နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

F-16 ပျက်ကျပြီး ရက်ပိုင်းအကြာမှာပဲ ယူကရိန်းရဲ့ လေတပ်အကြီးအကဲကို ရာထူးကနေ ယူကရိန်းသမ္မတ ထုတ်ပယ်

သြဂုတ်လ (၃၁) ရက်၊ CNN သတင်း။

F-16 ပျက်ကျပြီး ရက်ပိုင်းအကြာမှာပဲ ယူကရိန်းရဲ့ လေတပ်အကြီးအကဲကို ရာထူးကနေ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ထုတ်ပယ်လိုက်သည်။ ယူကရိန်းသမ္မတ ဇလန်းစကီးသည် အမေရိကန်လုပ် F-16 ဂျက်တိုက်လေယာဉ် ပျက်ကျမှုကြောင့် ယူကရိန်းလေတပ်မှ ထိပ်တန်းလေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း ကြေညာပြီးနောက် တစ်ရက်အကြာတွင် ၎င်း၏လေတပ်ဦးစီးချုပ် မိုင်ကိုလာ အိုလက်စ်ချပ် (Mykola Oleshchuk) အား ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ဇလန်းစကီးက လေတပ်၏ ကွပ်ကဲမှုအဆင့်သည် အားကောင်းရန် လိုအပ်သော်လည်း အိုလက်စ်ချပ်ကို ထုတ်ပယ်ရန် ၎င်း၏ ဆုံးဖြတ်ချက်သည် တနင်္လာနေ့တွင် F-16 ပျက်ကျမှုနှင့် ပတ်သက်မှု ရှိ၊ မရှိ ပြောကြားခြင်း မရှိပေ။

“ကျွန်တော်တို့ရဲ့ စစ်ဘက်လေယာဉ်မှူးတွေ၊ အင်ဂျင်နီယာတွေ၊ ရွေ့လျားမီးသတ်အဖွဲ့တွေ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ယူကရိန်းအတွက် အမှန်တကယ် တိုက်ပွဲဝင်သူတိုင်းအတွက် အမိန့်ပေးတဲ့အဆင့်မှာလည်း အရည်အသွေးပြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အင်အားကောင်းရမယ်။ ပြီးတော့ လူတွေကို ကာကွယ်ပေးနိုင်ရမယ်။ ကျွန်တော်တို့စစ်သားအားလုံးကို ဂရုစိုက်ရမယ်” ဟု ယူကရိန်းခေါင်းဆောင်က သောကြာနေ့တွင် ၎င်း၏ ညစဉ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး အနာတိုလီ ကရာဗွန်နိုဇ်ကာ (Anatoliy Kryvonozhka) သည် ယာယီလေတပ်ဦးစီးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်တမ် အူမဲရော့ဗ် (Rustem Umerov) က အိုလက်စ်ချပ်ကို ထုတ်ပယ်မှုသည် လေယာဉ်မှူး သေဆုံးမှုနှင့် ဆက်နွှယ်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။ “ ဒါဟာ အလှည့်အပြောင်း တစ်ခုလို့ ကျွန်တော်ပြောနိုင်ပါတယ်” ဟု CNN မှ အဲလက်စ် မာကွတ် (Alex Marquardt) နှင့် “ The Situation Room” မေးမြန်းခန်းတွင် အူမဲရော့ဗ် က ပြောကြားခဲ့သည်။ “ဒါက သီးခြားပြဿနာနှစ်ခုပါ။ ဒီအဆင့်မှာ သူတို့ကို ကျွန်တော်က ဆက်နွယ်နေတယ်လို့ ချိတ်ဆက်ပြောမှာ မဟုတ်ပါဘူး” ဟု ၎င်းက လေယာဉ်မှူး သေဆုံးမှုသည် ကံဆိုးမှုဖြစ်ပြီး ယူကရိန်းတွင်ထို ဖြစ်ပျက်မှုကို စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေးတပ်များသည် ပြင်းထန်သော ဖိအားအောက်တွင် ရှိနေပြီး ရုရှားက ၎င်း၏ အိမ်နီးချင်းကို လေကြောင်းမှ ချေမှုန်းတိုက်ခိုက်နေခဲ့သည်။ “ Moonfish” ဟု လူသိများသော F-16 လေယာဉ်မှူး အိုလက်ဆစ်မက်စ် (Oleksiy Mes) သည် ယူကရိန်းအပေါ် ရုရှားမှ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုကို တွန်းလှန်ရင်း လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့ကြောင်း ယူကရိန်းစစ်ဘက် သတင်းရင်းမြစ်တစ်ခုအရ သိရသည်။ သူ၏သေဆုံးမှုသည် ယူကရိန်းအတွက် အထူးပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။ ပထမဆုံး F-16 တိုက်လေယာဉ်များသည် ယခုလအစောပိုင်းတွင် ယူကရိန်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး Moonfish သည် ၎င်းတို့အား ပျံသန်းရန် လေ့ကျင့်ပေးထားသည့် လေယာဉ်မှူးအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့သည် အခင်းဖြစ်ပွားမှုနောက်ကွယ်တွင် လေယာဉ်မှူး၏အမှား ဖြစ်ခဲ့သည်ဟု မယုံကြည်ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

သောကြာနေ့အစောပိုင်းက ဇလန်းစကီးသည် ယူကရိန်းအတွက် ၎င်းတို့၏ စစ်ရေးထောက်ပံ့မှုကို မြှင့်တင်ရန် အနောက်နိုင်ငံများကို ထပ်မံဖိအားပေးရန် မကြာသေးမီက တိုက်ခိုက်မှုများကို ကိုးကားဖော်ပြခဲ့သည်။ ယူကရိန်းနိုင်ငံ ခါကိ့ဗ်မြို့မှာ သောကြာနေ့က လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုတစ်ခုနှင့် ပတ်သက်ပြီး “ကျွန်တော်တို့ရဲ့ ကာကွယ်ရေးတပ်တွေက ရုရှားစစ်လေယာဉ်တွေ အခြေစိုက်ရာ နေရာတွေကို ဖျက်ဆီးပစ်နိုင်ရင် ဒီလိုဖြစ်မလာပါဘူး။ ဒီအကြမ်းဖက်မှုကို ရပ်တန့်ဖို့ ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ “ဒါက လုံးဝ တရားမျှတတဲ့ လိုအပ်ချက်ပါ။ ယူကရိန်းရဲ့ ကာကွယ်ရေးကို အကန့်အသတ်နဲ့ လုပ်ရန်ကိစ္စဟာ အဓိပ္ပယ်မဲ့ပါတယ်။ တာဝေးပစ်စွမ်းရည်ရှိတဲ့ လက်နက်တွေကျနော်တို့ လိုနေတယ်။” ကြာသပတေးနေ့က တိုက်ခိုက်မှုကြောင့် ကလေးကစားကွင်းအတွင်း ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူနေအဆောက်အအုံတစ်ခုတွင် အခြားလူများ သေဆုံးခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူငါးဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

“ကျူးကျော်သူတွေက ကစားကွင်းက ကလေးတယောက်ကို သတ်ပစ်တယ်။ မိန်းကလေးတစ်ယောက်ပါ” ဟု ခါကိ့ဗ် မြို့တော်ဝန် Ihor Terekhov ကပြောကြားခဲ့ပြီး မြို့တော်၏စက်မှုခရိုင်ရှိ အထပ်မြင့်အဆောက်အအုံတစ်ခုတွင် မီးလောင်မှုကြောင့် အခြားသူများလည်းသေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ မြို့လယ်ခေါင်ကို ပျံဝဲလာသည့် ဗုံးထိမှန်၍ ပေါက်ကွဲခဲ့တယ်လို့ Terekhov က ပြောပါသည်။ ကိယက်ဗ်က ရှေ့တိုး ထိုးစစ်ဆင်လာချိန်တွင် မော်စကိုက ခါကိ့ဗ်ကို ပစ်ခတ်တိုက်ခိုက်သည်။ ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်ဖို့ မော်စကိုရဲ့ ဆုံးဖြတ်ချက်ကို တန်ပြန်ပြီး ယူကရိန်းက ရုရှားပိုင်နက်ထဲကို ဆက်လက် တိုးဝင်တိုက်ခိုက်နေချိန်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ရှက်စရာကောင်းသည့် ချေမှုန်းမှုတစ်ခုဖြစ်သည့် တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းစစ်တပ်အကြီးအကဲ Oleksandr Syrskyi က ကိ့ဗ်၏တပ်ဖွဲ့များသည် ရုရှားနိုင်ငံအနောက်ပိုင်း ကူစ်ခ် (Kursk) ဒေသသို့ ကျူးကျော်ဝင်ရောက်ရာတွင် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း နယ်စပ်ဒေသသို့ နောက်ထပ် ၂ ကီလိုမီတာ (၁.၂ မိုင်ခန့်) အထိတွန်းထိုးဝင်ရောက်ခဲ့ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။ Syrskyi သည် ဝန်ထမ်းအစည်းအဝေးတစ်ခုအတွင်း သတင်းအချက်အလက်ကို လက်ဆင့်ကမ်းဖော်ပြခဲ့ပြီး ဇလန်းစကီးက တပ်ဖွဲ့များအတွက် “ လွှဲပြောင်းပေးသည့်ရန်ပုံငွေ” ကို ဖြည့်တင်းခြင်းသည် “ ကျွန်တော်တို့ရဲ့ ထိုးစစ်နေရာတွေကို အားကောင်းစေဖို့ အလွန်အရေးကြီးပါတယ်။” ယူကရိန်းရဲ့ ထိုးစစ်နှင့် ရုရှားလေကြောင်း တုံ့ပြန်မှုသည် ယူကရိန်းအရှေ့ပိုင်း မြေပြင်စစ်ဆင်ရေးမှ အာရုံပြောင်းသွားသော်လည်း Syrskyi က ရှေ့တန်းတစ်ခုလုံးတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု ပြောကြားခဲ့သည်။

“ အခက်ခဲဆုံးအခြေအနေက Pokrovsk နေရာမှာ ရှိနေတယ်။ ရန်သူက ကျွန်တော်တို့တပ်တွေရဲ့ ခံစစ်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေပေမယ့် ဒီနေ့မနက်အထိ တိုက်ခိုက်မှုတွေအားလုံးကို ချေမှုန်းနိုင်ပြီး ရန်သူကို တွန်းလှန်လိုက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။ မော်စကိုသည် ကူစ်ခ်ဒေသသို့ ယူကရိန်းကျူးကျော်ဝင်ရောက်မှုကို ထိန်းချုပ်ရန် ကြိုးစားရုန်းကန်နေရပြီး တဖက်တွင် ယူကရိန်းအရှေ့ပိုင်း ဒွန်းနက်စ် ဒေသရှိ Pokrovsk ကို သိမ်းပိုက်ရန် ရုရှားတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ဖိအားပေးတိုက်ခိုက်လျက်ရှိသည်။ ရှေ့တန်းစစ်မျက်နှာသည် Pokrovsk အနီးသို့ ရွေ့လျားလာခဲ့ပြီး မြို့လယ်တွင် တိုက်ပွဲသံများကို ကြားနေရသည်ဟု ယခု သီတင်းပတ် အစောပိုင်းက မြို့တွင်းမှ သတင်းပေးပို့သည့် CNN အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

မော်စကိုအတွက် မဟာဗျူဟာကျသော ပစ်မှတ်ဖြစ်သော Pokrovsk သည် မြို့ကို အခြားစစ်ဘက်ဆိုင်ရာ အချက်အချာများနှင့် ဆက်သွယ်ပေးသည့် အဓိကထောက်ပံ့ရေးလမ်းပေါ်တွင် တည်ရှိပြီး ကိ့ဗ်၏ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သော ဒွန်းနက်စ်ဒေသရှိ ယူကရိန်းကာကွယ်ရေး၏ ကျောရိုးကို ဖန်တီးပေးသည်။ ဒွန်းနက်စ်ဒေသရှိ Pokrovsk အရှေ့တောင်ဘက် ၃၀ ကီလိုမီတာ (သို့မဟုတ် ၁၈.၆ မိုင်) အကွာ ခါကိ့ဗ်မြို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိသည်။ “ဒီနေ့ ရန်သူဟာ ခါကိ့ဗ်ကို ဝင်ရောက်ရန် တက်ကြွစွာ ကြိုးစားနေပါတယ်။ အခု တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်၊ အဲဒီထဲမှာ ရုရှားတွေ တော်တော်များများ ရှိတယ်” ဟု ယူကရိန်း တပ်မဟာ ၅၉ မှ စစ်သည်တစ်ဦးက CNN သို့ သောကြာနေ့တွင် ပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့တွေက မြို့ကို မထိန်းချုပ်နိုင်သေးပေမယ့် အခြေအနေက ခက်ခဲနေပါတယ်။ ”

ယူကရိန်းကာကွယ်ရေးဝန်ကြီး Umerov က ဘိုင်ဒင် အစိုးရက ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် အပါအဝင် အုပ်ချုပ်ရေးအရာရှိများနှင့် ယနေ့တွေ့ဆုံရာတွင် ၎င်း၏တောင်းဆိုမှုကို ထည့်သွင်းစဉ်းစားနေဆဲဖြစ်ပြီး ရုရှားပိုင်နက်အတွင်း တာဝေးပစ်လက်နက်များ အသုံးပြုနိုင်ရန် ယူကရိန်းအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းပေးရန် အမေရိကန်အား တောင်းဆိုခဲ့သည်။ “ရုရှားအကြမ်းဖက်မှုကနေ နိုင်ငံသားတွေကို ကာကွယ်ဖို့ ဘယ်လိုစွမ်းရည်မျိုးတွေ လိုအပ်တယ်ဆိုတာကို ရှင်းပြခဲ့ပြီးပြီ၊ ဒါကြောင့် ကြားသိရလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Umerov မှ ပြောကြားခဲ့သည်။

Umerov သည် ရုရှားရှိ ယူကရိန်း၏ တန်ဖိုးမြင့်ပစ်မှတ် အများအပြားသည် တာဝေးပစ်ဗျူဟာမြောက် ဒုံးကျည်စနစ် (ATACMS) ၏ ပြင်ပတွင် ရှိနေကြောင်း အမေရိကန် အရာရှိတစ်ဦးထံမှ CNN သို့ အကဲဖြတ်ချက်ကို ဆန့်ကျင်ခဲ့သည်။ “ ကျွန်တော်တို့ရဲ့မြို့တွေကို တိုက်ခိုက်ဖို့ သူတို့ အသုံးပြုနေတဲ့ လေယာဉ်ကွင်းတွေဟာ ဝေးကွာတဲ့ အကွာအဝေးအတွင်း ရှိကြောင်း ပြသနေပါတယ်” ဟု Umerov မှပြောကြားခဲ့သည်။ ယူကရိန်းက ရုရှားပိုင်နက်အတွင်း သိမ်းပိုက်ထားသည့် ကူစ်ခ်နယ်မြေနှင့် ရုရှားက သိမ်းပိုက်ထားသည့်နယ်မြေကို အလဲအလှယ်လုပ်ဖို့ ရည်မှန်းထားခြင်း ရှိမရှိ မေးမြန်းရာမှာ Umerov က ယူကရိန်းက သူတို့ ခွင့်ပြုထားတဲ့ ပိုင်နက်ဆိုင်ရာ “စွမ်းဆောင်ရည်” အပေါ်မှာ ပိုပြီး အာရုံစိုက်ထားတယ်” ဟု ပြောပါသည်။

“ ရုရှားတွေကို သူတို့ယာယီသိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ တွန်းလှန်ဖို့၊ ခံနိုင်ရည်ရှိဖို့ ကျွန်တော်တို့ရဲ့ စွမ်းရည်တွေကို တိုးမြှင့်ဖို့ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်” ဟု Umerov က ပြောကြားခဲ့သည်။

ဓာတ်ပုံအညွှန်း။

၁။ “ Moonfish” ဟု လူသိများသော F-16 လေယာဉ်မှူး အိုလက်ဆစ်မက်စ် (Oleksiy Mes)

၂။ ကူစ်ခ်နယ်မြေမှ ရုရှားစစ်ဘေးဒုက္ခသည်များ။

၃/၄/၅

ယူကရိန်းနိုင်ငံ၊ ခါကိ့ဗ်မြို့မှ အပျက်အစီးများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 17 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန်

ပါကစ္စတန်မြို့တော်ရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၊ အနည်းဆုံး ၃၁ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက်။ ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီအာမွတ်စလင်ဗလီတစ်ခုတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲသမားတစ်ဦးကြောင့် အနည်းဆုံး လူ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုမန်တွင် အမေရိကန်နှင့် အီရန်တို့ အရေးပါသော ဆွေးနွေးပွဲများ ပြုလုပ်ပြီးစီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက် အိုမန်နိုင်ငံတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးခဲ့ကြ ပြီးနောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “ အလွန်ကောင်းမွန်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ “ အီရန်က သဘောတူညီမှုတစ်ခုရဖို့
နိုင်ငံတကာသတင်း အီရန်

ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သူတို့၏ ဂူဗိမာန်ဘေးဝယ် ကြေကွဲနေသော အီရန်နိုင်ငံသားများ နှုတ်ဆိတ်နေရန် ဖိအားပေးခံထားရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် တီဟီရန်မြို့ — ကြာသပတေးနေ့ ညနေခင်းများတွင် တီဟီရန်မြို့၏ အကြီးဆုံးသော သုသာန်ကြီးမှာ ကွယ်လွန်သွားသော ချစ်ခင်ရသူများကို လာရောက် ဂါရဝပြုကြသူများဖြင့် သက်ဝင်လှုပ်ရှားလာလေ့ရှိသည်။ အစိုးရဆန့်ကျင်ရေး
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာဖရိက

ရုရှား-ယူကရိန်းစစ်ပွဲအတွင်းသို့ ရုရှားနိုင်ငံက အာဖရိကန်အမျိုးသားများအား အလုပ်အကိုင်ကောင်းများပေးမည်ဟု လိမ်လည်ဖြားယောင်းကာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နေသည့်အကြောင်း CNN သတင်းဌာန၏ စုံစမ်းထောက်လှမ်းချက်မှ အဓိကအချက်များနှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 33 Views
CNN -၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၅ရက် အာဖရိကနိုင်ငံများ ဖြစ်သည့် ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ ယူဂန်ဒါတို့ မှ အမျိုးသားများအား လျှပ်စစ်အင်ဂျင်နီယာ၊ လုံခြုံရေးဝန်ထမ်း သို့မဟုတ် ယာဉ်မောင်းအလုပ်များ ပေးမည်ဟု ဆိုကာ ရုရှားအေးဂျင့်များက လိမ်လည် စည်းရုံး၍စစ်တိုက်ခိုင်းရန်စုဆောင်းခဲ့ကြသည်။
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အက်ပ်စတိုင်း(Epstein) မုန်တိုင်းကြောင့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ရာထူးမှ ပြုတ်ကျ သွားနိုင်သည် – သို့သော် ၎င်းတွင် ထရမ့် မပါဝင်ပါ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) နှင့် မည်သည့်အခါမျှ ပတ်သက်ဆက်နွှယ်မှု မရှိခဲ့ဖူးသော်လည်း၊ အက်ပ်စတိုင်းကြောင့်ပင် သူ၏
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

အဓိက နျူကလီးယား လက်နက် စာချုပ်တစ်ခု သက်တမ်းကုန်ဆုံးတော့မည် – ၎င်းသည် ရုရှား၏ စူပါပါဝါ အဆင့်အတန်း ကျဆင်းလာခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက် ဆိုဗီယက်ယူနီယံ ဟောင်း ပြိုကွဲသွားပြီးနောက်ပိုင်း ရုရှားသည် နိုင်ငံတကာ စင်မြင့်ထက်တွင် သိသိသာသာ အင်အားချည့်နဲ့လာသည့် ပုံရိပ်ကို ပြသခဲ့သည်။ အမေရိကန်သမ္မတ ရော်နယ် ရေဂင်က တစ်ချိန်က “ မိစ္ဆာအင်ပါယာ”
နိုင်ငံတကာသတင်း လစ်ဗျား အရှေ့အလယ်ပိုင်း

လစ်ဗျားခေါင်းဆောင်ဟောင်း၏သား ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ အသတ်ခံရ ကြောင်း သတင်းထွက်ပေါ်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 36 Views
ရိုက်တာ – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် လစ်ဗျားခေါင်းဆောင်ဟောင်း ကာနယ် မူအမ္မာ ကဒါဖီ၏သားဖြစ်သူ ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ (Saif al-Islam Gaddafi) သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း