့ဆင်ခြေဖုံးအရပ်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး နှစ်ဘက်အကြား တင်းမာမှုများ တိုးလာခဲ့သည်။

မြေပြင်အခြေအနေပြောင်းလဲမှုများကို အစ္စရေးက တုံ့ပြန်မည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ကတ်ဇ်က ပြောကြားခဲ့သည်။

“ လက်ဘနွန်မှာ အစ္စရေးပြည်သူတွေအား ခြိမ်းခြောက်မှုကို ဟန့်တားဖို့ တိကျတဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဘေရွတ်မှာ ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး ပြည်သူတွေကို ကာကွယ်ဖို့ နည်းလမ်းအားလုံးကို အသုံးပြုသွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး Gallant က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုအများစုသည် လက်ဘနွန်တောင်ပိုင်းရှိ ပစ်မှတ်များကို ရည်ရွယ်ထားသည်ဟု အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ ဒါဇင်နဲ့ချီတဲ့ (အစ္စရေးလေတပ်) ဂျက်တိုက်လေယာဉ်တွေဟာ လက်ဘနွန်တောင်ပိုင်းက နေရာမျိုးစုံကို တိုက်ခိုက်နေပါတယ်။ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပြီး ဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့ကို ဆက်လက်တိုက်ခိုက်နေပါတယ်။

Gallant သည် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး Tel Aviv လေဆိပ်သို့ အသွားအပြန် လေယာဉ်ခရီးစဉ်များကို မိနစ် ၉၀ ခန့် ဆိုင်းငံ့ထားသည်။ လေဆိပ်အာဏာပိုင်များက ပုံမှန်လည်ပတ်မှုများကို ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ပြန်လည်စတင်ရန် မျှော်လင့်ထားသည်။

အစ္စရေး အရေးပေါ် အာဏာပိုင်၏ အဆိုအရ အသေအပျောက် မရှိကြောင်း သတင်း ရရှိသည်။

<ဒေသတွင်း ပဋိပက္ခများ အတွက် စိုးရိမ်မှုများ>

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား တင်းမာမှုများ တိုးလာခြင်းကြောင့် အမေရိကန်နှင့် အီရန်တို့ ပါဝင်သော ဒေသတွင်း ပဋိပက္ခ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

သမ္မတ ဘိုင်ဒန်က အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု အိမ်ဖြူတော်က ပြောခဲ့သည်။

“ ဘိုင်ဒန်ရဲ့ လမ်းညွှန်မှုအရ၊ အစိုးရ အကြီးတန်း အရာရှိတွေဟာ အစ္စရေးဘက်နဲ့ စဉ်ဆက်မပြတ် အဆက်အသွယ် မပြတ်ရှိနေအောင် ကြိုးစားနေပါတယ်။”

ဓာတ်ပုံတွင် လက်ဘနွန်နယ်စပ်တွင် မီးတောက်များ တက်လာသည်ကို တွေ့ရသည်။ (2024 Reuters/Aziz Taher)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 28 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 32 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ