Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 2 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီပြည်ထဲ ရေဘေးသင့်ပြည်သူ (၃၀၀၀၀)နီးပါး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ Karenni-IEC ထုတ်ပြန်

စက်တင်ဘာလ (၁၄)ရက်။

ကရင်နီပြည်ထဲ ယာယီရွှေ့ပြောင်းနေရတဲ့ ရေဘေးသင့်ပြည်သူ (၂၈၇၃၅)ဦးအတွက် အခြေခံစားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ (၉)ရက်နေ့ကစပြီး ကရင်နီပြည်မှာ ရက်သတ္တပတ်ထဲ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေဟာ လွိုင်‌ကော်၊ ဒီမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့တို့မှာ ကြုံနေရတယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံတာတွေကြောင့် ကျေးရွာအချို့နဲ့ စစ်ရှောင်စခန်းတွေ၊ လယ်ယာစပါးစိုက်ခင်းတွေ၊ ပျိုးခင်းတွေ ရေလွှမ်းပျက်စီးခဲ့ကာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ရေကြီးရေလျှံတာကြောင့် ဖယ်ခုံမြို့မှာ စစ်ရှောင်စခန်း (၃/ခု၊ လူဦးရေ (၂၆၀၀)ကျော် ရေဘေးသင့်ကာ တောင်ကျရေစီးကာ မြေပြိုတာကြောင့် (၃)ဦးသေဆုံးခဲ့ပြီး နေအိမ် (၂၅)လုံးခန့် ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့က ရွာ (၃)ရွာနဲ့ စစ်ရှောင်စခန်း (၁)ခုမှာ လူဦးရေ (၅၀၀၀)ခန့်၊ ဒီမော့ဆိုနဲ့ ဖရူဆိုမှာ စစ်ရှောင်တွေအပါအ၀င် (၂၀၀၀၀)ဦးခန့်နဲ့ ရှားတောမြို့မှာ (၁၃၃၅)ဦးခန့် ရေဘေးသင့်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ ယာယီရွှေ့ပြောင်းနေထိုင်ရသူ လူဦးရေ (၂၈၇၃၅)ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စတဲ့ အခြေခံစားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ လိုအပ်နေပြီး အိမ်ထောင်စု (၅၇၄၇)စုအတွက် မိုးကာ၊ ဝါးနဲ့ သွပ်ကြိုး လိုအပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးရာသီရောက်လာတာကြောင့် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 2 Views
‌ဇွန်လ (၂)ရက်။ မိုးရာသီရောက်လာတာကြောင့် စစ်ဆင်ရေးဒေသတွေမှာ ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားတာတဲ့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 7 Views
ဇွန်လ (၂)ရက်။ KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ (၄)နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တလတာထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 9 Views
ဇွန်လ (၂)ရက်။ ပြီးခဲ့တဲ့ မေလထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီး (၈၆)ဦးနဲ့ အမျိုးသား (၆၆)ဦးဖြစ်ကာ (၃)လအရွယ်
မြန်မာသတင်း

အပစ်ရပ်ကာလထပ်တိုးတယ်ဆိုတဲ့ စစ်ကောင်စီက စဉ့်ကူးမြို့ကို လေကြောင်းတိုက်ခိုက်၊ အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 7 Views
‌ဇွန်လ (၂)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန် စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာရှိ Lucky 7 ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီ (၃၂)မိနစ်လောက်
မြန်မာသတင်း

မုံရွာမှာ ပြည်သူ့ကားတွေကို ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 8 Views
‌ဇွန်လ (၂)ရက်။ မနေ့က နံနက် (၁၁)နာရီ (၁၁)မိနစ်အချိန် မုံရွာမြို့ အထက(၁)ကျောင်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army(TPA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ မုံရွာ အထက(၁)ကျောင်းကနေ
မြန်မာသတင်း

PNLA ရဲဘော်လေးဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 155 Views
ဇွန်လ (၁) ရက်။ ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ စီဆန်မြို့အနီးတွင် စစ်သုံ့ပန်း အကျဉ်းသား လေးဦးအား စစ်ကောင်စီ စစ်သားတစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ခဲ့ပြီး နောက်မှပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာသည်။ စစ်ကောင်စီ မြန်မာ့တပ်မတော်
မြန်မာသတင်း

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်ကို မသမာသူတစုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စီးနင်းမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 35 Views
ဇွန်လ (၁)ရက်။ မေလ (၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ယောကာကွယ်ရေးတပ် (YDF) ရဲ့ အမှတ် (၁) လေ့ကျင့်ရေး စခန်းနဲ့ ထောင်ကို မသမာသူတစ်စုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့တယ်လို့ YDF ရဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့ တပ်မ(၃၃)ဌာနချုပ် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ BWM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 25 Views
ဇွန်လ (၁)ရက်။ မနေ့က စစ်ကိုင်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲတယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ရှုံးကောင်စီရဲ့ အမှတ်(၃၃)