နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ ‌ရွေးကောက်ပွဲကို ထောက်ခံကူညီမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်နေလိမ့်မယ်လို့ MOD ၀န်ကြီး ဦးရည်မွန်ပြော

စက်တင်ဘာလ (၂)ရက်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံကူညီမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဆန့်ကျင်နေလိမ့်မယ်လို့ MOD ၀န်ကြီး ဦးရည်မွန်ရဲ့ ဧရာ၀တီသတင်းဌာနနဲ့ စကားဝိုင်းမှာ အသိပေးပြောဆိုထားချက်အရ သိရပါတယ်။

“ အာဏာသိမ်းတဲ့နေ့ကစလို့ ပြည်သူတွေအပေါ်မှာ နေ့စဉ်နဲ့အမျှ အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်၊ မီးရှို့၊ ဗုံးကြဲပေါ့။ အဲဒီတော့ ဒီလို အကြမ်းဖက် အာဏာသိမ်း တရားမဝင်အဖွဲ့က လုပ်မယ့် ရွေးကောက်ပွဲက ကျနော်တို့ ဘာများမျှော်လင့်လို့ရမလဲ” လို့ ၀န်ကြီးက ဆိုပါတယ်။

နိုင်ငံရေးနည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြဿနာဖြေရှင်းဖို့ မဖြစ်နိုင်တော့တဲ့အတွက် မြန်မာပြည်သူတွေက လက်နက်ကိုင်တော်လှန်ရေးကို နောက်ဆုံးနည်းလမ်းအနေနဲ့ ရွေးချယ်ခဲ့ရတာဖြစ်တယ်ဆိုတာ နိုင်ငံတကာအနေနဲ့ သိဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုအခါ ပြည်သူထောက်ခံတဲ့ ခေါင်းဆောင်တွေဟာ ဖမ်းဆီးခံထားရတဲ့အချိန် စစ်တပ်ရဲ့ ရွေးကောက်ပွဲမျိုးက ဘယ်လိုအမျိုးသားပြန်လည်သင့်မြတ်ရေးမျိုးကိုမှ မရနိုင်ဘူးဆိုတာ နားလည်ဖို့လိုတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ နယ်မြေစိုးမိုးထိန်းချုပ်မှုဟာ တနိုင်ငံလုံးဧရိယာရဲ့ သုံးပုံ တပုံတောင် မရှိတော့တဲ့အချိန်မှာ အခုလိုပြုလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်လိုမျိုး ယုံကြည်ကိုးစားလို့ရမလဲဆိုတာကိုလဲ ၀န်ကြီး ဦးရည်မွန်က နိုင်ငံတကာကို ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။

“ ဒီကနေ့ တော်လှန်ရေးရဲ့ ကြွေးကြော်သံက စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးပါပဲ။ ဆိုလိုတာက စစ်တပ်ကို နိုင်ငံရေးက ဖယ်ရှားပြီးတော့ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်၊ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းလဲထူထောင်ကြဖို့ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီနိုင်ငံမှာ စနစ်အပြောင်းအလဲ မပေါ်သမျှ တော်လှန်ရေးက ဆက်ပြီးတော့ ရှိနေပါလိမ့်မယ်” လို့ ၀န်ကြီးက ထပ်မံပြောပါတယ်။

အခုနွေဦးတော်လှန်ရေးဟာ စစ်အာဏာသိမ်းတာကို  ဆန့်ကျင်တိုက်ဖျက်ရုံသာမကဘဲ ပြည်ထောင်စုမှာ နှစ်ပေါင်း (၇၀)ကျော် ကြုံတွေ့နေရတဲ့ နိုင်ငံ‌ရေးပြဿနာကို တပါထဲဖြေရှင်းဖို့ ရည်ရွယ်တယ်လို့လဲ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 5 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 5 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 6 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 32 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 39 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့