နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပန်ဝါပြည်သူ့စစ်ခေါင်းဆောင်ရဲ့ စစ်မိန့်က မထုတ်ပြန်သင့်တဲ့ စစ်မိန့်လို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

စက်တင်ဘာလ (၁၀)ရက်။

ပန်ဝါပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းထုတ်ပြန်ခဲ့တဲ့ စစ်မိန့်က မထုတ်ပြန်သင့်တဲ့ စစ်မိန့်လို့ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒီကနေ့မှာ သူ့ရဲ့လူမှုကွန်ရက်ကနေ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ (၇)ရက်နေ့ရက်စွဲနဲ့ ကချင်ပြည်နယ်အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက KIA နဲ့ PDF တွေကို တိုက်ခိုက်ချေမှုန်းဖို့ စစ်မိန့်ထုတ်ပြန်ခဲ့တာကို ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုခဲ့တာပါ။

ဦးဇခုန်တိန့်ယိန်းရဲ့ စစ်မိန့်ထုတ်ပြန်ချက်ထဲ နယ်ခြားစောင့်တပ်ဖွဲ့ (၁၀၀၁)၊ (၁၀၀၂)၊ (၁၀၀၃) တပ်ဖွဲ့မှူးတွေနဲ့ ‌ပြည်သူ့စစ်တွေအနေနဲ့ ဒေသကို ၀င်ရောက်လာတဲ့ KIA နဲ့ PDF တွေကို ခုခံချေမှုန်းဖို့ ဖော်ပြထားတာပါ။

KIA နဲ့ PDF တွေ ၀င်ရောက်လာတာကြောင့် ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းဖို့နဲ့ ပြန်လည်ထွက်ခွာခွင့်မပေးဖို့ စစ်မိန့်ပေးထားတာကို မထုတ်ပြန်သင့်တဲ့ စစ်မိန့်အနေနဲ့ မှင်နီတားကာ ပြန်လည်တုန့်ပြန်ထားတာလို့ ဆိုပါတယ်။

KIO/KIA အနေနဲ့ မတ်လပိုင်းကစပြီး ကချင်ဒေသထဲ စစ်ဆင်ရေးတွေ စတင်ခဲ့ကာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်(BGF)တွေကို စစ်ရေးပစ်မှတ်အနေနဲ့ သတ်မှတ်တိုက်ခိုက်ခဲ့သလို လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းမှာ ဝိုင်းမော်နဲ့ ချီဖွေလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း‌တွေအပါအ၀င် လက်အောက်ခံ ပြည်သူ့စစ်စခန်းနဲ့ နယ်ခြားစောင့်စခန်း(BGF)စခန်း စုစုပေါင်း (၂၀)ခန့်ကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 14 Views
ဒီဇင်ဘာလ (၁၈)ရက်။ အခု(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာသတင်း

လူမှုကွန်ရက်စာမျက်နှာအချို့ကနေ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 16 Views
ဒီဇင်ဘာလ (၁၈)ရက်။ Twitch၊ Facebook၊ YouTube နဲ့ MediaFire တို့ကနေ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရတယ်လို့ Justice
မြန်မာသတင်း

လှိုင်မြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပိတောက်ချောင်းနယ်မြေရဲစခန်း မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 16 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၃)နာရီ (၄၅)မိနစ်အချိန်က လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ ပိတောက်ချောင်းနယ်မြေရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဘုရင့်နောင်လမ်းပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စခတွေ
မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ NUCC ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 16 Views
ဒီဇင်ဘာလ (၁၈)ရက်။ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ NUCC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို တော်လှန်ရေးတပ်တွေအကြား ဘုံရည်မှန်းချက်၊ ဘုံလမ်းစဉ်တွေနဲ့ အခြေခံပြီး မဟာမိတ်စုဖွဲ့တာ၊ ပူးတွဲကွပ်ကဲမှုတွေ တည်ဆောက်တာက တော်လှန်ရေးအောင်ပွဲဆီ ပိုမိုတည့်မတ်စွာ
မြန်မာသတင်း

ရွေးကောက်ပွဲသတိပေးတဲ့အနေနဲ့ ဂန့်ဂေါရှိ စစ်ကော်မရှင်ရဲ့ ခလရ(၅၀)တပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 12 Views
ဒီဇင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ ခလရ(၅၀)တပ်ဘက်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဂန့်ဂေါ ခလရ(၅၀)တပ်ဘက် ရှော့တိုက်ဒုံး (၃)လုံး ပစ်ခတ်ခံရတာ။ ဒါပေမယ့်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီ က ပြောကြားလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 38 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီက အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။ ယင်းမှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်
မြန်မာသတင်း

မင်းလက်ပံခြံဝင်းထဲ ကျားဖြန့်လုပ်သားတွေ ကင်းစင်သွားကာ ခြံဝင်းကို ချိတ်ပိတ်သိမ်းလိုက်ပြီလို့ KNU ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 44 Views
ဒီဇင်ဘာလ (၁၇)ရက်။ သောရင်မြစ်သဲသောင်ပြင်မှာ စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသား ကျားဖြန့်လုပ်သားတွေအားလုံး ထိုင်းနိုင်ငံဘက်ကို အပြီးသတ် ထွက်ခွာသွားပြီလို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဲသောင်ပြင်မှာ စောင့်ဆိုင်းနေသူတွေဟာ တိုက်ပွဲအရှိန် ပိုမိုပြင်းထန်လာတာကြောင့် နေ့တိုင်းလိုလို အရဲစွန့်ပြီး
မြန်မာသတင်း

ရွေး‌ကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၂၀၀)ကျော်အထိရှိလာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 26 Views
ဒီဇင်ဘာလ (၁၇)ရက်။ ရွေးကောက်ပွဲ ပျက်ပြားအောင် နှောင့်ယှက်တာကြောင်ဆိုပြီး ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၂၂၉)ဦးအထိရှိလာတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပြဋ္ဌာန်းပြီးနောက် ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ အရေးယူမှု (၁၄၀)မှာ အမျိုးသား (၂၀၁)ဦးနဲ့