စက်တင်ဘာလ (၉)ရက်။
တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ပြည်သူ့လုံခြုံရေးဖိုရမ်တက်ရောက်ဖို့ စစ်ကောင်စီပြည်ထဲရေး၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့် မနေ့က သွားရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးဖိုရမ်ကို တရုတ်နိုင်ငံ ကျွန်းစုပြည်နယ်ရှိ လျန်ယွင်ကန်မြို့မှာ စက်တင်ဘာလ (၈)ရက်နေ့ကစပြီး (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့လုံခြုံရေးဖိုရမ်ကို တရုတ်နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေးဆိုင်ရာ၀န်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ တက်ရောက်တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့လုံခြုံရေးဖိုရမ်ကို စစ်ကောင်စီပြည်ထဲရေး၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ကာ ပြည်ထဲရေးက အရာရှိတွေက အဖွဲ့၀င်တွေအနေနဲ့ ပါ၀င်လိုက်ပါခဲ့တယ်လို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ တရုတ်နိုင်ငံ ရွှေလီမြို့ရဲ့ နိုင်ငံတော်လုံခြုံရေးကော်မတီက TNLA ကို အပစ်ရပ်ဖို့ ခြိမ်းခြောက်စာပေးပို့ခဲ့တဲ့အပေါ် ကန့်ကွက်ဝေဖန်တာတွေရှိခဲ့သလို တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ အရေးယူပိတ်ဆို့ဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုထားတယ်လို့ သိရပါတယ်။