နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ဂျော်ဂျီယာ စာသင်ကျောင်းပစ်ခတ်မှုအတွင်း ၄ ဦး သေဆုံးခဲ့ပြီး သံသယရှိသူ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးကို ဖမ်းဆီး

စက်တင်ဘာလ (၅) ရက်။

ဝင်ဒါ (Winder), ဂျော်ဂျီယာ CNN။

ဂျော်ဂျီယာပြည်နယ် ဝင်ဒါအထက်တန်းကျောင်းမှ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုမှာ အသက် ၁၄ နှစ်အရွယ် သံသယရှိသူကို ဗုဒ္ဓဟူးနေ့ညမှာ ထိန်းသိမ်းထားဟု ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို ဒါရိုက်တာ ခရစ်ဟော့ဆေ (Chris Hosey) က ညနေခင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသည်။ ဂျော်ဂျီယာပြည်နယ်၊ ဝင်ဒါရှိ အပလက်ချီ (Apalachee) အထက်တန်းကျောင်းတွင် ဆရာနှစ်ဦးနှင့် ကျောင်းသားနှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ကို့လ်ဂရေး (Colt Grey) အား လူသတ်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

သေဆုံးသူများမှာ အသက် ၁၄ နှစ်အရွယ် မာဆန်စကီမာဟွန်း (Mason Schermerhorn)၊ ၁၄ နှစ်အရွယ် ခရစ်ရှန် အန်ဂူလို (Christian Angulo) နှင့် ရစ်ချတ် အက်ပင်ဝေါလ် (Richard Aspinwal)l ၃၉ နှစ်နှင့် ခရစ်ရှ်တီနာ အီရီမီ (Christina Irimie) ၅၃ နှစ်တို့ ဖြစ်ကြောင်း ခရစ်ဟော့ဆေ၏ ပြောကြားချက်အရ သိရသည်။ ကျောင်း၏ဝဘ်ဆိုဒ်တွင် ဆရာနှစ်ဦးစလုံးသည် သင်္ချာဆရာများဖြစ်ကြပြီး အက်ပင်ဝေါလ် သည်လည်း လက်ထောက် ဘောလုံးနည်းပြ တစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။ ဂရေးသည် အပလက်ချီ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်ပြီး တရားရုံးစနစ်ဖြင့် လျှောက်လှမ်းရာတွင် အရွယ်ရောက်ပြီးသူအဖြစ် ကိုင်တွယ်မည်ဖြစ်ကြောင်း ခရစ်ဟော့ဆေက အစောပိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့နံနက် ပစ်ခတ်မှုအပြီးတွင် အခြားဒဏ်ရာရသူ ၉ ဦး အပါအဝင် ကျောင်းသား ၈ ဦးနှင့် ဆရာတစ်ဦးတို့ကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း GBI မှ သိရသည်။ ခရစ်ဟော့ဆေက အဆိုပါသေနတ်သည် AR-15 ပုံစံဖြစ်ပြီး အစောပိုင်းတွင် တရားဥပဒေစိုးမိုးရေးအရာရှိတစ်ဦးက CNN သို့ ပြောကြားရာတွင် ၎င်းသည် AR-15 ပုံစံဖြစ်ကြောင်းအတည်ပြု ပြောကြားခဲ့သည်။ ခရိုင်တဝှမ်းရှိ ကျောင်းများ ပိတ်ပစ်လိုက်ပြီး မိဘများက သတင်းအချက်အလက် ရရှိရန် အပြင်းအထန် ကြိုးပမ်းနေသလို သေနတ်ပစ်ခတ်မှုကြောင့် ကျောင်းသားများနှင့် ဆရာဆရာမများ အကြား တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ ပစ်ခတ်မှုအတွင်း အသက် ၁၄ နှစ်အရွယ် မေစီ ရိုက် (Macey Right) က သေနတ်သံကြားရ၍ “သူ့အမေကို လာခေါ်ဖို့ ဖုန်းကနေ မက်ဆေ့ပို့လိုက်တယ်” ဟု ပြောပါသည်။ “သူနဲ့ သူ့သူငယ်ချင်းတွေ လက်ချင်းကိုင်ဆွဲထားကြပီး စာသင်ခန်းထဲမှာ ဆုတောင်းနေခဲ့တယ်” ဟု သူမက ဆိုပါသည်။ ခဏအကြာတွင် ၎င်းတို့သည် တံခါးများကို ရိုက်ထုသံနှင့် အော်ဟစ်သံများကြောင့် စိတ်ချောက်ခြားခြင်း ဖြစ်ခဲ့ရကြောင်း မေစီက ဆိုသည်။

“ကျမစာသင်ခန်းအပြင်ဘက်မှာ သေနတ်သံတွေကြားရပြီး လူတွေအော်သံတွေကြားရတယ်၊ လူတွေက မပစ်ဖို့ တောင်းပန်တယ်၊ ပြီးတော့ ကျမဘေးမှာ ထိုင်တဲ့လူတွေက တုန်လှုပ်နေကြပြီး ငိုနေကြတယ်” ဟု မေစီက ပြောသည်။

ဂျော်ဂျီယာ အထက်တန်းကျောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ရဲများက အတည်ပြုခဲ့သည်။ အာဏာပိုင်များက သံသယရှိသူနှင့် ၎င်း၏ဖခင်တို့ကို ယမန်နှစ်က စစ်ဆေးပြောဆိုခဲ့ဖူးကြောင်း ရှင်းပြခဲ့သည်။ FBI သည် ကျောင်းပစ်ခတ်မှု ကျူးလွန်ရန် အွန်လိုင်း ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ် မေလတွင် သံသယရှိသူအား ဒေသတွင်းဥပဒေစိုးမိုးရေးရုံးတွင် လူတွေ့စစ်ဆေးမေးမြန်းခဲ့သည်၊။

အွန်လိုင်း ခြိမ်းခြောက်မှုတွင် သေနတ်နှင့် ဓါတ်ပုံများ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သူ့အဖေက သူ့အိမ်မှာ အမဲလိုက်သေနတ်တွေ ရှိတယ်” ဟု ပြောဆိုခဲ့ပြီး သူ့သားကို ကိုင်တွယ်ခွင့်မပေးဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အွန်လိုင်းမှာ ခြိမ်းခြောက်မှုတွေ ပြုလုပ်တာကို ဒီလူငယ်က ငြင်းဆိုထားခဲ့ပါတယ်။” FBI ကတော့ အဲဒီအချိန်မှာ ဖမ်းဆီးခံရဖို့ ဖြစ်နိုင်ခြေ အကြောင်းရင်း မရှိဘူးဟု ပြောဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့က ပစ်ခတ်မှုသည် ယခုနှစ် ပြက္ခဒိန်နှစ်မှာ အသေအပျောက်အများဆုံး ကျောင်းပစ်ခတ်မှု ၄၅ မှုမြောက်ဖြစ်ကြောင်း CNN ၏ သုံးသပ်ချက်အရ သိရှိရပါသည်။ CNN က ကျောင်းပစ်ခတ်မှုကို စတင်ခြေရာခံသည့် ၂၀၀၈ ခုနှစ်ကတည်းက လေးဦး သို့မဟုတ် ထို့ထက်ပို၍ သေဆုံးခဲ့သည့် ကျောင်းပစ်ခတ်မှု ၁၁ မှုအနက်မှ တစ်ခုဖြစ်သည်။

သေနတ်သမား၏ တိုက်ခိုက်မှုကို ပထမဆုံး သတင်းပေးပို့ချက်အား နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ အပလေချီ အထက်တန်းကျောင်းတွင် တာဝန်ကျသောကျောင်းမှ တာဝန်ပေးထားသည့် လက်ထောက်တစ်ဦးက ကျောင်းတွင်းရှိ သေနတ်သမားကို ရင်ဆိုင်ခဲ့ပြီး ဖမ်းဆီးထားခဲ့သည်ဟု ဘာရို (Barrow) ကောင်တီရဲအရာရှိ ဂျု့စမစ်(Jud Smith) က သတင်းထောက်များအား ပြောကြားခဲ့သည်။ သေနတ်သမားဟု သံသယရှိသူ၏ဘေးတွင် ထိုင်နေသော သက်သေ အသက် ၁၆ နှစ်အရွယ် လေယီလာ ဆရာရတ် (Lyela Sayarath) က အက္ခရာသင်္ချာအတန်းတစ်ခုတွင် ၎င်း၏ဘေးတွင်သေနတ်သမားကထိုင်နေခဲ့သည်ဟု CNN သို့ ပြောကြားခဲ့သည်။ “မနက် ၉ နာရီ ၄၅ လောက်မှာ သူက အတန်းက စောစောထွက်ခဲ့ပေမယ့် အိမ်သာသွားဖို့ ခွင့်ပြုချက်ကို ယူမသွားခဲ့ဘူး” ဟု ပြောပါတယ်။ “သူက အတန်းကို မတက်တော့ဘူး” ဟု သူမက ထင်ခဲ့သည်ဟု ဆိုသည်။

အတန်းပြီးခါနီးမှာ တစ်ယောက်ယောက်က သူ့အတန်းက ဆရာမကို အသံချဲ့စက်နဲ့ အီးမေးလ်ကို စစ်ဆေးဖို့ ပြောခဲ့တယ်လို့ သူမကဆိုသည်။ သိပ်မကြာခင်မှာပဲ ဂရေးဟာ စာသင်ခန်းတံခါးအပြင်ဘက်ကိုရောက်လာတယ် ဒါပေမဲ့အခန်းတံခါးက ပိတ်ထားတယ်လို့ လေယီလာ ဆရာရတ် က ပြောသည်။ တံခါးကို ဖွင့်ပေးရန်လျှောက်သွားသော အခြားကျောင်းသူတစ်ဦးက သူ့လက်ထဲမှာ သေနတ်ကိုင်ထားတာကို တွေ့တဲ့အခါ နောက်သို့ ခုန်ဆုတ်သွားသည်။ “ကျွန်မတို့က သူ့ကို ဝင်ခွင့်မပြုဘူးဆိုတာကို သူက မြင်ခဲ့တယ်ထင်တယ်” ဟု လေယီလာ ကပြောသည်။ “ကျမဘေးက စာသင်ခန်းက တံခါးပွင့်နေတယ်ထင်တယ်၊ သူက အဲဒီစာသင်ခန်းထဲမှာစပြီး ပစ်တယ်ထင်တယ်” ပထမတော့ သူမဟာ သေနတ်သံ ၁၀ ချက်ကနေ ၁၅ ချက်ထိ ပစ်ခတ်တဲ့ ပေါက်ကွဲသံကို ကြားလိုက်ရတယ်လို့ CNN သတင်းဌာနကို ပြောခဲ့ပြီး နောက် သူဟာ တယောက်ပြီး တယောက်ကို ပစ်ခတ်မှုမျိုး ဖြစ်သွားခဲ့ပါတယ်ဟုဆိုသည်။

ကျောင်းသားများသည် ကြမ်းပြင်ပေါ်သို့ဝပ်တွားကာ အခန်းထောင့်သို့ တွားသွားခဲ့ကြောင်း လေယီလာက ဆိုသည်။ “ဒါက သူစီစဉ်ထားသလို မဖြစ်တဲ့သဘောပါပဲ သူက ကျွန်မတို့အခန်းတံခါးကို မပစ်တာက သေနတ်နဲ့ တကယ်ကျွမ်းဝင်ပုံမရှိ ဖြစ်ပုံရတယ်။ ကျွန်မတို့အခန်းထဲ မဝင်နိုင်ဘူး ဆိုတာတွေ့တာနဲ့ နောက်တစ်ခန်းကို သူက သွားတယ်။”

နောက်ဆုံးအကြောင်းအရာများ

အထက်တန်းကျောင်းသည် အစောပိုင်းက ဖုန်းခြိမ်းခြောက်မှုတစ်ခု လက်ခံရရှိခဲ့ကြောင်း ဥပဒေစိုးမိုးရေးအရာရှိ အများအပြားက CNN သို့ ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဖုန်းခေါ်ဆိုမှုတွင် စာသင်ကျောင်းငါးကျောင်းတွင် ပစ်ခတ်မှုဖြစ်နိုင်ကြောင်း သတိပေးခဲ့ပြီး အပလေချီ (Apalachee) သည် ပထမဆုံးဖြစ်လာမည် ဖြစ်သည်ဟုဆိုသည်။ ဘယ်သူက ဖုန်းခေါ်ခဲ့သည်ကိုမူ မသိခဲ့ကြပါ။ စုံစမ်းစစ်ဆေးသူများသည် သံသယရှိသေနတ်သမားအား စကားပြောဆိုခဲ့ပြီး ၎င်း၏မိသားစုကိုလည်း အဆက်အသွယ်ထား ရှိခဲ့ကြောင်းစမစ်က ပြောကြားခဲ့သည်။

တိုက်ခိုက်သူသည် ၎င်း၏သတ်ဖြတ်မှုကိုခံခဲ့ရသည့်သူများနှင့် ဆက်နွှယ်မှုရှိမရှိ ချက်ခြင်းမသိရသေးကြောင်း ရဲမှူးက ပြောကြားသော်လည်း တာဝန်ရှိသူများက ၎င်းသည် စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု အလေးပေးပြောကြားခဲ့သည်။ ဘာရိုး (Barrow) ကောင်တီရှိ ကျောင်းများကို ကျန်အပတ်တွင် ပိတ်မည်ဖြစ်သည်။ အမေရိကန်တွင် ယခုနှစ်အတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၃၈၅ ခုထက်မနည်း ခံစားခဲ့ရပြီး CNN က ၄ ဦးနှင့်အထက်သတ်ဖြတ်မှုအား အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုဟု သတ်မှတ်သည့် သေနတ်နှင့်အကြမ်းဖက်မှု မှတ်တမ်း(Gun Violence Archive) အရ သိရသည်။ ၎င်းသည် နေ့စဉ် ပျမ်းမျှ အစုလိုက် အပြုံလိုက်ပစ်ခတ်မှုသည် ၁.၅ အထက် ဖြစ်ပါသည်။

ကျောင်းသားက သူ့အမေကို ‘ကြောက်တယ်’ ဟု မက်ဆေ့ချ်ပို့။

ဗုဒ္ဓဟူးနေ့နံနက်က အီယန် ကလပ် (Erin Clark) သည် အပလေချီ (Apalachee) အထက်တန်းကျောင်းတွင် အတန်းတက်နေသော အကြီးတန်းကျောင်းသား တစ်ဦးဖြစ်သူ သူ့သားထံမှ မက်ဆေ့ချ်များ အစီအရီ ရရှိသည့်အချိန်က သူ၏အလုပ်တွင် ရှိနေသည်။ “ကျောင်းမှာပစ်ခတ်မှု ဖြစ်နေတယ်” “ကျွန်တော် ကြောက်တယ်” ဟု ရေးသားခဲ့သည်။ “ကျေးဇူးပြုပြီး” “ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး” ဟု မက်ဆေ့ခ်ျတွေမှာ သူက ပျာယာခတ်ပြီး ရေးလိုက်ပါသည်။ “အမေ အလုပ်က ထွက်လာခဲ့တော့မယ်” ဟု ကလပ်က ပြန်ဖြေသည်။

“ကျွန်တော်အမေ့ကို ချစ်တယ်” ဟု သူ့သား အီသန်ဟန်နေ (Ethan Haney) အသက် ၁၇ နှစ်က စာရေးခဲ့ပါသည်။ “အမေကလည်း ချစ်ပါတယ် ကလေးရယ်” ဟု သူ့အမေက အထက်တန်းကျောင်းကို ပြေးမလာခင် စာပြန်ပို့ခဲ့သည်။ သားဖြစ်သူက စာသင်ခန်းတံခါးကို မပိတ်ခင် သေနတ်သံ ရှစ်ချက် သို့မဟုတ် ကိုးချက် ကြားခဲ့ရပြီး အခြားအတန်းဖော်များ၏ အကူအညီဖြင့် တံခါးကို ပိတ်ရန် ထိုင်ခုံများနှင့် စားပွဲများကို ရွှေ့လိုက်ကြောင်း ကလပ်က CNN သို့ ပြောကြားခဲ့သည်။ ကလပ်သည် သူမသား၏ စာများကို ဖတ်မိသောအခါ သူမသည် “လုံးဝတုန်လှုပ်သွားရတယ်” ဟု CNN သို့ပြောသည်။ “သူဘေးကင်းပါစေလို့ ဆုတောင်းနေခဲ့တယ်” ဟု သူမက ဆိုပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက