စက်တင်ဘာလ (၁၉)ရက်။
ရန်-မန်းစစ်ဆင်ရေးအနေနဲ့ ရန်ကုန်နဲ့ မန္တလေးက တော်လှန်ရေးမဟာမိတ်တွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။
ရန်-မန်းစစ်ဆင်ရေးကို Operation Flame(OF)Yangon နဲ့ Operation Flame(OF)Mandalay မြို့ပြပြောက်ကျားရဲဘော်တွေက လက်တွဲ ပူးပေါင်းတိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။
ရန်-မန်းစစ်ဆင်ရေးအနေနဲ့ စက်တင်ဘာလ (၅)ရက်နေ့က စစ်တပ်လက်အောက်ခံ မြောက်ဥက္ကလာပရဲစခန်းကို ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာထဲ စစ်ကောင်စီဘက်က ထိခိုက်ခဲ့ပြီး စက်တင်ဘာလ (၁၇)ရက်နေ့ကလဲ မန္တလေးမြို့၊ နန်းတွင်းထဲကို ရှော့တိုက်ဒုံးတွေနဲ့ (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီစခန်းထဲ ထိခိုက်ပေါက်ကွဲတာတွေရှိခဲ့ပြီး လူနာတင်ကားတွေ အ၀င်အထွက်ရှိခဲ့သလို မြို့ထဲက စစ်ကောင်စီတပ်တွေ ရမ်းသန်းပစ်ခတ်တာနဲ့ အင်အားသုံးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တော်လှန်ရေးပူးပေါင်းမဟာမိတ်တွေအနေနဲ့ စစ်ဆင်ရေးတွေ အောင်မြင်ခဲ့ပြီး အဖွဲ့သားတွေအားလုံး ဘေးကင်းရာကို အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။