နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်

စက်တင်ဘာလ (၉)ရက်။

ဒီကနေ့ နံနက် (၁၀)နာရီ‌ကျော်အချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Freedom Youth Volunteers(FYV)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဒီကနေ့ နံနက် (၁၀)နာရီ (၂၅)မှာ တစ်လုံးနဲ့ (၃၀)မိနစ်မှာ တစ်လုံး လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ (၂)ကြိမ် ဗုံးကြဲသွားတယ်။ ဗုံးကြဲသွားတဲ့နေရာက ထွေအုပ်ရုံးနဲ့ ဗျူဟာလမ်းဘက်ကို” လို့ FYV က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ကို လေယာဉ်နဲ့ ဗုံး (၂)ကြိမ် လာရောက်ကြဲချခဲ့ကာ ထွေအုပ်ရုံးနဲ့ ဗျူဟာလမ်းအောက်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

“ ဒီနေ့ ဗုံးထပ်ကြဲတာမှာ လူထိခိုက်တာရှိပါတယ်။ အတိအကျတော့ သေချာမသိရသေးဘူး။ ဗုံးကြဲပြီးနောက် စစ်ကောင်စီ လေယာဉ်က လားရှိုးဧရိယာမှာ ပျံဝဲနေတာမို့ ရပ်ကွက် (၉)နဲ့ (၁၀)က ပြည်သူတွေ ဂရုစိုက်နေကြပါ” လို့ FYV က အသိပေးထားပါတယ်။

မနေ့က စက်တင်ဘာလ (၈)ရက်နေ့ကလဲ စစ်ကောင်စီဟာ လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရပ်ကွက် (၁၂)ရှိ အားကစားရုံနဲ့ Silver Sky ဟိုတယ်အနီး ကျရောက်ပေါက်ကွဲခဲ့ကာ မော်တော်ယာဉ်အများအပြားနဲ့ ဟိုတယ်အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ လားရှိုးမြို့အပါအ၀င် တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအ၀င် အစုလိုက်အပြုံလိုက် သေဆုံးတာ‌တွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလို တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နေရာတွေကို လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်တာဟာ ပြည်သူတွေရဲ့ အသက်နဲ့ သေဆုံးတာကို ဂရုမစိုက်သလို မြို့နေပြည်သူတွေကို စိုးရိမ်ထိတ်လန့်စေတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မှော်ဘီလေတပ်စစ်ဆင်ရေးထဲ Dark Shadow တပ်သား (၂)ဦး ဖမိးဆီးခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 7 Views
စက်တင်ဘာလ (၁၈)ရက်။ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် ရဲဘော်တပ်သား (၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Dark Shadow ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရန်ကုန် အင်းစိန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 11 Views
စက်တင်ဘာလ (၁၈)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က အင်းစိန်မြို့ရှိ စစ်ကောင်စီရဲ့ ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

ကန့်ဘလူနယ်ထဲ စစ်ရှုံးစစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 9 Views
စက်တင်ဘာလ (၁၈)ရက်။ စစ်ရှုံးစစ်ကောင်စီဟာ ကန့်ဘလူမြို့နယ်ရှိ မလည်တိုက်နယ်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ People’s Defense Comrade(PDC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်းအချိန်ကစပြီး စစ်ရှုံးစစ်ကောင်စီဟာ တံတားဦးလေတပ်ကနေ Mi-35p တိုက်ခိုက်ရေးလေယာဉ်နဲ့
မြန်မာသတင်း

ပုသိမ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ အထူးရဲတစ်ဦးက ဓါးထိုးထွက်ပြေးကာ ရဲမှူးတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 8 Views
စက်တင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၄)နာရီအချိန်က ပုသိမ်မြို့မှာ သတင်းရဲတပ်ဖွဲ့(SB)တစ်ဦးကို ဖမ်းဆီးစစ်ဆေးချိန် ဓါးထိုးထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ပုသိမ်က SB ဇော်ကြီးကို ရန်ကုန်ကဆင်းလာတဲ့ အထူးစစ်ဆေးရေးအဖွဲ့က ၀င်ရောက်စစ်ဆေးတဲ့အချိန်
မြန်မာသတင်း

မိတ္ထီလာမြို့ရှိ စစ်ကောင်စီရဲကင်း ဖောက်ခွဲတိုက်ခိုက်ခံရ၊ ရဲ (၃)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 11 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်လမ်းဆုံရှိ စစ်ကောင်စီရဲကင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နံနက် (၈)နာရီလောက် နန်းတော်ကုန်းလမ်းနဲ့ ကန်ပတ်လမ်း လမ်းဆုံ
မြန်မာသတင်း

တပ်ကုန်းမြို့ ချောင်းခြားရွာက လူ (၁၀၀)ကျော် အစာအဆိပ်သင့်ကာ ဆေးကုသနေရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 5 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၁၀)နာရီခန့်က တပ်ကုန်းမြို့ရှိ ချောင်းခြားရွာက လူဦးရေ (၁၀၀)ကျော် အစာအဆိပ်သင့်တာကြောင့် ဆေးရုံတွေမှာ ဆေးကုသတာတွေ ခံယူနေရတယ်လို့ ကူညီပေးနေသူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနေ့က အလှူရှင်တွေ လာလှူတဲ့
မြန်မာသတင်း

ထန်တလန်မြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 7 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနေ့က ညနေ (၃)နာရီနဲ့ (၄)နာရီကြားမှာ စစ်ကောင်စီတွေ အခြေချတပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို
မြန်မာသတင်း

မိုးသည်းထန်စွာရွာမှာကို မမှန်းဆမိခဲ့တဲ့အတွက် အထိအခိုက်များပြားခဲ့တာလို့ စစ်ခေါင်းဆောင် ၀န်ခံ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 15 Views
စက်တင်ဘာလ (၁၈)ရက်။ သတိပေးတာတွေရှိပေမယ့် အချိန်တိုထဲ မိုးသည်းထန်စွာ ရွာသွန်းမှာကို မမှန်းဆခဲ့မိကြတာကြောင့် အထိအခိုက် များပြားခဲ့တာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ သဘာ၀ဘေးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သဘာ၀ဘေးဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)ထဲ