နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အသတ်ခံရတဲ့တပ်မှူးအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို ဟစ်ဇ်ဘိုလာ ဒုံးကျည်ရာနဲ့ချီ ပစ်ခတ်ခဲ့

++++++++++++++++++++++++++++++++++++++++++++++++

သြဂုတ်လ (၂၅) ရက်၊ ဂျေရုဆလင်/ဘေရွတ် (Reuters)။

သြဂုတ်လ (၂၅) ရက်နေ့က ဟစ်ဇ်ဘိုလာသည် ၎င်း၏ထိပ်တန်းခေါင်းဆောင်ကို အစ္စရေးက သတ်ဖြတ်ခဲ့ခြင်းအတွက် ရာနှင့်ချီသော ဒုံးကျည်များနှင့် ဒရုန်းများကို အစ္စရေးဘက်သို့ ပစ်လွှတ်ခဲ့သည်။

လက်ဘနွန်ရှိ ရှီးယိုက်အစ္စလာမ္မစ်အဖွဲ့ ဟစ်ဇ်ဘိုလာသည် အစ္စရေးက ၎င်း၏ ထိပ်တန်းခေါင်းဆောင်ကို သတ်ဖြတ်မှုအတွက် သြဂုတ်လ (၂၅) ရက်နေ့တွင် အစ္စရေးနိုင်ငံတွင်းသို့ ရာနှင့်ချီသော ဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ခတ်ခဲ့ပြီး လက်တုံ့ပြန်ခဲ့ကြောင်း သိရသည်။ အစ္စရေးက ၎င်းတိုက်ခိုက်မှုကို တုံ့ပြန်ရန် အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပခဲ့သည်။

ဟစ်ဇ်ဘိုလာသည် ၎င်းတို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့်အတွက် ကြိုတင်ပြီး လက်ဘနွန်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရေး ဂျက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြေညာခဲ့သည်။

ဟစ်ဇ်ဘိုလာက Katyusha ဒုံးကျည် ၃၂၀ ကျော်ကို ပစ်ခတ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၁၁ ခုကို ထိမှန်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းက လက်တုံ့ပြန်ခြင်း၏ “ပထမအဆင့်” ပြီးမြောက်ကြောင်း အမှတ်အသားပြုသော်လည်း အပြည့်အဝတုံ့ပြန်မှု “အချိန်အနည်းငယ်ယူရမည်” ဟု ပြောဆိုခဲ့သည်။

ဟစ်ဇ်ဘိုလာတပ်မှူး Shukr သည် ပြီးခဲ့သည့်လက ဘေရွတ်မြို့ဆင်ခြေဖုံးအရပ်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး နှစ်ဘက်အကြား တင်းမာမှုများ တိုးလာခဲ့သည်။

မြေပြင်အခြေအနေပြောင်းလဲမှုများကို အစ္စရေးက တုံ့ပြန်မည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ကတ်ဇ်က ပြောကြားခဲ့သည်။

“လက်ဘနွန်မှာ အစ္စရေးပြည်သူတွေအား ခြိမ်းခြောက်မှုကို ဟန့်တားဖို့ တိကျတဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဘေရွတ်မှာ ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး ပြည်သူတွေကို ကာကွယ်ဖို့ နည်းလမ်းအားလုံးကို အသုံးပြုသွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး Gallant က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုအများစုသည် လက်ဘနွန်တောင်ပိုင်းရှိ ပစ်မှတ်များကို ရည်ရွယ်ထားသည်ဟု အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ဒါဇင်နဲ့ချီတဲ့ (အစ္စရေးလေတပ်) ဂျက်တိုက်လေယာဉ်တွေဟာ လက်ဘနွန်တောင်ပိုင်းက နေရာမျိုးစုံကို တိုက်ခိုက်နေပါတယ်။ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပြီး ဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့ကို ဆက်လက်တိုက်ခိုက်နေပါတယ်။

Gallant သည် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး Tel Aviv လေဆိပ်သို့ အသွားအပြန် လေယာဉ်ခရီးစဉ်များကို မိနစ် ၉၀ ခန့် ဆိုင်းငံ့ထားသည်။ လေဆိပ်အာဏာပိုင်များက ပုံမှန်လည်ပတ်မှုများကို ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ပြန်လည်စတင်ရန် မျှော်လင့်ထားသည်။

အစ္စရေး အရေးပေါ် အာဏာပိုင်၏ အဆိုအရ အသေအပျောက် မရှိကြောင်း သတင်း ရရှိသည်။

<ဒေသတွင်း ပဋိပက္ခများ အတွက် စိုးရိမ်မှုများ>

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား တင်းမာမှုများ တိုးလာခြင်းကြောင့် အမေရိကန်နှင့် အီရန်တို့ ပါဝင်သော ဒေသတွင်း ပဋိပက္ခ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

သမ္မတ ဘိုင်ဒန်က အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု အိမ်ဖြူတော်က ပြောခဲ့သည်။

“ဘိုင်ဒန်ရဲ့ လမ်းညွှန်မှုအရ၊ အစိုးရ အကြီးတန်း အရာရှိတွေဟာ အစ္စရေးဘက်နဲ့ စဉ်ဆက်မပြတ် အဆက်အသွယ် မပြတ်ရှိနေအောင် ကြိုးစားနေပါတယ်။”

ဓာတ်ပုံတွင် လက်ဘနွန်နယ်စပ်တွင် မီးတောက်များ တက်လာသည်ကို တွေ့ရသည်။ (2024 Reuters/Aziz Taher)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 59 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက