နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကြို့ပင်‌ကောက်မြို့မှာ ဖြန့်ကျက်တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး (၇)ဦးသေဆုံးခဲ့

စက်တင်ဘာလ (၉)ရက်။

စက်တင်ဘာလ (၇)ရက်နေ့ နံနက် (၅)နာရီအချိန်က ကြို့ပင်ကောက်မြို့မှာ ဖြန့်ကျက်ထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Black Dragon(GBK-PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င် အင်အား (၂၀)ခန့်နဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပျူစောထီး‌ခေါင်းဆောင် စောမင်းနိုင် ဦးဆောင်တဲ့ ပျူစောထီး (၁၅)ဦးခန့်ဟာ ကွင်းချောင်းရွာက နေရာ (၃)ခုမှာ ဖြန့်ကျက်တပ်စွဲထားတာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဖြန့်ကျက်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ (၂)နာရီခန့်ကြာ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့၀င် (၄)ဦးနဲ့ ပျူစောထီး (၃)ဦး စုစုပေါင်း (၇)ဦးသေဆုံးခဲ့ကာ တော်လှန်ရေးရဲဘော်တစ်ဦး လက်နက်ကြီး ပစ်ခတ်ချိန် ချို့ယွင်းမှုဖြစ်ပြီး ကျဆုံးခဲ့သလို လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတွေကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ(၁) Dragon Brothers GBK-PDF၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)၊ တပ်ခွဲ(၆) Black Dragon GBK-PDF နဲ့ တပ်ရင်း (၃၈၀၁) တပ်ခွဲ(၁) YOMA GBK-PDF၊ တပ်ခွဲ(၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ(၆)  AYEYAR NYI NAUNG စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့လဲ သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၄)သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 17 Views
ဇွန်လ (၁၂)ရက်။ ဇွန်လ (၁၀)ရက်နေ့ ည (၉)နာရီ (၄၅)မိနစ်အချိန်က ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို
မြန်မာသတင်း

နမ္မတူမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 12 Views
ဇွန်လ (၁၂)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီကျော်အချိန်က နမ္မတူမြို့ မန်လီရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး
မြန်မာသတင်း

ပုလဲမှာ ပစ်ချခံရတဲ့ စစ်ကောင်စီ တိုက်လေယာဉ် အပျက်အစီးနဲ့ ရုပ်အလောင်းတွေကို PLA ထပ်မံထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 21 Views
ဇွန်လ (၁၁)ရက်။ ပုလဲမြို့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲထဲ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်အပျက်အစီးနဲ့ ရုပ်အလောင်းတွေကို PLA က ဒီကနေ့မှာ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပစ်ချခံရတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ ကျေးရွာတရွာထဲ ထိုးစိုက်ဆင်းသွားပြီး ပျက်စီးသွားတဲ့ လေယာဉ်အမျိုးအစားကိုတော့
မြန်မာသတင်း

ပေါက်ခေါင်းမြို့ရှိ ကျေးရွာတွေကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 22 Views
ဇွန်လ (၁၁)ရက်။ ဇွန်လ (၃)ရက်နေ့ နံနက် (၉)နာရီအချိန်က ပေါင်ခေါင်းမြို့ရှိ ကျေးရွာတွေကို မီးရှို့ပြီးထွက်လာတဲ့ အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ PPDF-၃၆၀၁တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပေါက်ခေါင်းမြို့နယ်အပိုင်ထဲက ကျေးရွာတွေကို
မြန်မာသတင်း

ဖယ်ခုံနယ်အစပ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ရေးသတိပေးချက်တွေကို လိုက်နာဖို့ ဖယ်ခုံ-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 20 Views
ဇွန်လ (၁၁)ရက်။ ဖယ်ခုံအင်းအရှေ့ခြမ်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို စစ်ကောင်စီတပ်နဲ့ PNA ပြည်သူ့စစ်တို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဖယ်ခုံ-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံနဲ့ ညောင်ရွှေထိစပ်နေတဲ့
မြန်မာသတင်း

ကျုံဒိုးမြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦးသေဆုံးပြီး (၂၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 14 Views
ဇွန်လ (၁၁)ရက်။ ဇွန်လ (၉)ရက်နေ့ နေ့လယ် (၁)နာရီ (၄၅)မိနစ်အချိန်က ကျုံဒိုးမြို့ ပိုင်ရပ်ကျေးရွာထဲကို စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က
မြန်မာသတင်း

NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တာဝန်ကနေ အနားယူ

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 20 Views
ဇွန်လ (၁၁)ရက်။ NUG သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ဟာ တာဝန်ကနေ အနားယူသွားခဲ့တယ်လို့ ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကို မနေ့ကစပြီး ပြောရေးဆိုခွင့်ရှိသူတာဝန်ကနေ အနာယူခွင့်ပြုလိုက်တာလို့
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင်ထဲက စစ်ကောင်စီရဲ့ ပွိုင့်(၂၅၆၆) ရှေ့တန်းစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 20 Views
ဇွန်လ (၁၀)ရက်။ ဒီကနေ့ မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ အမိုနယ်စပ် (သို့မဟုတ်) ပွိုင့်(၂၅၆၆) ရှေ့တန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ အမိုနယ်စပ် (သို့) ပွိုင့်(၂၅၆၆) ရှေ့တန်းစခန်းကို မြိတ်-ထားဝယ်ခရိုင်ထဲ