နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေ၊ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီး ဗိုလ်မှူးကြီးအပါအ၀င် (၈)ဦးသေဆုံးခဲ့

ဩဂုတ်လ (၂၇)ရက်။

မနေ့က နေ့လယ် (၃)နာရီခွဲအချိန်မှာ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေအပါအ၀င် အသေခံဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့‌ တောင်ငူလေတပ်စခန်းကို “ Rain of Fire” စစ်ဆင်ရေးအနေနဲ့ ၁၁၄မမ ရှော့တိုက်ဒုံးတွေ၊ Kamikaze အသေခံဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ကာ လေတပ်စခန်းဌာနချုပ်ထဲ ထိခိုက်သေဆုံးတာနဲ့ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တောင်ငူလေတပ်စခန်း ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီရဲ့ ဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦးနဲ့ အခြားအဆင့် (၅)ဦးသေဆုံးပြီး (၂၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နောက်ဆက်တွဲအတည်ပြုချက်အနေနဲ့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို စစ်ဒေသခွဲလက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝေါ် နည်းပညာအဖွဲ့၊ KLOUD Drone Team၊ KNLA တပ်ရင်း(၅)နဲ့ အထူးတပ်ရင်း၊ တောင်ငူခရိုင်အမှတ်(၂)တပ်ရင်း(၃၅၀၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းဟာ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေရပြီး ဩဂုတ်လ (၂၀)ရက်နေ့မှာလဲ တော်လှန်ရေးအင်အားစုတွေက ရှောက်တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“နယ်စပ်ရောက် CDM တယောက်ရဲ့လက်တွေ့ဘဝ”

  • 2025 ခုနှစ်၊ ဩဂုတ်လ 23 ရက်
  • 23 Views
“နယ်စပ်ရောက် CDM တယောက်ရဲ့လက်တွေ့ဘဝ” အမှတ်(၂)စက်မှုဝန်ကြီးဌာနကနေ CDMလုပ်ပြီးထွက်လာတဲ့ အင်ဂျင်နီယာတယောက်ဟာ အခုထိုင်းမြန်မာနယ်စပ်မြို့လေးဖြစ်တဲ့ဘုရားသုံးဆူမြို့မှာကိုယ့်အားကိုယ်ကိုးပြီးဝမ်းစာကို ဖြည့်နေရပါတယ် သူ့အမြင်သူ့ခံစားချက်တွေကိုမေးမြန်းပြီးတင်ပြလိုက်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ချင်းတပ်ဖွဲ့(၅)ဖွဲ့ရဲ့ ZZLMS မဟာမိတ်ညီနောင်တွေ ပထမအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်

  • 2025 ခုနှစ်၊ ဩဂုတ်လ 23 ရက်
  • 27 Views
ဩဂုတ်လ (၂၃)ရက်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (၅)ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ZZLMS မဟာမိတ်ညီနောင်တွေက ပထမအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရန်ကုန်မှာ ကျပ်(၂၅၀)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 23 ရက်
  • 24 Views
ဩဂုတ်လ (၂၃)ရက်။ ရန်ကုန်ရှိ ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့တို့မှာ ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးရမိခဲ့တာဟာ ဩဂုတ်လ (၅)ရက်နေ့က သတင်းရရှိတာကြောင့်
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲတွေကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ သတ်မှတ်ပြီး NUCC ဆန့်ကျင်ကန့်ကွက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 23 ရက်
  • 18 Views
ဘယ်လက်နက်ကိုင် စစ်တပ်မဆို အနာဂတ်အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်မရှိစေရလို့ဆို ဩဂုတ်လ (၂၃)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲတွေကို တရားမဝင် အတုအယောင်ရွေးကောက်ပွဲအနေနဲ့ သတ်မှတ်ပြီး လုံးဝဆန့်ကျင်ကန့်ကွက်တယ်လို့ NUCC ရဲ့ မနေ့က နိုင်ငံရေးရပ်တည်ချက်တွေ ထုတ်ပြန်တာမှာ ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။ စစ်တပ်က
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် TLC ဆန့်ကျင်ကန့်ကွက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 23 ရက်
  • 16 Views
ဩဂုတ်လ (၂၃)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တယ်လို့ တအာင်းပြည်ကောင်စီ(TLC)က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကော်မရှင်ဟာ ပြည်သူရဲ့ ဆန္ဒသဘောထားမပါဘဲ အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့နဲ့ တရားမဝင်အာဏာကို ဆက်လက်ရရှိဖို့
မြန်မာသတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝှက်ထားတဲ့ လက်နက်တွေကို ပြည်သူတွေက CDF-Mindat ထံ အပ်နှံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 24 Views
ဩဂုတ်လ (၂၂)ရက်။ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝှက်ထားတဲ့ လက်နက်တွေကို ပြည်သူတွေက CDF-MINDAT ထံ လာရောက်အပ်နှံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြေဖို့ပြီး
မြန်မာသတင်း

ရန်သူ ပစ်မှတ်များကို အမှုန့်ဖြစ်သွားစေနိုင် မည်ဟု ပူတင်က ပြောသည့် တစ်စက္ကန့်လျှင် နှစ်မိုင်နှုန်းသွားသည့် စူပါဒုံးလက်နက်များ အတွက် ပြိုင်ဆိုင်မှု

  • 2025 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 24 Views
BBC- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၂ရက် ပေကျင်းရှိ စစ်ရေးပြကွင်း တစ်ခုတွင် ဆောင်းဦးရာသီနေရောင်ကို လင်းလက် တောက်ပ စေသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဒုံးကျည်များသည် ဧရာမ ဖုံးကွယ် ထားသော ကုန်တင်ကားကြီးတစ်စီးပေါ်မှ လူအုပ်ကြား ဖြည်းညှင်းစွာ ရွေ့လျားသွားခဲ့သည်။
မြန်မာသတင်း

ရွေးကောက်ပွဲအတွက် စစ်တပ်က ထိုးစစ်ဆင်လာနိုင်တာကြောင့် ကန်ပက်လက်မြို့က လမ်းပိုင်းတွေကို CDF-Kanpetlet ယာယီပိတ်ထား

  • 2025 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 25 Views
ဩဂုတ်လ (၂၂)ရက်။ ချင်းပြည်နယ်မှာ စစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ထိုးစစ်ဆင်လာနိုင်တဲ့အတွက် ကန်ပက်လက်မြို့က လမ်းပိုင်းတွေကို ယာယီပိတ်ထားတယ်လို့ CDF-Kanpetlet ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ယောဒေသကနေတဆင့် ချင်းပြည်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ချင်းညီနောင်ထိန်းချုပ်ထားတဲ့ မင်းတပ်၊